Connect with us

Hi, what are you looking for?

LuduNwayOo

News

မြန်မာပြည်သူများ၏ ဆန္ဒနှင့် ​ရွေး​ကောက်ပွဲရလဒ်​ပြောင်းလဲရန်ကြိုးပမ်းမှု ရှုတ်ချသွားမည်ဟုအီးယူ​ကြေညာ

မြန်မာပြည်သူများ၏ ဆန္ဒကို ပယ်ဖျက်ရန်နှင့် ပြီးခဲ့သည့် အထွေထွေရွေးကောက်ပွဲရလဒ်ကို ပြောင်းလဲရန် ကြိုးပမ်းမှုအားလုံးကို ဥရောပသမဂ္ဂက ရှုတ်ချသွားမည်ဟု ထုတ်ပြန်ကြေညာသည်။

စစ်ကောင်စီက ခန့်အပ်ထားသော တရားမဝင်ရွေးကောက်ပွဲကော်မရှင်သည် ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရပါတီ အင်န်အယ်လ်ဒီကို ဖျက်သိမ်းရန်လုပ်ဆောင်မည်ဟု ထုတ်ဖော်ပြောကြားအပြီး ယင်းနှင့်ပတ်သက်၍ ဥရောပသမဂ္ဂ၏ မေလ ၂၃ ရက်သတင်းထုတ်ပြန်ချက်၌ ဖော်ပြခြင်းဖြစ် သည်။

“ဒီအဆိုပြုချက်(အင်န်အယ်လ်ဒီကိုဖျက်သိမ်းရန်)ကို ကော်မရှင်က ဆက်လုပ်မယ်ဆိုရင် မြန်မာ ပြည်သူတွေရဲ့ဆန္ဒနဲ့ ဥပဒေပိုင်ဆိုင်ရာလုပ်ငန်းစဉ်တွေအပေါ် အာဏာသိမ်းစစ်တပ်က ဗြောင်ကျ ကျလျစ်လျူရှုမှုကို ထပ်မံပြသလိုက်တာဖြစ်ပါလိမ့်မယ်” ဟု အီးယူက ဆိုသည်။

ပြီးခဲ့သည့် နိုဝင်ဘာရွေးကောက်ပွဲများသည် မြန်မာပြည်သူလူထု၏ဆန္ဒကို အခိုင်အမာထင်ဟပ် စေပြီး ယင်းအချက်ကို ပြည်တွင်းနှင့် နိုင်ငံတကာ လွတ်လပ်သော ရွေးကောက်ပွဲလေ့လာစောင့် ကြည့်သူများက အတည်ပြုပြီးဖြစ်ကြောင်း ဥရောပသမဂ္ဂ၏ထုတ်ပြန်ချက်၌ ဖော်ပြသည်။

စစ်တပ်၏ တစ်ဖက်သတ်အာဏာရှင်ဆန်သော ဆုံးဖြတ်ချက်နှင့် ၎င်းတို့၏ တရားမဝင်ခန့်အပ်ထားသော ရွေးကောက်ပွဲဆိုင်ရာကော်မရှင်အဖွဲ့ဝင်များက ၂၀၂၀ နိုဝင်ဘာ ရွေးကောက်ပွဲ ရလဒ်ကို မပယ်ဖျက်နိုင်ကြောင်း ဆက်လက်ဖော်ပြသည်။

Public Service Announcement

Public Service Announcement

“ဖိနှိပ်ခြင်း ဒါမှမဟုတ် အခြေအမြစ်မရှိတဲ့တရားစွဲဆိုခြင်းတွေက မြန်မာစစ်တပ်ရဲ့ တရားမဝင် အာဏာသိမ်းမှုကို တရားဝင်အသိအမှတ်ပြုမှု ရရှိစေမှာမဟုတ်ပါဘူး။ ပြည်သူလူထုရဲ့ဆန္ဒကို လေးစားခြင်းကသာ မြန်မာနိုင်ငံကို ဒီမိုကရေစီလမ်းကြောင်းပေါ် ရောက်ရှိစေမှာဖြစ်ပြီး တည် ငြိမ်မှုနဲ့ စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှုကို ရရှိစေမှာဖြစ်ပါတယ်” ဟု ဥရောပသမဂ္ဂက ထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန် ရွေးကောက်ပွဲကို နိုဝင်ဘာ ၅ ရက်နေ့မှာ ကျင်းပသွားမှာဖြစ်ပြီး လက်ရှိ အခြေအနေအရ မျက်နှာသစ် သမ္မတတစ်ဦး ထွက်ပေါ်လာမှာ မဟုတ်ကြောင်း သေချာသွားစေခဲ့ပါတယ်။

နိုင်ငံတကာ

ဂန်ဂျာရဲ့ အဖွဲ့ကတော့ ရွေးကောက်ပွဲမှာ စနစ်တကျ ကျူးလွန်တဲ့ မဲမသမာမှုတွေ ရှိခဲ့ကြောင်း စွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး စုံစမ်း စစ်ဆေးသွားမယ်လို့ ဆိုပါတယ်။

နိုင်ငံတကာ

ရွေးကောက်ပွဲအတွက် လူကြိုက်အများဆုံး ရေပန်းစားသူ တစ်ဦးဖြစ်တဲ့ ဝန်ကြီးချုပ်ဟောင်း အင်မ်ရန်ခန်းကလည်း ၂၀၂၄ ရွေးကောက်ပွဲမှာ ယှဉ်ပြိုင်ခွင့် တားမြစ် ခံထားရပြီး သူက နိုင်ငံရေးအရ လုပ်ကြံတာလို့ စွပ်စွဲခဲ့တဲ့ စွဲချက်တွေနဲ့ ထောင်ဒဏ် ချမှတ် ခံထားရပါတယ်။

သတင်း

၂၀၂၁ ဖေဖော်ဝါရီ ၁ တွင် မြန်မာစစ်တပ်သည် ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားသည့် အစိုးရကို ဖယ်ရှားခဲ့ပြီး ဆယ်စုနှစ်တစ်ခုစာ တိုးတက်ပြောင်းလဲမှုကို ဆိတ်သုဉ်းစေခဲ့ကြောင်း ဖော်ပြသည်။