Connect with us

Hi, what are you looking for?

News

လွိုင်ကော်မြို့အနီး KNPP နှင့် စစ်ကောင်စီတပ် တိုက်ပွဲနှစ်ကြိမ်ဖြစ်

ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP/KA)နှင့် စစ်ကောင်စီတပ်တို့ လွိုင်ကော်မြို့အနီးတွင် ယနေ့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း KNPP သတင်းနှင့်ပြန်ကြားရေးဌာန KNIC က သတင်းထုတ်ပြန်သည်။

ဇူလိုင် ၃ရက် မွန်းလွဲပိုင်းတွင် လွိုင်ကော်မြို့တောင်ဘက် ၆ ကီလိုမီတာခန့်အကွာ နေရာတွင် တိုက်ပွဲဖြစ်ပွားခဲ့၍ အနီးတစ်၀ိုက်ရှိ ပြည်သူများစစ်ရှောင်များ ထပ်မံ ထွက်ပြေးတိမ်းရှောင်ခဲ့ရဟု ဖော်ပြထားသည်။

“စ.က.စတပ်မှ စစ်ရှောင်များရှိရာသို့ ဝင်ရောက်လာတဲ့အတွက် KNPP ကရင်နီတပ်မတော်နဲ့ ထိတွေ့ ပြီး အပြန်အလှန်တိုက်ခိုက်ခဲ့ကြတာဖြစ်တယ်လို့ မြေပြင်မှပေးပို့လာတဲ့သတင်းအချက်အလက်အရ သိရပါတယ်” ဟု KNIC သတင်း၌ ပါရှိသည်။ နှစ်ဖက်ထိခိုက်မှုများကို ဆက်လက်စုံစမ်းဆဲဖြစ်သည်ဟု ဆိုသည်။

မေလအတွင်းက ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် စစ်ကောင်စီတို့ လွိုင်ကော်၊ ဒီးမော့ဆိုနှင့် မိုးဗြဲ တို့၌ တိုက်ပွဲဖြစ်ပွားခဲ့၍ စစ်ဘေးရှောင်များ ဘေးကင်းရာသို့ တိမ်းရှောင်နေရခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

“တိုက်ခိုက်မှုတွေ ဖြစ်တာတော့ ဒေသခံ ပြည်သူလူထုအတွက် အဆင်မပြေဘူး ပြေးရလွှားရတာပေါ့။ နဂိုရ်ကတည်းက ထွက်ပြေးတိမ်းရှောင်နေရတယ်ဆိုမှပဲ ဒီလိုတိုက်ပွဲထပ်ဖြစ်တော့ နောက်ထပ်တစ်နေရာ ထပ်ရွှေ့ရတော့ သွားလာရတာ အခက်အခဲရှိတာပေါ့” ဟု ဒေသခံတစ်ဦးက ပြောသည်။

ဇူလိုင် ၂ရက်ကလည်း လွိုင်ကော် -ရှားတော လမ်းပိုင်း ပွန်ချောင်းအနီးတွင် စစ်ကောင်စီတပ်နှင့် KNPP တို့ တိုက်ပွဲဖြစ်ပွားခဲသေးသည်။ ထို့ကြောင့် KNPPနှင့် စစ်ကောင်စီတို့သည် နှစ်ရက်အတွင်း တိုက်ပွဲ သုံးကြိမ်ဖြစ်ပွားခဲ့သည်။

စစ်တပ်အာဏာသိမ်းပြီးနောက် KNPPနှင့် စစ်ကောင်စီတို့သည် မေလ ၂၀ရက်မှ စတင်တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

မေလ ၂၁ရက်တွင် ဒီးမော့ဆို၌ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်များနှင့် စစ်ကောင်စီတို့ တိုက်ပွဲဖြစ်ပွားခဲ့ရာ သုံးပတ်ခန့် ကြာမြင့်ခဲ့သည်။ အဆိုပါ တိုက်ပွဲများတွင် KNPP တပ်ဖွဲ့ဝင်အချို့လည်း ဒေသခံများဘက်မှ ပါဝင်ကူညီခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့အနီးမှာ ဒီကနေ့ ဇွန်လ၁၅ရက် မနက်အစောပိုင်းက ရစ်ခ်တာစကေး ၄ ဒဿမ ၄ အဆင့် ငလျင်တစ်ခု မြေအနက်တိမ်တဲ့နေရာကို ဗဟိုပြု လှုပ်သွားပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့အနီးမှာ ဒီကနေ့ ဇွန်လ ၁၂ရက်မှာလည်း တိုက်ပွဲပြင်းထန်နေပြီး ညနေပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။