Connect with us

Hi, what are you looking for?

LuduNwayOo

News

မြောက်ဥက္ကလာကလူငယ်များရဲ့ စစ်အာဏာရှင် ဖြုတ်ချရေးသပိတ်

ရန်ကုန်မြို့တွင် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်မှုများကို အကြမ်းဖက်နှိမ်နင်းမှုများ ရှိနေသော်လည်း လူငယ်များက နေ့စဉ်ရက်ဆက် ပုံစံမျိုးစုံဖြင့် ဆန္ဒပြမှုများ ပြုလုပ်လျက်ရှိသည်။

ရန်ကုန်မြို့ မြောက်ဥက္ကလာပမြို့နယ် (၂)စျေးအနီးတွင် စစ်အာဏာရှင် ဖြုတ်ချရေး လူငယ်များက ယနေ့ (ဇွန်လ ၂၈ ရက်) နံနက်ပိုင်း၌ ချီတက်သပိတ်မှောက်ခဲ့ကြသည်။

ယင်းသပိတ်တွင် မြို့နယ်အသီးသီးမှ လူငယ်များနှင့် ပြည်သူများ ၁၀၀ခန့် ပူးပေါင်းပါဝင်ခဲ့ပြီး “ဘာတွေလဲ မြောက်ဘိသားတွေ” “ဘယ်တော့မှသွေးမအေးဘူး” စသည့် စာတန်းများကိုင်ဆောင်ကာ ဒီမ်ိုကရေစီ ရရှိစေရေး ကြွေးကြော်ကာ ချီတက်ဆန္ဒပြခဲ့ကြသည်။

မြန်မာနိုင်ငံတွင် အကြမ်းဖက်စစ်ကောင်စီက မတရားသဖြင့် အာဏာသိမ်းပိုက်ထားသည်မှာ ယနေ့ ၁၄၈ ရက် ပြည့်မြောက်ခဲ့ပြီ ဖြစ်သည်။