Connect with us

Hi, what are you looking for?

LuduNwayOo

News

ကိုဗစ်ကာကွယ်​ရေး အဲကွန်းတပ်အခန်းမှာလူစုလူ​ဝေးနဲ့ Mask ချွတ်ပြီး နာရီ​ပေါင်းများစွာ​ဆွေး​နွေး

အာဏာသိမ်းစစ်​ကောင်စီဟာ ကမ္ဘာ့ကပ်​ရောဂါအပါအဝင် ဘယ်အရာကိုမှ စီမံခန့်ခွဲနိုင်စွမ်းမရှိဘူးဆိုတာ ဒီအစည်းအ​ဝေးလုပ်ကိုင်​နေပုံက သာဓကတစ်ခုဖြစ်ပါတယ်

အာဏာသိမ်းစစ်​ကောင်စီရဲ့ လက်​အောက်ကမ​ကွေးတိုင်းစစ်​ကောင်စီရုံးရဲ့ ​လေ​အေး​ပေးစက်တပ်အစည်းအ​ဝေးခန်းထဲမှာ ဇူလိုင် ၅ ရက်က လူ​ပေါင်းများစွာနီးကပ်စွာထိုင်၊ Mask ​တွေချွတ်ပြီး​တော့ နာရီနဲ့ချီ အကြိတ်အနယ် ​ဆွေး​​နွေးပြီး​တော့ ကမ္ဘာ့ကပ်​​ရောဂါ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်​ရေး အတွက် တိုင်ပင်​ဆွေး​နွေးခဲ့ကြပါတယ်။

အာဏာသိမ်းစစ်​ကောင်စီဟာ ကမ္ဘာ့ကပ်​ရောဂါအပါအဝင် ဘယ်အရာကိုမှ စီမံခန့်ခွဲနိုင်စွမ်းမရှိဘူးဆိုတာ ဒီအစည်းအ​ဝေးလုပ်ကိုင်​နေပုံက သာဓကတစ်ခုဖြစ်ပါတယ်။

ဘာ​ကြောင့်လည်းဆိုရင် Covid-19 မကူးစက်​အောင် ဘယ်လို လုပ်ရမယ်မှန်း​တောင် မသိ့တဲ့သူ​တွေက ကိုဗစ် -၁၉ ကာကွယ်​ရေးအတွက် အစည်းအ​ဝေးလုပ်​နေတာ အံသြစရာလို့ မြို့ခံတစ်ဦးက​ပြောပါတယ်။

နိုင်ငံတစ်ဝန်း ကိုဗစ် ကူးစက်ခံရသူ တိုး​နေချိန်မှာAir Con တပ်ထားတဲ့အခန်းထဲ လူ​တွေ အများကြီး စု​ဝေးပြီး​တော့ ၊တချို့က မာစ်​တောင် တပ်မထားဘဲ မ​ကွေးတိုင်းအတွင်း ကိုရိုနာဗိုင်းရပ်စ် ထိန်းချုပ်​ရေးနဲ့အ​ရေး​ပေါ်တုံ့ပြန်ကယ်ဆယ်​ရေး အ​ရေး​ပေါ်​ကော်မတီ က ဇူလိုင် ၅ ရက် နံနက်မှာ​ဆွေး​နွေးခဲ့တာဖြစ်ပါတယ်။

ပြည်သူ့အစိုးရလက်ထက်မှာ ကိုရိုနာဗိုင်းရပ်စ် ပထမလှိုင်းနဲ့ ဒုတိယလှိုင်းကို နိုင်ငံဆင်းရဲ​ပေမယ့် အစိုးရရဲ့ဦး​ဆောင်မှု နဲ့ ကျန်းမာ​ရေးပညာရှင်​တွေ ၊​စေတနာဝန်ထမ်း​တွေ ၊ပြည်သူ​တွေ ပူး​ပေါင်းပြီး ကြိုးပမ်းခဲ့ကြပါတယ်။ ​

Public Service Announcement

Public Service Announcement

ဖေ​ဖော်ဝါရီ ၁ ရက်မှာ စစ်​ခေါင်​ဆောင်အချို့ရဲ့အကျိုးစီးပွားအတွက် အာဏာသိမ်းဘိုက်ပြီးတဲ့​နောက်မှာ​တော့ ကျန်းမာ​ရေးစနစ်ဟာလုံးလုံး ပျက်စီးသွားသလို ၊အာဏာသိမ်းအစိုးရရဲ့ တလွဲလုပ်ကိုင်​ဆောင်ရွက်မှု​တွေ​ကြောင့် ကိုဗစ်တတိယလှိုင်း ဒဏ်ကို ပြင်းပြင်းထန်ထန် ခံစား​နေကြရတာဖြစ်ပါတယ် ။