နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်အား တရားမဝင် အာဏာ သိမ်း အကြမ်းဖက်စစ်ကောင်စီက မတရားဖမ်းဆီးထားစဉ်အတွင်း ဒုတိယသမ္မတ ဒူဝါလရှိးလက ယာယီ သမ္မတအဖြစ် ခေါ်ဝေါ်သုံးစွဲရန် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)က အတည်ပြုထုတ်ပြန် ကြေညာလိုက်သည်။
အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ ပြည်ထောင်စုဝန်ကြီး ချုပ်မန်းဝင်းခိုင်သန်းမှ ဒုတိယသမ္မတအား ယာယီသမ္မတအဖြစ် ပြောင်းလဲခေါ်ဝေါ်သုံးစွဲရန် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီသို့ ဇွန်လ ၁၆ရက်နေ့တွင် သဝဏ်လွှာပေးပို့လာသည့်အပေါ် CRPHက ယနေ့ ဇွန်လ ၂၂ရက်တွင် အတည်ပြုကြောင်း ကြေညာခဲ့ခြင်းဖြစ်သည်။
