Connect with us

Hi, what are you looking for?

News

TTC မှာ ဆရာတစ်ဦး ကိုဗစ်နဲ့ဆုံးပြီး ဆရာမနှစ်ဦး ကူးစက်ခံထားရပေမယ့် ကျောင်းဆက်ဖွင့်ထား

Grade-8 က ကျောင်းဆရာ သေဆုံးပြီးတဲ့နောက် အခြား ဖျားနာနေတဲ့ ဆရာမ နှစ်ဦးကိုလည်း စစ်ဆေးတဲ့အခါမှာ ရောဂါပိုးတွေ့ရှိကြောင်း အတည်ပြုခဲ့တာဖြစ်ပါတယ်။

ကမာရွတ်မြို့နယ်က TTC မှာ Grade-8 ဆရာတစ်ဦး ကိုဗစ်နဲ့ သေဆုံးပြီးတဲ့နောက် အခြားဆရာမနှစ်ဦးမှာလည်း ရောဂါစစ်ဆေးတွေ့ရှိခဲ့တယ်လို့ အဲဒီကျောင်းက ဆရာ၊ ဆရာမ အသိုင်းအဝန်းက သတင်းရရှိပါတယ်။

Grade-8 က ကျောင်းဆရာ သေဆုံးပြီးတဲ့နောက် အခြား ဖျားနာနေတဲ့ ဆရာမ နှစ်ဦးကိုလည်း စစ်ဆေးတဲ့အခါမှာ ရောဂါပိုးတွေ့ရှိကြောင်း အတည်ပြုခဲ့တာဖြစ်ပါတယ်။

“ ကျောင်းက ဆက်ဖွင့်ထားပါတယ်။ ကလေးမိဘတွေကတော့ ကျောင်းမပို့ကြတော့ဘူး။ ဒါပေမယ့် ပို့နေသေးတဲ့ မိဘ တစ်ချို့လည်း ရှိနေသေးတယ်” လို့ TTC မှာ ဒီနှစ် ကျောင်းအပ်ထားပေမယ့် ကျောင်းမပို့ဖြစ်သေးတဲ့ ကလေးမိဘတစ်ဦးက ပြောပါတယ်။

ဆရာမနှစ်ဦး ရောဂါပိုးကူးစက်ခံထားရတာသေချာပြီး ကလေးတွေကို ကူးစက်မှု ရှိ၊ မရှိတော့ မသိရသေးပါဘူး။ TTC ကျောင်းရဲ့ ကူးစက်မှုအခြေအနေနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ ကျန်းမာရေးဝန်ကြီးဌာနကလည်း တစ်စုံတစ်ရာထုတ်ပြန်တာ မရှိသေးပါဘူး။

Public Service Announcement

Public Service Announcement

လှည်းကူးက ကိုယ်ပိုင်အထက်တန်းကျောင်းတစ်ခုမှာတော့ ဆရာ၊ ဆရာမနဲ့ ကျောင်းသူ ကျောင်းသားတွေ ဇွန် ၁၀ ရက်ကစလို့ အစုပြုံလိုက် ကိုဗစ်ကူးစက်ခံခဲ့ရပြီးတော့ ထုတ်ပြန်ချက်တွေအရ ၂၄၆ ဦးအထိရှိခဲ့တာဖြစ်ပါတယ်။ အဲဒီလိုအစုလိုက်အပြုံလိုက် ကူးစက်ခံရသူတွေထဲက ဆရာမတစ်ဦး ကွယ်လွန်ခဲ့တာဖြစ်ပါတယ်။

မေ ၂၇ ရက်ကစလို့ ကိုဗစ်ရောကူးစက်မှုလူနာသစ်တွေ နေ့စဉ်တွေ့လာရပြီးတော့ ဒီရက်ပိုင်းတွေမှာနေ့စဉ်တွေ့နှုန်းက ၂၀၀ ကျော်နဲ့ ၃၀၀ ကြားရှိနေတာလည်းဖြစ်ပါတယ်။

အခုလို ကျောင်းတွေမှာပါ ကူးစက်မှု၊ သေဆုံးမှုတွေဖြစ်နေပေမယ့်လည်း ကျောင်းတွေ ပိတ်ထားဖို့ ရှိ၊ မရှိ ထုတ်ပြန်ထားတာမရှိသေးပေမယ့် နဂိုထဲက ဒီနှစ် ကျောင်းအပ်တဲ့ မိဘနည်းလို့ အစိုးရကျောင်းတွေမှာ ကျောင်း၊ သားကျောင်းသူက မရှိသလောက်ဖြစ်နေတာပါ။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ကိုဗစ်ကပ်ရောဂါရဲ့ မူလအစနဲ့ ပတ်သက်လို့ ဖြစ်နိုင်ခြေ သီအိုရီ အားလုံးကို လမ်းဖွင့်ထားဆဲ ဖြစ်တယ်လို့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး (WHO)က ပြောပါတယ်။

နိုင်ငံတကာ

တစ်ပတ်အတွင်း လူ ၆ ဦး သေဆုံးခဲ့တဲ့နောက် ထိုင်းနိုင်ငံမှာ ကိုဗစ်ရောဂါနဲ့ ပတ်သက်ပြီး ပိုမို နိုးကြားကြဖို့ အာဏာပိုင်တွေက တိုက်တွန်းထားပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံမှာ ကိုဗစ်ရောဂါကူးစက်မှုတွေမြင့်တက်လာနေတဲ့အပေါ် ကျန်းမာရေး ပညာရှင် တစ်ဦးက သတိပေး ထောက်ပြခဲ့ပါတယ်။

သတင်း

စစ်​ကောင်စီက၂၀၂၂-၂၀၂၃ ဘဏ္ဍာ​ရေးနှစ်တွင်ကိုဗစ်ရောဂါ ထိန်းချုပ်ကုစားရေး ​ခေါင်းစဥ်ဖြင့်အသုံးစရိတ်ခွဲ​ပေးရာတွင် ကာကွယ်ရေးဝန် ကြီးဌာနသည် အများဆုံးထုတ်ယူသုံးစွဲခဲ့ပြီး ကျန်းမာရေးဝန်ကြီးဌာန၏အသုံးစရိတ်ထက်နှစ်ဆကျော် ပိုများခဲ့သည်။