Connect with us

Hi, what are you looking for?

News

မြန်မာပြည်သူများ၏ ဆန္ဒနှင့် ​ရွေး​ကောက်ပွဲရလဒ်​ပြောင်းလဲရန်ကြိုးပမ်းမှု ရှုတ်ချသွားမည်ဟုအီးယူ​ကြေညာ

မြန်မာပြည်သူများ၏ ဆန္ဒကို ပယ်ဖျက်ရန်နှင့် ပြီးခဲ့သည့် အထွေထွေရွေးကောက်ပွဲရလဒ်ကို ပြောင်းလဲရန် ကြိုးပမ်းမှုအားလုံးကို ဥရောပသမဂ္ဂက ရှုတ်ချသွားမည်ဟု ထုတ်ပြန်ကြေညာသည်။

စစ်ကောင်စီက ခန့်အပ်ထားသော တရားမဝင်ရွေးကောက်ပွဲကော်မရှင်သည် ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရပါတီ အင်န်အယ်လ်ဒီကို ဖျက်သိမ်းရန်လုပ်ဆောင်မည်ဟု ထုတ်ဖော်ပြောကြားအပြီး ယင်းနှင့်ပတ်သက်၍ ဥရောပသမဂ္ဂ၏ မေလ ၂၃ ရက်သတင်းထုတ်ပြန်ချက်၌ ဖော်ပြခြင်းဖြစ် သည်။

“ဒီအဆိုပြုချက်(အင်န်အယ်လ်ဒီကိုဖျက်သိမ်းရန်)ကို ကော်မရှင်က ဆက်လုပ်မယ်ဆိုရင် မြန်မာ ပြည်သူတွေရဲ့ဆန္ဒနဲ့ ဥပဒေပိုင်ဆိုင်ရာလုပ်ငန်းစဉ်တွေအပေါ် အာဏာသိမ်းစစ်တပ်က ဗြောင်ကျ ကျလျစ်လျူရှုမှုကို ထပ်မံပြသလိုက်တာဖြစ်ပါလိမ့်မယ်” ဟု အီးယူက ဆိုသည်။

ပြီးခဲ့သည့် နိုဝင်ဘာရွေးကောက်ပွဲများသည် မြန်မာပြည်သူလူထု၏ဆန္ဒကို အခိုင်အမာထင်ဟပ် စေပြီး ယင်းအချက်ကို ပြည်တွင်းနှင့် နိုင်ငံတကာ လွတ်လပ်သော ရွေးကောက်ပွဲလေ့လာစောင့် ကြည့်သူများက အတည်ပြုပြီးဖြစ်ကြောင်း ဥရောပသမဂ္ဂ၏ထုတ်ပြန်ချက်၌ ဖော်ပြသည်။

စစ်တပ်၏ တစ်ဖက်သတ်အာဏာရှင်ဆန်သော ဆုံးဖြတ်ချက်နှင့် ၎င်းတို့၏ တရားမဝင်ခန့်အပ်ထားသော ရွေးကောက်ပွဲဆိုင်ရာကော်မရှင်အဖွဲ့ဝင်များက ၂၀၂၀ နိုဝင်ဘာ ရွေးကောက်ပွဲ ရလဒ်ကို မပယ်ဖျက်နိုင်ကြောင်း ဆက်လက်ဖော်ပြသည်။

Public Service Announcement

Public Service Announcement

“ဖိနှိပ်ခြင်း ဒါမှမဟုတ် အခြေအမြစ်မရှိတဲ့တရားစွဲဆိုခြင်းတွေက မြန်မာစစ်တပ်ရဲ့ တရားမဝင် အာဏာသိမ်းမှုကို တရားဝင်အသိအမှတ်ပြုမှု ရရှိစေမှာမဟုတ်ပါဘူး။ ပြည်သူလူထုရဲ့ဆန္ဒကို လေးစားခြင်းကသာ မြန်မာနိုင်ငံကို ဒီမိုကရေစီလမ်းကြောင်းပေါ် ရောက်ရှိစေမှာဖြစ်ပြီး တည် ငြိမ်မှုနဲ့ စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှုကို ရရှိစေမှာဖြစ်ပါတယ်” ဟု ဥရောပသမဂ္ဂက ထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း ၊ နွားထိုးကြီးမြို့ အနောက်မြောက်ခြမ်းက ကျေးရွာတွေမှာ စစ်ကောင်စီတပ်နဲ့ ဒေသတွင်းတော်လှန်ရေးတပ်တွေကြား စစ်ရေး တင်းမာနေတယ်လို့သိရပါတယ်။

သတင်း

ဂျန်ဘာတပ်ဆင်ပြီးလုံခြုံရေး အ​စောင့်အ​ရှောက်နဲ့ မဲရုံတွေကို လိုက်လံစစ်ဆေးနေတဲ့ ကံမမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးပါတဲ့ စစ်ကောင်စီယာဉ်​တွေကို တိုက်ခိုက်မှုအတွင်း ကံမမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ဇော်မင်းနိုင်နဲ့ ယာဉ်မောင်းသေဆုံးကြောင်း ကံမမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ဇန်နဝါရီ-၁၃၊၂၀၂၆၊ရှိန်း/ People’s Spring မန္တလေးတိုင်း၊မြင်းခြံမြို့မှာ ‌‌‌‌‌‌‌‌‌‌‌ရွေးကောက်ပွဲပြုလုပ်မယ်ဆိုပြီး စစ်တပ်က မြို့အပြင်ဝန်းကျင်က အထပ်မြင့် အဆောက်အဦးကိုမှာ တပ်စွဲတာတွေပြုလုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ စစ်ကောင်စီဟာ လာမယ့် ဇန်နဝါရီ၂၅ ရက်မှာ ရွေးကောက်ပွဲအပိုင်း(၃)လုပ်မှာဖြစ်ပြီး မြင်းခြံမြို့လည်းပါဝင်ပါတယ်။ ရွေးကောက်ပွဲ မတိုင်ခင်တော်လှန်ရေးတပ်တွေက တိုက်ခိုက်မှာစိုးရိမ်ပြီး မြင်းခြံမြို့အပြင်က နေရာ တွေ၊အထပ်မြင့်တွေမှာ...

သတင်း

ကရင်နီပြည်နယ်ရှိ နေရာဒေသ (၁၀) နေရာကျော်မှာ ဒေသခံပြည်သူတွေ ပူးပေါင်းပြီး စစ်ကောင်စီရဲ့ရွေးကောက်ပွဲ ဆန့်ကျင်တဲ့ မီးထွန်းသပိတ်လှုပ်ရှားမှုကို ပြုလုပ်ခဲ့ပါတယ်။

Facebook