Connect with us

Hi, what are you looking for?

News

၀ိုင်းမော်နှင့် ဖားကန့်တွင် စစ်ကောင်စီတပ်ဖွဲ့များကို KIA ဆက်လက်တိုက်ခိုက်

“မနေ့ညက ဒုန်းဒုန်းဒိုင်းဒိုင်းနဲ့ကြားတယ် အောင်မြေ(၁) ဘက်မှာ ဖြစ်တယ်လို့ ပြောတာပဲ။ နာရီဝက်လောက်ဖြစ်တယ်လို့ ပြောတယ်” ဟု ၀ိုင်းမော်မြို့ခံတစ်ဦးက ပြောသည်။

ကချင်ပြည်နယ် ၀ိုင်းမော်မြို့နယ်နှင့် ဖားကန့်မြို့နယ်တို့တွင် စစ်ကောင်စီလက်နက်ကိုင်တပ်များကို ကချင်လက်နက်ကိုင်အဖွဲ့(KIA)က ဆက်လက်တိုက်ခိုက်ခဲ့ကြောင်း ဒေသခံများက ပြောသည်။ ၀ိုင်းမော်မြို့နယ် အောင်မြေ(၁) ရွာအနီးရှိ စစ်ကောင်စီတပ်စခန်းကို ယမန်နေ့(ဇူလိုင် ၁၁ရက်)ညပိုင်းတွင် KIA က တိုက်ခိုက်ခဲ့သည်။

“မနေ့ညက ဒုန်းဒုန်းဒိုင်းဒိုင်းနဲ့ကြားတယ် အောင်မြေ(၁) ဘက်မှာ ဖြစ်တယ်လို့ ပြောတာပဲ။ နာရီဝက်လောက်ဖြစ်တယ်လို့ ပြောတယ်” ဟု ၀ိုင်းမော်မြို့ခံတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များ သေဆုံးမှုရှိပြီး လက်နက်ခဲယမ်းများ KIA က သိမ်းဆည်းသွားကြောင်း လူမှုကွန် ရက်တွင် သတင်းဖော်ပြမှုများ တွေ့ရသော်လည်း အတိအကျမသိရဟု ၎င်းက ဆိုသည်။

လွန်ခဲ့သည့် ၄ရက်က ၀ိုင်းမော်မြို့နယ်ရှိ ခမရ(၃၂၁) တပ်ရင်းဌာနချုပ်ကို KIA က လာရောက်တိုက်ခိုက်ပြီးနောက် လုံခြုံရေးတပ်စခန်းငယ်ကို ယမန်နေ့ညက ထပ်မံတိုက်ခိုက်ခြင်း ဖြစ်ကြောင်း၊ ယင်းတပ်စခန်းကို မီးရှို့လိုက်ပြီဟု သိရကြောင်း ကချင်ဒေသခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

ယနေ့မနက်တွင်လည်း ဖားကန့်မြို့နယ် ယူမာကျေးရွာတွင် စစ်ကောင်စီလက်နက်ကိုင်များ မိုင်းဖြင့် တိုက်ခိုက်ခံရကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“အသံနှစ်ချက်တော့ ကြားလိုက်ရတယ်။ အသံက တော် တော်ကျယ်တယ်။ ယူမာကျေးရွာက စာသင် ကျောင်းနားမှာပဲတဲ့။ သေဆုံးတာတွေရှိတယ်လို့တော့ ပြောနေကြတာပဲ တစ်ယောက်နဲ့တစ်ယောက်။ ကျွန်မကတော့ အဲဒီလိုဖြစ်တော့အိမ်ကနေ ကိုမထွက်တော့ဘူး”ဟု ယူမာဒေသခံတစ်ဦးက ပြောသည်။

ယင်းဖြစ်စဉ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထိခိုက်သေဆုံးမှုရှိကြောင်း လူမှုကွန်ရက်၌ သတင်းဖော်ပြမှုများရှိသော်လည်း သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။ ဆက်လက် စုံစမ်းနေဆဲဖြစ်သည်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ကချင်ပြည်နယ်တွင် KIA နှင့် စစ်ကောင်စီအကြား တိုက်ပွဲများ စဥ်ဆက်မပြတ်ဖြစ်ပွားလျက်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊မိုးကောင်းမြို့မှာပြီးခဲ့တဲ့ရက်ပိုင်းတွေအတွင်းမိုးများတာကြောင့်ဧရာဝတီမြစ်ရေတက်လာပြီး မြို့ရဲ့မြေနိမ့်ပိုင်းရပ်ကွက်တွေမှာ ရေဘေးကြုံနေရတယ်လို့ဒေသခံတွေနဲ့လူမှုကူညီရေးလုပ်ကိုင်သူတွေဆီကသိရပါတယ်။

သတင်း

တိုက်ပွဲအတွင်း သေဆုံးသူတွေနဲ့ ထွက်ပြေးနေသူတွေရှိတယ်လို့ ဗိုလ်မှူးကြီးနော်ဘူ ပြော

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့က မြို့ခံပြည်သူတွေကို စစ်တပ်က စစ်ဘေးတိမ်းရှောင်ခွင့်မပြုကြောင်း ကြားသိရတယ်လို့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

သတင်း

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အာဏာသိမ်းစစ်တပ်က စတင်ဖမ်းဆီးထားစဉ်ကတည်းက သတင်းအစအနတွေ ဘာမှမကြားရကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA) သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောကြားပြီး ဒီလို သတင်းအစအန မကြားရလို့ ပြည်သူတွေက ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက်အန္တရာယ်ကို စိုးရိမ်နေကြရတာလို့ ပြောကြားပါတယ်။