Connect with us

Hi, what are you looking for?

News

CDM သမားများအား ခြိမ်း​ခြောက်ခြင်း၊ အ​​ကြွေး​တောင်းခြင်းလုပ်ရပ်များဆက်လက်လုပ်​ဆောင်​ပါက တိုက်ခိုက်မည်ဟု CDFထုတ်ပြန်

CDM ပြုလုပ်သူများထိခိုက်ဖိနှိပ်ခြိမ်းခြောက်နှောင့်ယှက်သူများ ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း Chinland Defense Force(CDF)မှ သတိပေး ထုတ်ပြန်ပြီးသားဖြစ်ပါသည်ဟု ပါရှိသည်။

အကြမ်းဖက်စစ်ကောင်စီမှ CDM ဝန်ထမ်းများအစား အလုပ်လျှောက် လွှာသစ်များခေါ်ယူနေသော သက်ဆိုင် ရာဌာနရုံးများ၊ CDM ဝန်ထမ်းများကို ခြိမ်းခြောက်ကာ အယူခံခိုင်းခြင်း၊ အကြွေးတောင်းလုပ်ရပ်များ ချက်ချင်းရပ်တန့်ရန်နှင့် ဆက်လက်လုပ်ဆောင်နေပါက ရုံးတွင်းတိုက်ခိုက်မှုနှင့် တစ်ဦးချင်းတိုက်ခိုက်မှုအတွက် အသက်အန္တရာယ်အာမမခံနိုင်ကြောင်း ပြင်းထန်စွာ သတိပေးလိုက်​ကြောင်း Chinland Defense Force(CDF)က ယ​နေ့ညတွင် ထုတ်ပြန်သည်။

အကြမ်းဖက်စစ်ကောင်စီနှင့် အပေါင်းအပါ Non CDMers တို့သည် အမှန်တရားဖက်တွင် စွဲမြဲစွာရပ်တည် လျက်ရှိသော CDMers များအပေါ် မတရားသောနည်းလမ်းမျိုးစုံဖြင့် အလုပ်ပြန်ဝင် ရန်အယူခံစေခြင်း၊ အကြွေး တောင်းခံစာများပေးပို့ခြင်း၊ ဖိနှိပ်ခြိမ်းခြောက်နှောင့်ယှက်ခြင်း၊ အလုပ်လျှောက်လွှာသစ်ခေါ်ယူခြင်း၊ လူလူချင်း နိုင်ထက်စီးနင်း ခေါင်းပုံဖြတ်လုပ်ရပ်များအား ပုံစံအမျိုးမျိုးဖြင့် ကျူးလွန်လုပ်ဆောင်နေဆဲဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ​ဖော်ပြထားသည်။

ထို့အပြင် CDM လုပ်သူများအတွက် ကူညီကာကွယ်ရန်နှင့် CDM မလုပ်သူများသည် ပြည်သူ့အစိုးရကို ဆန့် ကျင် ပုန်ကန်သူအဖွဲ့အဖြစ် မှတ်ယူသွားမည်ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့၏ ကြေညာချက်အမှတ် (၅/၂၀၂၁)ဖြင့် သော်လည်း ကောင်း၊ CDM ပြုလုပ်သူများထိခိုက်ဖိနှိပ်ခြိမ်းခြောက်နှောင့်ယှက်သူများ ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း Chinland Defense Force(CDF)မှ သတိပေး ထုတ်ပြန်ပြီးသားဖြစ်ပါသည်ဟု ပါရှိသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။

သတင်း

ချင်းပြည်နယ်၊ ဟားခါးမြို့နယ် အခြေစိုက် ချင်းဒေသကာကွယ်ရေးတပ်(CDF)-ဟားခါး တပ်ဖွဲ့တွင်း ဦးဆောင်သူအချင်းချင်း ပစ်ခတ်မှုမှာ အဖွဲ့ ဒုဥက္ကဋ္ဌဟောင်း ဆလိုင်းဆန်းလင်းကွယ်လွန်သွားခဲ့ပါတယ်။

သတင်း

စစ်ရေးအခြေအနေတွေကြောင့် ဟားခါးမြို့အနီးဝန်းကျင်ရှိ တောတောင်များ၊ စစ်ရေးလှုပ်ရှားမှုဖြစ်ပွားနိုင်တဲ့ နေရာတွေနဲ့ လူသွားလာမှုနည်းပါးတဲ့ ဒေသတွေကို မလိုအပ်ဘဲ သွားလာခြင်းမပြုကြဖို့ ချင်းဒေသကာကွယ်ရေးတပ်(CDF)- ဟားခါးက ပြည်သူတွေကို မေတ္တာရပ်ခံလိုက်ပါတယ်။

သတင်း

တော်လှန်ရေး (၅)နှစ်ကျော်တဲ့အထိ စိတ်ဓာတ်မကျဘဲပါဝင်နေတဲ့ အကြမ်းမဖက်အာဏာဖီဆန်ရေး (CDM)ဝန်ထမ်းတွေ စည်းလုံးကြဖို့ ဂုဏ်ပြုတွေ့ဆုံဆွေးနွေးခဲ့တယ်လို့ ကရင်နီပြည်နိုင်ငံ့ဝန်ထမ်းအကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှုကောင်စီ (KSCSC-CDM) တာဝန်ရှိသူက ပြောပါတယ်။