Connect with us

Hi, what are you looking for?

News

ကပ်ရောဂါရင်ဆိုင်ရင်း တော်လှန်ရေးမျက်ခြေမပြတ်အောင်ဆောင်ရွက်ကြရန် ပြည်ထောင်စုဝန်ကြီးချုပ်ပြော

လက်ရှိ ကိုဗစ်ရောဂါ ပြန့်ပွားနေခြင်းနှင့်ပတ်သက်ပြီး အကြမ်းဖက်စစ်ကောင်စီ၏ စီမံခန့်ခွဲနေသည့် ပုံစံသည် ပြည်သူများအပေါ် ရည်ရွယ်ချက်ရှိရှိ လူသတ်မှု ကျူးလွန်နေရာ ရောက်ကြောင်း ပြည်ထောင်စုဝန်ကြီး ချုပ်က ပြောသည်။

ကိုဗစ်ကပ်ရောဂါဆိုးကို ရင်ဆိုင်ရင်း တော်လှန်ရေးကို မျက်ခြေမပြတ်အောင်ဆောင်ရွက်ရန် အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောကြားသည်။

ယာယီသမ္မတဒူဝါလရှီးလ ဦးဆောင်သည့်အမျိုးသားညီညွတ်ရေးအစိုးရ ပုံမှန်အစည်းအဝေးကို ယနေ့ ကျင်းပခဲ့ရာ ပြည်ထောင်စုဝန်ကြီးချုပ်က အစည်းအဝေးတွင် အထက်ပါအတိုင်း ပြောကြားခဲ့သည်။

လက်ရှိ ကိုဗစ်ရောဂါ ပြန့်ပွားနေခြင်းနှင့်ပတ်သက်ပြီး အကြမ်းဖက်စစ်ကောင်စီ၏ စီမံခန့်ခွဲနေသည့် ပုံစံသည် ပြည်သူများအပေါ် ရည်ရွယ်ချက်ရှိရှိ လူသတ်မှု ကျူးလွန်နေရာ ရောက်ကြောင်း ပြည်ထောင်စုဝန်ကြီး ချုပ်က ပြောသည်။

အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် ကပ်ရောဂါဆိုးကြီးကို ရင်ဆိုင်ရင်း၊ တစ်ဘက်မှလည်း တော်လှန်ရေးကို မျက်ခြေမပြတ်လှုပ်ရှားဆောင်ရွက်နေရန်လိုအပ်ကြောင်း ပြည်ထောင်စုဝန်ကြီးချုပ်က ပြောကြားခဲ့သည်ဟု NUG က ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

မြန်မာနိုင်ငံတွင် ကြုံတွေ့နေရသော အခက်အခဲအားလုံး ၏ တရားခံသည် အကြမ်းဖက်စစ်အုပ်စုသာဖြစ် ၎င်းက ဆက်လက်ပြောကြားသည်။“သူတို့ကို အမြစ်ပြတ်ချေမှုန်း နိုင်မှသာ မြန်မာနိုင်ငံရဲ့ ဘေးဒုက္ခအပေါင်းချုပ်ငြိမ်းမယ်” ဆိုသည်ကို အမြဲနှလုံးသွင်းရန် ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောကြားခဲ့သည်။

ယခုကဲ့သို့ ကိုဗစ်ရောဂါပြန့်ပွားနေချိန် စစ်ကောင်စီက ဆေးပစ္စည်းတွေကို ရည်ရွယ်ချက်ရှိရှိ ထိန်းချုပ်ပြီး၊ ပုဂ္ဂ္ဂ္ဂလိက အောက်ဆီဂျင်စက်ရုံများကို စစ်တပ်အမိန့်ဖြင့် လိုက်ပိတ်နေခြင်းအပြင် ရောဂါဖြစ်ပွားနေသည့် ပြည်သူများအတွက် ကျန်းမာရေးအဆောက်အအုံများ စနစ်တကျ စီမံထားခြင်း များမရှိကြောင်း ဝန်ကြီးချုပ်က ပြောကြားသည်။

