Connect with us

Hi, what are you looking for?

News

မြန်မာစစ်တပ်ကို လက်နက်တင်ပို့မှုရပ်တန့်​ရေးမဲခွဲဆုံးဖြတ်​မှုအဆို ကုလ​ရွှေ့ဆိုင်း

မြန်မာစစ်တပ်သို့ လက်နက်တင်ပို့မှုရပ်တန့်ရေးအဆိုကို ကုလသမဂ္ဂအထွေထွေညီလာခံ၌ ယနေ့ မဲခွဲဆုံးဖြတ်ရန် စီစဉ်ထားသော်လည်း ယင်းအစီအစဉ်ကို ရွှေ့ဆိုင်းလိုက်ကြောင်း သံတမန်များက AFP သတင်းဌာနသို့ပြောကြားသည်။

၂၀၁၈ တွင် ကုလအထွေထွေညီလာခံကျင်းပစဉ်

အဖွဲ့ဝင်နိုင်ငံ ၁၉၃ နိုင်ငံပါဝင်သော ညီလာခံ၏ အများစုဆုံးဖြတ်ချက်ဖြင့် မြန်မာစစ်တပ်သို့လက် နက်တင်ပို့ရောင်းချခွင့်ပိတ်ပင်ရန်ကြိုးပမ်းခဲ့မှုသည် မျှော်လင့်ထားသကဲ့သို့ ထောက်ခံမှုမရခဲ့ ကြောင်း အမည်မဖော်လိုသူ သံတမန်တစ်ဦးက ပြောသည်။

ဆွေးနွေးညှိနှိုင်းရန် အချိန်ထပ်မံလိုအပ်နေပြီး အထူး သဖြင့် အရှေ့တောင်အာရှနိုင်ငံများနှင့် ဖြစ်သည်ဟု အခြားသံတမန်ရင်းမြစ်တစ်ဦးက ဆိုသည်။

ဗြိတိန်၊ ဥရောပသမဂ္ဂနှင့် အမေရိကန်အပါအဝင် နိုင်ငံပေါင်း ၄၈ နိုင်ငံ၏ ထောက်ပံ့မှုဖြင့် လက်ချင် စတိန်းနိုင်ငံက မြန်မာစစ်တပ်သို့လက်နက်တင်ပို့ရောင်းချခွင့်ပိတ်ပင်ရေးအဆိုမူကြမ်းကို ညီလာခံသို့တင်သွင်းရန်ကြိုးပမ်းခဲ့သည်။ ယင်းအဆိုမူကြမ်းကို အာရှတိုက်နိုင်ငံများအနက် တောင်ကိုရီးယားတစ်နိုင်ငံသာ ပါဝင်ထောက်ခံ လက်မှတ်ရေးထိုးခဲ့သည်။

ယင်းအဆိုမူကြမ်းကို ကုလသမဂ္ဂအထွေထွေညီလာခံမှ အတည်ပြုနိုင်ပါက စည်းနှောင်မှုမရှိသည့်တိုင် နိုင်ငံရေးအရအကျိုးသက်ရောက်မှုရှိမည်ဖြစ်သည်။ အဆိုမူကြမ်းသည် မြန်မာစစ်တပ်သို့ တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်ဖြစ်စေ ထောက်ပံ့ခြင်း၊ ရောင်းချခြင်း သို့မဟုတ် စစ်လက်နက်ပစ္စည်း များကို လွှဲပြောင်းခြင်း စသည်တို့ကို ချက်ချင်း ရပ်တန့်ရန် တောင်းဆိုထားခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

မြန်မာနိုင်ငံတွင် စစ်တပ်၏ အကြမ်းဖက်မှုများချက်ချင်းရပ်တန့်ရန် လိုအပ်ပြီး ကမ္ဘာ့နိုင်ငံများက တညီတညွတ်တည်း အရေးယူလုပ်ဆောင်ရန် လိုအပ်ကြောင်း ကုလလူ့အခွင့်အရေးဆိုင်ရာ အထူးအစီရင်ခံစာတင်သွင်းသူ Tom Andrews က တိုက်တွန်းထားသည်။

အထက်ပါညီလာခံခေါ်ယူမှုနှင့်ပတ်သက်၍လည်း အဆိုမူကြမ်းကို နိုင်ငံတိုင်းက ထောက်ခံပြီး ကုလလုံခြုံရေးကောင်စီသို့ ချက်ချင်းတင်ရန် ၎င်းက တိုက်တွန်းသည်။

လက်ရှိတွင် ဥရောပသမဂ္ဂ၊ ဗြိတိန်၊ အမေရိကန်၊ ကနေဒါနှင့် ဂျပန်နိုင်ငံတို့က မြန်မာစစ်တပ်ကို စစ်လက်နက်တင်သွင်းခွင့်ကို ပိတ်ဆို့အရေးယူထားသည်။

ကိုးကား – Frace24

ဆက်စပ်သတင်းများ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေ ဖာပွန်ခရိုင် တိုက်ပွဲမှာ စစ်ကောင်စီတပ်ထံက လက်နက်ငယ် ၃လက်သိမ်းရခဲ့ကြောင်း KNU တပ်မဟာ(၅) မူတြော်(ဖာပွန်)ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

Telenor ဌာနချုပ်ကို​နော်​ဝေရဲတွေနဲ့ စုံထောက်တွေက ဝင်ရောက်စစ်ဆေးရှာဖွေ

သတင်း

တော်လှန်ရေးကာလအတွင်းဘက်ပြောင်းခိုလှုံလာတဲ့ အာဏာသိမ်းစစ်တပ် စစ်သား‌တွေ က လက်နက်အလက် ၂၀ ၀န်းကျင်ယူလာခဲ့တယ်လို့ ဖယ်ခုံမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ် တပ်ရင်း-၂ ၊အမှတ်(၁၀၀၆)တပ်ရင်း ရဲ့တာ၀န်ရှိသူကပြောပါတယ်။

ဆောင်းပါး

FATFသည်စစ်တပ်ကအမေရိကန်၏အဓိကပြိုင်ဘက်နိုင်ငံများထံမှလက်နက်ဝယ်ယူရန် ငွေကြေးလမ်းကြောင်းများကိုတားဆီးနိုင်သည်။