Connect with us

Hi, what are you looking for?

News

စစ်ကောင်စီ သြဇာခံ PNO စစ်​​​ကောင်စီကိုကူရန်မိုးဗြဲဆည်အရှေ့ဘက်ကမ်းသို့ ရောက်နေဟု ဒေသခံပြော

အာဏာသိမ်းစစ်ကောင်စီ စစ်တပ်ကို အကူအညီပေးရန်အတွက် စစ်​ကောင်စီ သြဇာခံ ပြည်သူ့စစ် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)တပ်များ ဖယ်ခုံမြို့နယ်ရှိ မိုးဗြဲဆည် အရှေ့ဘက်ကမ်းသို့ ရောက်ရှိနေကြောင်း မိုးဗြဲဒေသခံတစ်ဦးက ပြောသည်။

“ကျွန်တော့သူငယ်ချင်းဖုန်းဆက်လာတယ်။မိုးဗြဲဆည်ရဲ့ အရှေ့ဘက်ကမ်းမှာ PNOတွေ ရွာထဲမှာလည်း ဝင်လာပြီတဲ့။ အင်အား ရာနဲ့ချီ ရှိတယ်တဲ့။အရှေ့ဘက်ကမ်းမှာ ညောင်ပင်သာ ၊ နမ့်ပေါ်လုံ၊ နောင်လိုင် တို့ အဲဒီရွာတွေရှိတယ်”ဟု ၎င်းကဆိုသည်။

ကယားပြည်နယ် ဒီးမောဆိုမြို့နယ်တွင် ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်နှင့် စစ်ကောင်စီတို့အကြား မေလ ၂၁ရက်မှစ၍ သုံးရက်ဆက် တိုက် ပွဲများ ဖြစ်ပွားပြီးနောက် စစ်ကောင်စီက ၎င်းး၏ ကွပ်ကဲမှုအောက်ရှိ ပအိုဝ်းပြည်သူ့စစ် PNO ကို စစ်အင်အားများ ပေးပို့ရန် တောင်း ထားကြောင်း သိရသည်။

PNOအနေဖြင့် စစ်ကောင်စီ၏ လက်ကိုင်တုတ် အဖြစ် မလုပ်သင့်ကြောင်း မိုးဗြဲဒေသခံက ပြောသည်။

“စစ်တပ်ရဲ့ လက်ကိုင်တုတ်လုပ်ပြီး ဒီမှာ ဝင်လာပြီဆိုရင် တော့ ကျွန်တော်တို့ ကရင်နီဘက်ကလည်း တိုင်းရင်းသားအချင်းချင်းဆိုပေမယ့် တိုက်စရာရှိ တိုက်ရမှာပဲ၊ ပြည်သူလူထုက ခုခံရမှာပဲ။ ဒီအပေါ်မှာ ကိုယ့်သမိုင်း ကိုယ်ရေးပေါ့”ဟု ဒေသခံက ပြောသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီအတွက် စစ်ကူလိုက်လာသည့် PNO တပ်နှင့် တိုင်းရင်းသား လက်နင်ကိုင် ကယန်းပြည်သစ် ပါတီ အကြား ထောက်ပို့ရွာအနီး တိုက်ပွဲဖြစ်ပွားခဲ့‌ေကြာင်း ကြားသိရသော်လည်း အတိအကျ အတည်မပြုနိုင်သေးဟု ၎င်းက ဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

ဆောင်းပါး

နောက်ကျိနေတဲ့မြစ်ရေတွေမြို့ထဲကို အရှိန်ပြင်းပြင်း စီးဝင်လာလို့ လူတွေက ဘေးလွတ်ရာထွက်ပြေးနေကြပါတယ်။ မြို့‌ကောင်းကင်ယံမှာက ရဟတ်ယာဉ်နဲ့ Y12လေယာဉ်၊ ဂျက်ဖိုက်တာတချို့ တဝီဝီပျံသန်းနေပါတယ်။

Facebook