“နေ့စဉ် နေ့တိုင်း ပြည်သူတွေ တစ်ယောက်ပြီးတစ်ယောက်ကို လက်လွှတ်ဆုံးရှုံးနေရတာ တွေအတွက် အလွန် စိတ်မချမ်းမသာဖြစ်ရတယ်” ဟု ၎င်းက ဆိုသည်။ ဖေဖေါ်ဝါရီလကစပြီး ပြည်သူများသည် အကြမ်းဖက်စစ်ကောင်စီ နှိပ်စက်မှုကြောင့် ဒုက္ခမျိုးစုံ ရောက်ခဲ့ရပြီး ယခု ကပ်ရောဂါဘေးကိုပါ အကာအကွယ်မဲ့ခံစားနေရကြောင်း ပြည်ထောင်စုဝန်ကြီးချုပ်က ပြောသည်။

မြန်မာနိုင်ငံအနေဖြင့် ပထမလှိုင်း ၊ဒုတိယလှိုင်းများကို ဖြတ်ကျော်ခဲ့စဉ်က ခေါင်းဆောင်ကောင်း၏ လမ်းညွှန်မှု ၊အစိုးရဝန်ကြီးဌာနများ အားလုံး၏ ပူးပေါင်းဆောင်ရွက်မှု၊ အဓိကအားဖြင့် ပြည်သူတစ်ရပ်လုံး၏ အရပ်သားအစိုးရအပေါ် ယုံယုံကြည်ကြည်ပူးပေါင်းဆောင်ရွက်မှုများကြောင့် ရောဂါအန္တရယ်ကိုကျော်လွှားနိုင်ခဲ့ကြောင်း ၎င်း ကဆိုသည်။

စီးပွားရေးရပ်နားထားရမှုများကြောင့် ကြုံတွေ့ရသည့် အခက်အခဲများကိုလည်း စုပေါင်းအင်အားဖြင့် ကျော်လွှားနိုင်ခဲ့ကြကြောင်း၊ အကြမ်းဖက်စစ်ကောင်စီသည် ပြည်သူများကို COVID-19 ကပ်ရောဂါဆိုးမှ ကာကွယ်ပေးရန် မရှိ သည့်အပြင် ပိတ်ပင်တားဆီးမှုများကိုပါ လုပ်ကိုင်နေခြင်းက ၎င်းတို့၏ သဘောထားကို ရှင်းလင်းစွာ သိနိုင်ကြောင်း ပြည်ထောင်စုဝန်ကြီးချုပ်က ပြောသည်။

အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် ပြည်သူများကို တတ်နိုင်သမျှ အစွမ်းကုန်အကူအညီပေးနိုင်မည့် အစီအစဉ်များကို အမြန်ချမှတ်ရန်လိုကြောင်း ပြည်ထောင်စုဝန်ကြီးချုပ်က ပြောကြားခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ရေးအောင်မြင်မှုတွေ ဘယ်လောက်ပဲရရှိနေပါစေ၊ ပြည်သူ့မေတ္တာနဲ့ ယုံကြည်မှုကို ဆုံးရှုံးသွားရင် တော်လှန်ရေးဟာ အဓိပ္ပာယ်မဲ့သွားမှာဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက သတိပေးလိုက်ပါတယ်။

ဆောင်းပါး

အဓိကအချက်များ ကာလဝမ်းရောဂါ (ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ) သည် ရုတ်တရက်ဖြစ်ပွားသော ဝမ်းပျက်ရောဂါဖြစ်ပြီး ကုသမှုမရရှိပါက နာရီပိုင်းအတွင်း သေဆုံးနိုင်သည်။ ကာလဝမ်းရောဂါသည် သန့်ရှင်းစိတ်ချရသော ရေနှင့် အခြေခံမိလ္လာနှင့် ရေဆိုးစနစ်၊ သန့်ရှင်းရေးစနစ်များ လက်လှမ်းမမီနိုင်သော လူထုကို ထိခိုက်သက်ရောက်စေသည့် ဆင်းရဲမှု၏ ရောဂါ ဖြစ်သည်။ ပဋိပက္ခများ၊ စနစ်ကျသည့် မြို့ပြချဲ့ထွင်...

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF) အနေနဲ့ အာဏာသိမ်းစစ်ကောင်စီ ဖြုတ်ချဖို့အတွက် လုပ်ဆောင်သွားဖို့ ကြိုါ်ပမ်းလျက်ရှိရာ ပြည်သူတွေ ရပ်တည်ပေးကြဖို့ SCEF တာဝန်ရှိသူ တစ်ဦးဖြစ်တဲ့ ချင်းအမျိုးသားတပ်ဦး(CNF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောကြားပါတယ်။