Connect with us

Hi, what are you looking for?

LuduNwayOo

News

မန္တ​လေးတွင် တိုက်ပွဲပြင်းထန်၊ ပြည်သူများအကူအညီ​ပေးရန် PDF ​မေတ္တာရပ်ခံ

မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ်ရှိ မနော်ဟရီလမ်းတစ်၀ိုက်တွင် ယနေ့ နံနက် ၁၁နာရီခွဲအချိန်ထိ ပစ်ခတ်မှုများ ဆက်ရှိနေပြီး ပြည်သူအချို့ကလည်း စစ်ကောင်စီတပ်များသွားလာရေး အဟန့်အတားဖြစ်စေရန် လမ်းမပေါ်တွင် တာယာမီးရှို့ချင်းပြုလုပ်လျက်ရှိဟု မြို့ခံတစ်ဦးကပြောသည်။

ယနေ့နံနက် ၈နာရီခွဲမှစ၍ စစ်ကောင်စီတပ်များက မန္တလေး ပြည်သူ့ကာကွယ်ရေးတပ်(PDF) တပ်ခွဲတစ်ခုကို ဝင်ရောက်စီးနင်းရာမှ အပြန်အလှန်ပစ်ခတ်မှု ပြုလုပ်နေခြင်းဖြစ်ကြောင်း PDFက သတင်းထုတ်ပြန်ထားသည်။
“အိမ်ရှေ့က စစ်ကား လေးငါးစီး ဖြတ်သွားပြီး မနော်ဟယ်ရီလမ်း နားကျတော့ ပစ်ကြတာပဲ။
အခုချိန်ထိ ပစ်တုန်းပဲ။ မနော်ဟရီတစ်၀ိုက်မှာ ဖြစ်နေတာ။ ဖျောက်ဖျောက်ဖျောက်ဖျောက်ကြားလိုက် ၀ုန်းဒိုင်းနဲ့ကြားလိုက်ပဲ။ တောထဲ တောင်ထဲရောက်နေသလိုပဲ မြို့နဲ့ကိုမတူဘူး ပစ်နေတာ” ဟု ပစ်ခတ်မှု ဖြစ်ပွားရာနေရာအနီး၌ ရှိနေသူတစ်ဦးက ပြောသည်။

မန္တလေး PDFက သတင်းထုတ်ပြန်ရာတွင် ၎င်းတို့၏ ပျောက်ကျားတပ်ခွဲတစ်ခု ဝင်စီးခံရပြီး စစ်ကောင်စီနှင့် အပြန်အလှန် တိုက်ခိုက်မှုဖြစ်ပွားနေကြောင်း၊ မန္တလေးပြည်သူများ၏ အကူအညီများစွာ လိုအပ်နေကြောင်း၊ အခြား PDF တပ်ခွဲများမှ စီးနင်းခံရသော PDF နေရာသို့ ဝင်ရောက်ကူညီ ပစ်ခတ်ခြင်း တပ်ကူပေးခြင်းများနှင့်ပတ်သက်ပြီး ပြည်သူလူထုအနေဖြင့် Social Media ပေါ်တင်ခြင်း မျှဝေခြင်း မပြုလုပ်ပါရန် လေးစားစွာ မေတ္တာရပ်ခံကြောင်း ဖော်ပြခဲ့သည်။

စစ်ကောင်စီတပ်၏ စစ်ကူများ အဟန့်အတားဖြစ်စေရေး ကူညီဆောင်ရွက်ရန် PDF အဖွဲ့၏ မေတ္တာရပ်ခံချက်ကိုလည်း မြို့ခံပြည်သူအချို့က နံနက် ၁၁နာရီ နောက်ပိုင်းတွင် တာယာများ မီးရှို့ခြင်းဖြင့် ကူညီလျက်ရှိကြောင်း မန္တလေးမြို့ခံတစ်ဦးက ဆက်ပြောသည်။

“အခု ငါတို့လမ်းထိပ်မှာတောင် တာယာတွေမီးရှို့နေကြတယ်။ ဗုံးလည်း ခဏခဏကွဲတယ်။ အခုတောင် ငါတို့နားမှာ ပစ်သံကြားနေရတယ်” ဟု မန္တလေး မနော်ဟရီ ၄၉လမ်းတွင် နေထိုင်သူ တစ်ဦးက နံနက် ၁၁နာရီခွဲခန့်တွင် ပြောသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

မေးမြန်းခန်း

လေကြောင်း တိုက်ခိုက်ခံရမှု အပါအဝင် မင်းတပ်မြို့နယ်အတွင်း စစ်ရေးအခြေအနေကို မင်းတပ်မြို့နယ် ချင်းကာကွယ်ရေးတပ်(CDF) မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်အားဆက်သွယ်မေးမြန်းဖော်ပြလိုက်သည်။

သတင်း

ရေးမြို့နယ် ခေါဇာမြို့နယ်ခွဲ၊ ကျုံညှဲကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ပြည်သူ့စစ်အဖွဲ့အား လက်နက်ဖြုတ်သိမ်းရန်နှင့် အရေးယူပေးရန် ပြည်သူများမှတိုင်ကြားလာ၍ ဧပြီ ၂၃ရက် တွင် ခေါ်ယူဖမ်းဆီး လက်နက်ဖြုတ်သိမ်းခဲ့သည်ဟု ဖော်ပြသည်။

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။