စစ်ကိုင်းတိုင်း ရေဦးမြို့မှာ ကိုဗစ်ရောဂါကြောင့် မိခင်ရောဖခင်ပါ သေဆုံးခဲ့၍ ကလေးငယ်လေးဦးကျန်ခဲ့တယ်လို့ အဆိုပါမြို့ဒေသခံတစ်ဦးက ပြောပါတယ်။
ရေဦးမြို့ အောင်ဆန်းရပ်ကွက် (၂)လမ်းမှာနေထိုင်တဲ့ ခင်ပွန်းဖြစ်သူ ဦးတင်ထွန်းနဲ့ ဇနီးသည်ဒေါ်မြင့်မြင့်စံတို့ဟာ ငါးရက်သာခြားပြီး ကိုဗစ်ရောဂါကြောင့်သေဆုံးခဲ့တာလည်း ဖြစ်ပါတယ်။
ဦးတင်ထွန်းဟာ ဇူလိုင် ၁၁ရက်မှာ ဆုံးပါးခဲ့တာဖြစ်ပြီး ဇနီးဖြစ်တဲ့ ဒေါ်မြင့်မြင့်စံကတော့ ဒီကနေ့ညနေပိုင်းမှာ ထပ်မံသေဆုံးခဲ့တာလို့ ရေဦးမြို့ခံတစ်ဦးက ပြောပါတယ်။
မိဘနှစ်ပါးစလုံး ကိုဗစ်နဲ့သေဆုံးချိန်မှာ သမီးငယ်လေးဦးကျန်ရစ်ပြီး ကလေးလေးဦးစလုံးဟာ အသက်မပြည့်သေးသူတွေ ဖြစ်ပါတယ်။