Connect with us

Hi, what are you looking for?

LuduNwayOo

News

၀ိုင်းမော်နှင့် ဖားကန့်တွင် စစ်ကောင်စီတပ်ဖွဲ့များကို KIA ဆက်လက်တိုက်ခိုက်

“မနေ့ညက ဒုန်းဒုန်းဒိုင်းဒိုင်းနဲ့ကြားတယ် အောင်မြေ(၁) ဘက်မှာ ဖြစ်တယ်လို့ ပြောတာပဲ။ နာရီဝက်လောက်ဖြစ်တယ်လို့ ပြောတယ်” ဟု ၀ိုင်းမော်မြို့ခံတစ်ဦးက ပြောသည်။

ကချင်ပြည်နယ် ၀ိုင်းမော်မြို့နယ်နှင့် ဖားကန့်မြို့နယ်တို့တွင် စစ်ကောင်စီလက်နက်ကိုင်တပ်များကို ကချင်လက်နက်ကိုင်အဖွဲ့(KIA)က ဆက်လက်တိုက်ခိုက်ခဲ့ကြောင်း ဒေသခံများက ပြောသည်။ ၀ိုင်းမော်မြို့နယ် အောင်မြေ(၁) ရွာအနီးရှိ စစ်ကောင်စီတပ်စခန်းကို ယမန်နေ့(ဇူလိုင် ၁၁ရက်)ညပိုင်းတွင် KIA က တိုက်ခိုက်ခဲ့သည်။

“မနေ့ညက ဒုန်းဒုန်းဒိုင်းဒိုင်းနဲ့ကြားတယ် အောင်မြေ(၁) ဘက်မှာ ဖြစ်တယ်လို့ ပြောတာပဲ။ နာရီဝက်လောက်ဖြစ်တယ်လို့ ပြောတယ်” ဟု ၀ိုင်းမော်မြို့ခံတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များ သေဆုံးမှုရှိပြီး လက်နက်ခဲယမ်းများ KIA က သိမ်းဆည်းသွားကြောင်း လူမှုကွန် ရက်တွင် သတင်းဖော်ပြမှုများ တွေ့ရသော်လည်း အတိအကျမသိရဟု ၎င်းက ဆိုသည်။

လွန်ခဲ့သည့် ၄ရက်က ၀ိုင်းမော်မြို့နယ်ရှိ ခမရ(၃၂၁) တပ်ရင်းဌာနချုပ်ကို KIA က လာရောက်တိုက်ခိုက်ပြီးနောက် လုံခြုံရေးတပ်စခန်းငယ်ကို ယမန်နေ့ညက ထပ်မံတိုက်ခိုက်ခြင်း ဖြစ်ကြောင်း၊ ယင်းတပ်စခန်းကို မီးရှို့လိုက်ပြီဟု သိရကြောင်း ကချင်ဒေသခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

ယနေ့မနက်တွင်လည်း ဖားကန့်မြို့နယ် ယူမာကျေးရွာတွင် စစ်ကောင်စီလက်နက်ကိုင်များ မိုင်းဖြင့် တိုက်ခိုက်ခံရကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“အသံနှစ်ချက်တော့ ကြားလိုက်ရတယ်။ အသံက တော် တော်ကျယ်တယ်။ ယူမာကျေးရွာက စာသင် ကျောင်းနားမှာပဲတဲ့။ သေဆုံးတာတွေရှိတယ်လို့တော့ ပြောနေကြတာပဲ တစ်ယောက်နဲ့တစ်ယောက်။ ကျွန်မကတော့ အဲဒီလိုဖြစ်တော့အိမ်ကနေ ကိုမထွက်တော့ဘူး”ဟု ယူမာဒေသခံတစ်ဦးက ပြောသည်။

ယင်းဖြစ်စဉ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထိခိုက်သေဆုံးမှုရှိကြောင်း လူမှုကွန်ရက်၌ သတင်းဖော်ပြမှုများရှိသော်လည်း သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။ ဆက်လက် စုံစမ်းနေဆဲဖြစ်သည်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ကချင်ပြည်နယ်တွင် KIA နှင့် စစ်ကောင်စီအကြား တိုက်ပွဲများ စဥ်ဆက်မပြတ်ဖြစ်ပွားလျက်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

ရေးမြို့နယ် ခေါဇာမြို့နယ်ခွဲ၊ ကျုံညှဲကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ပြည်သူ့စစ်အဖွဲ့အား လက်နက်ဖြုတ်သိမ်းရန်နှင့် အရေးယူပေးရန် ပြည်သူများမှတိုင်ကြားလာ၍ ဧပြီ ၂၃ရက် တွင် ခေါ်ယူဖမ်းဆီး လက်နက်ဖြုတ်သိမ်းခဲ့သည်ဟု ဖော်ပြသည်။

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။