Connect with us

Hi, what are you looking for?

News

ယာယီသမ္မတဦးဆောင်သည့် လူသားချင်းစာနာကူညီရေးနှင့် ဘေးအန္တရာယ်တုံ့ပြန်ရေးကော်မရှင်ဖွဲ့

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ယာယီသမ္မတ ဒူဝါလရှီးလ ဥက္ကဋ္ဌအဖြစ်တာဝန်ယူထားသည့် လူသားချင်းစာနာကူညီရေးနှင့် ဘေးအန္တရာယ်တုံဲ့ပြန်ရေးကော်မရှင်ကို ဇူလိုင် ၁ရက်နေ့စွဲဖြင့် ဖွဲ့စည်းလိုက်သည်။

မြန်မာနိုင်ငံအတွင်း ဘေးအန္တရာယ်အမျိုးမျိုး ကျရောက်ချိန်များတွင် ကူညီကယ်ဆယ်ရေး၊ လူသားချင်း စာနာမှုအထောက်အပံ့များ ပေးအပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးတို့အတွက် လိုအပ်သည့် စီမံခန့်ခွဲမှုကိစ္စရပ်များ ကြီးကြပ်လမ်းညွှန် ပေးနိုင်ရန် ကော်မရှင်ကို ဖွဲ့စည်းခြင်းဖြစ်ကြောင်း NUGက ထုတ်ပြန်သည်။

အဆိုပါ ကော်မရှင်တွင် ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း အပါအဝင် NUG ဝန်ကြီးများ စုစုပေါင်း ၁၄ဦးဖြင့် စုဖွဲ့ထားကာ လိုအပ်ပါက အဖွဲ့ဝင်များ တိုးချဲ့ခြင်းနှင့် လုပ်ငန်းကော်မတီများ ထပ်မံဖွဲ့စည်းခြင်း ဆောင်ရွက်သွားမည်ဟုဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

တော်လှန်ရေးအင်အားစုများရဲ့ဘုံနိုင်ငံရေးသဘောတူညီချက် (ပထမမူကြမ်း)ကို သဘောတူအတည်ပြုကြောင်း သဘောတူညီချက်မှာ ပါဝင်တဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေက ဒီကနေ့ ဇူလိုင် ၃၀ရက်မှာ အသိပေးထုတ်ပြန်ပါတယ်။

ဆောင်းပါး

ပြည်နယ်/ယူနစ် အားကောင်းရေးမှ ပြည်ထောင်စု အားကောင်းရေး (Bottom-Up Federalism) အခြေခံမူဖြင့် ပြည်နယ်/ယူနစ် ဥပဒေအစီအမံများ စစ်ကိုင်း၊ မကွေး၊ မန္တလေးနှင့် ရန်ကုန်ဒေသတို့တွင် ၂၀၂၅ ခုနှစ် နှစ်လယ်ပိုင်းမှစ၍ အသီးသီးပေါ်ပေါက်လာကြသည်။

သတင်း

အာရက္ခပြည်မှာ ကြုံတွေ့နေရတဲ့ ရေဘေးဖြစ်စဉ်အတွင်း ရေဘေးသင့်ပြည်သူများ ရဲ့ အရေးပေါ်လိုအပ်ချက်များကို ကူညီဖြေရှင်းပေးနိုင်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က အာရက္ခပြည်သူ့ တော်လှန်ရေးအစိုးရဖြစ်တဲ့ ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ် (ULA/AA)ကို တရုတ်ယွမ်ငွေ ၁၅၀,၀၀၀ (တစ်သိန်းငါးသောင်း) ကနဦးအဖြစ် ကူညီပံ့ပိုးခဲ့တယ်လို့ NUGက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဦးဆောင်မှု ၊အနစ်နာခံမှုကို ကျေးဇူးဆပ်ဖို့ သူ့ရဲ့ လမ်းညွှန်ချက်တွေလိုက်နာဖို့လိုအပ်သလို သမီးဖြစ်သူကိုကာကွယ်ဖို့ တာဝန်ရှိဟုဆို