Connect with us

Hi, what are you looking for?

News

သမိုင်းလမ်းဆုံက ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ သပိတ်

ယင်းသပိတ်စစ်ကြောင်းတွင် ကြည့်မြင်တိုင်၊စမ်းချောင်း၊ ကမာရွတ်စသည့်မြို့နယ်များမှ လူငယ်များနှင့် ပြည်သူ ၁၀၀ ကျော်တို့ ပူးပေါင်းပါဝင်ခဲ့သည်။

ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် သမိုင်းလမ်းဆုံတွင် ယနေ့ (ဇွန်လ ၁၉ ရက်) နံနက်ပိုင်းက လူငယ်များစုပေါင်း၍ စစ်အာဏာရှင်ဖြုတ်ချရေးနှင့် ဒေါ်အောင်ဆန်းစုကြည်၏ (၇၆)နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်အဖြစ်ပျောက်ကြားသပိတ် ချီတက်ဆန္ဒပြကြခဲ့သည်။

ယင်းသပိတ်စစ်ကြောင်းတွင် ကြည့်မြင်တိုင်၊စမ်းချောင်း၊ ကမာရွတ်စသည့်မြို့နယ်များမှ လူငယ်များနှင့် ပြည်သူ ၁၀၀ ကျော်တို့ ပူးပေါင်းပါဝင်ခဲ့သည်။

လူငယ်များသည် ​မွေး​နေ့ရှင်ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ဖမ်းဆီးခံခေါင်းဆောင်များ လွှတ်ပေးရေးနှင့် ဒီမိုကရေစီရရှိစေရေး ကြွေးကြော်ဆန္ဒပြခဲ့ကြသည်။

မြန်မာနိုင်ငံတွင် အကြမ်းဖက်စစ်ကောင်စီက မတရားသဖြင့် အာဏာသိမ်းပိုက်ထားသည်မှာ ယနေ့ ၁၃၉ ရက် ပြည့်မြောက်ခဲ့ပြီ ဖြစ်သည်။

Public Service Announcement

Public Service Announcement

ရန်ကုန်မြို့တွင် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်မှုများကို အကြမ်းဖက်နှိမ်နင်းမှုများ ရှိနေသော်လည်း လူငယ်များက နေ့စဉ်ရက်ဆက် ပုံစံမျိုးစုံဖြင့် ဆန္ဒပြမှုများ ပြုလုပ်လျက်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

ဗြိတိန်နိုင်ငံ လန်ဒန်မြို့မှာ ပြည်ပရောက်မြန်မာတွေ စုပေါင်းပြီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဥ်းသားတွေ လွတ်မြောက်ရေးနဲ့ မြန်မာစစ်အာဏာရှင်ဆန့်ကျင်ရေး စက်တင်ဘာ ၈ရက်မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

Proof Of Life ကမ်ပိန်းရဲ့ နောက်တစ်ဆင့်အနေနဲ့ မိခင်ဖြစ်သူဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးတောင်းဆိုမယ့် Free Her လှုပ်ရှားမှုမှာ ပြည်သူတွေ ဆက်လက်ပါဝင်ပေးကြဖို့ သားဖြစ်သူ ကင်မ်အဲရစ် (ခ)ကိုထိန်လင်းက တိုက်တွန်းထားပါတယ်။

သတင်း

သြစ​တြေးလျနဲ့ တောင်ကိုရီးယားနိုင်ငံမှာ ပြည်ပရောက် မြန်မာတွေ စုပေါင်းပြီး ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဥ်းသားတွေ လွှတ်ပေးရေးနဲ့ ရေဘေးသင့်ပြည်သူတွေအတွက် ရေဘေးရန်ပုံငွေစျေးရောင်းပွဲတို့ကို ဒီက​နေ့ (သြဂုတ် ၃၀) ပြုလုပ်ခဲ့ပါတယ်။

သတင်း

​သြစတြေးလျနဲ့ တောင်ကိုရီးယား နိုင်ငံရောက် မြန်မာတွေက မတရားဖမ်းဆီးခံထားရတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နဲ့ နိုင်ငံရေးအကျဥ်းသားအားလုံး အမြန်ဆုံးလွတ်မြောက် ရေး ဆန္ဒပြခြင်းကို သြဂုတ် ၂၃ ရက်က ပြုလုပ်ခဲ့ပါတယ်။