Connect with us

Hi, what are you looking for?

News

မန္တ​လေးတွင် တိုက်ပွဲပြင်းထန်၊ ပြည်သူများအကူအညီ​ပေးရန် PDF ​မေတ္တာရပ်ခံ

မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ်ရှိ မနော်ဟရီလမ်းတစ်၀ိုက်တွင် ယနေ့ နံနက် ၁၁နာရီခွဲအချိန်ထိ ပစ်ခတ်မှုများ ဆက်ရှိနေပြီး ပြည်သူအချို့ကလည်း စစ်ကောင်စီတပ်များသွားလာရေး အဟန့်အတားဖြစ်စေရန် လမ်းမပေါ်တွင် တာယာမီးရှို့ချင်းပြုလုပ်လျက်ရှိဟု မြို့ခံတစ်ဦးကပြောသည်။

ယနေ့နံနက် ၈နာရီခွဲမှစ၍ စစ်ကောင်စီတပ်များက မန္တလေး ပြည်သူ့ကာကွယ်ရေးတပ်(PDF) တပ်ခွဲတစ်ခုကို ဝင်ရောက်စီးနင်းရာမှ အပြန်အလှန်ပစ်ခတ်မှု ပြုလုပ်နေခြင်းဖြစ်ကြောင်း PDFက သတင်းထုတ်ပြန်ထားသည်။
“အိမ်ရှေ့က စစ်ကား လေးငါးစီး ဖြတ်သွားပြီး မနော်ဟယ်ရီလမ်း နားကျတော့ ပစ်ကြတာပဲ။
အခုချိန်ထိ ပစ်တုန်းပဲ။ မနော်ဟရီတစ်၀ိုက်မှာ ဖြစ်နေတာ။ ဖျောက်ဖျောက်ဖျောက်ဖျောက်ကြားလိုက် ၀ုန်းဒိုင်းနဲ့ကြားလိုက်ပဲ။ တောထဲ တောင်ထဲရောက်နေသလိုပဲ မြို့နဲ့ကိုမတူဘူး ပစ်နေတာ” ဟု ပစ်ခတ်မှု ဖြစ်ပွားရာနေရာအနီး၌ ရှိနေသူတစ်ဦးက ပြောသည်။

မန္တလေး PDFက သတင်းထုတ်ပြန်ရာတွင် ၎င်းတို့၏ ပျောက်ကျားတပ်ခွဲတစ်ခု ဝင်စီးခံရပြီး စစ်ကောင်စီနှင့် အပြန်အလှန် တိုက်ခိုက်မှုဖြစ်ပွားနေကြောင်း၊ မန္တလေးပြည်သူများ၏ အကူအညီများစွာ လိုအပ်နေကြောင်း၊ အခြား PDF တပ်ခွဲများမှ စီးနင်းခံရသော PDF နေရာသို့ ဝင်ရောက်ကူညီ ပစ်ခတ်ခြင်း တပ်ကူပေးခြင်းများနှင့်ပတ်သက်ပြီး ပြည်သူလူထုအနေဖြင့် Social Media ပေါ်တင်ခြင်း မျှဝေခြင်း မပြုလုပ်ပါရန် လေးစားစွာ မေတ္တာရပ်ခံကြောင်း ဖော်ပြခဲ့သည်။

စစ်ကောင်စီတပ်၏ စစ်ကူများ အဟန့်အတားဖြစ်စေရေး ကူညီဆောင်ရွက်ရန် PDF အဖွဲ့၏ မေတ္တာရပ်ခံချက်ကိုလည်း မြို့ခံပြည်သူအချို့က နံနက် ၁၁နာရီ နောက်ပိုင်းတွင် တာယာများ မီးရှို့ခြင်းဖြင့် ကူညီလျက်ရှိကြောင်း မန္တလေးမြို့ခံတစ်ဦးက ဆက်ပြောသည်။

“အခု ငါတို့လမ်းထိပ်မှာတောင် တာယာတွေမီးရှို့နေကြတယ်။ ဗုံးလည်း ခဏခဏကွဲတယ်။ အခုတောင် ငါတို့နားမှာ ပစ်သံကြားနေရတယ်” ဟု မန္တလေး မနော်ဟရီ ၄၉လမ်းတွင် နေထိုင်သူ တစ်ဦးက နံနက် ၁၁နာရီခွဲခန့်တွင် ပြောသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့ပေါ်မှာ သောင်းကျန်းနေတဲ့ ပျူစောထီးတပည့်တွေကို သူ့နာမည်မသုံးဖို့ ပျူစောထီးခေါင်းဆောင် ပေါက်ကိုယ်တော်က တားမြစ်လိုက်ပါတယ်။

သတင်း

မန္တလေးမြို့၊ ကျောက်တော်ကြီးဘုရားပွဲမှာ ဆိုင်ခန်းခတွေ စျေးအဆမတန် မြင့်တက်သွားလို့ စျေးသည်တွေ အခက်အခဲတွေ့နေပါတယ်။

သတင်း

မန္တလေးမြို့၊ချမ်းမြသာစည်မြို့နယ်၊ကန်တော်ကြီးကန်ပတ်လမ်းမှာအမျိုး သားတစ်ဦးရဲ့ ရုပ်အလောင်းကို မနေ့ ( စက်တင်ဘာလ ၁၈ ရက်) နေ့ခင်းပိုင်းက မြို့ခံတွေ တွေ့ရှိခဲ့တယ်လို့ လူမူကူညီရေး လုပ်ကိုင်သူအချို့ဆီကသိရပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။