Connect with us

Hi, what are you looking for?

News

မြန်မာ့ကိုဗစ်-၁၉အရေး နိုင်ငံတကာဝင်ရောက်စွက်ဖက်မှု အမြန်ဆုံးဆောင်ရွက်ဖို့ NUG တောင်းဆို

မြန်မာပြည်သူများဟာ စစ်အာဏာရှင်ရဲ့ မတရားအာဏာသိမ်းယူခြင်းကို တွန်းလှန်နေရသလို ကိုဗစ်-၁၉ တတိယလှိုင်းကို အလူးအလဲကာကွယ်နေရတဲ့အလွန်ဆိုးရွားတဲ့ တစ်မျိုးသားလုံးဆိုင်ရာ ကပ်ဘေးကို ကြုံတွေ့နေရတယ်လို့ NUG က ဆိုပါတယ်။

(​ဓါတ်ပုံ - တောင်ဒဂုံစက်မှုဇုန်၌ ​အောက်ဆီဂျင်ဖြည့်ရန် တန်းစီ​စောင့်ဆိုင်း​နေသူများကို ယမန်​နေ့ညက ​တွေ့ရစဥ်)

မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ မထိန်းသိမ်းနိုင်အောင် ဖြစ်ပွားနေတာကြောင့် နိုင်ငံတကာအသိုင်းအဝိုင်းက ကောင်းမွန်စနစ်ကျသောဝင်ရောက်စွက်ဖက်မှုကို အမြန်ဆုံးဆောင်ရွက်ပေးဖို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က ဒီနေ့တောင်းဆိုလိုက်ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရဟာ ဇူလိုင် ၁၈ ရက်စွဲနဲ့ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၊ နိုင်ငံတကာအသိုင်းအဝိုင်းများ၊ နိုင်ငံတကာအဖွဲ့အစည်းများ၊ အမျိုးသားအစိုးရ များနဲ့ စေတနာသဒ္ဒါတရားထက် သန်သောလူပုဂ္ဂိုလ်များထံ လိပ်မူပြီး မြန်မာနိုင်ငံမှာ ကိုဗစ် ၁၉ ဖြစ်ပွားမှုနှုန်း အလွန်အမင်းတိုးပွားလာချိန်မှာ ပြည်သူလူထုအတွက် လူသားချင်း စာနာမှုဆိုင်ရာအကူအညီများပေးနိုင်ရေး အရေးပေါ်မေတ္တာရပ်ခံစာပေးပို့တောင်းဆို တာဖြစ်ပါတယ်။

မြန်မာပြည်သူများဟာ စစ်အာဏာရှင်ရဲ့ မတရားအာဏာသိမ်းယူခြင်းကို တွန်းလှန်နေရသလို ကိုဗစ်-၁၉ တတိယလှိုင်းကို အလူးအလဲကာကွယ်နေရတဲ့အလွန်ဆိုးရွားတဲ့ တစ်မျိုးသားလုံးဆိုင်ရာ ကပ်ဘေးကို ကြုံတွေ့နေရတယ်လို့ NUG က ဆိုပါတယ်။

စစ်ကောင်စီဟာ ကျန်းမာရေးစနစ်နဲ့ ကျန်းမာရေးလုပ်သားများအပေါ် ပစ်မှတ်ထားနှိမ် နင်းနေပြီး ကိုဗစ်-၁၉ ကပ်ရောဂါကို စစ်လက်နက်တစ်ခုအဖြစ် ရည်ရွယ်ချက်ရှိရှိ အသုံး ချနေသည်မှာ တဖြည်းဖြည်းပေါ်လွင်လာတယ်လို့ NUG က ထုတ်ပြန်ပါတယ်။

Public Service Announcement

Public Service Announcement

နိုင်ငံတကာက ချက်ချင်းကူညီဆောင်ရွက်ခြင်းမရှိပါက မြန်မာနိုင်ငံဟာ မျိုးကွဲရောဂါသစ်အပါအဝင် ကိုဗစ်-၁၉ ပြန့်ပွားစေတဲ့အဓိကနိုင်ငံဖြစ်လာနိုင်ပြီး မြန်မာ့ပြဿနာဟာ ဒေ သတွင်းနဲ့ တစ်ကမ္ဘာလုံးရဲ့ ကျန်းမာရေးဆိုင်ရာကပ်ရောဂါကို ပြန်လည်ဖြစ်ပွားစေမယ့် နိုင်ငံငယ်တစ်ခုအဖြစ် ရှိနေကြောင့် ပြည်တွင်းရေးတစ်ခုတည်းမဟုတ်တော့ကြောင်း NUG က ဆိုပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ဂျပန်နိုင်ငံမှာ ပတ်စ်ပို့(နိုင်ငံကူးလက်မှတ်)သက်တမ်းမတိုးဘဲ ရပ်တည်နေတဲ့ မြန်မာနိုင်ငံသားတွေအတွက် လုပ်ငန်းခွင်အရည်အချင်းစစ် ဗီဇာ(Tokutei Gino)စာမေးပွဲဖြေဆိုဖို့ ကြုံနေရတဲ့ အခက်အခဲကို ဖြေရှင်းနိုင်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUGရဲ့ ဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ်ရုံးက ထုတ်ပြန်ပါတယ်။

သတင်း

မ​​လေးရှား​က သူ့နိုင်ငံ​ရောက်​နေတဲ့ရိုဟင်ဂျာနှစ်သိန်း​လောက်ကို မြန်မာကိုပြန်ပို့ချင်​နေတာဖြစ်ပါတယ်။

သတင်း

အမေရိကန် စီးပွားရေး လုပ်ငန်းရှင် တစ်ဦးကို ပြည်နှင်ဒဏ်​ပေးလိုက်ကြောင်း အာဏာသိမ်း စစ်တပ်က ထုတ်ပြန်ပါတယ်။

သတင်း

အမေရိကန် သမ္မတရဲ့ ညွှန်ကြားချက်အရ မြန်မာ အပါအဝင်နိုင်ငံ​ပေါင်း ၂၃ ခုကို ၂၀၂၇ ဘဏ္ဍာရေးနှစ်အတွက် တရားမဝင် မူးယစ်ဆေးဝါးထုတ်လုပ်ရာ၊ ဖြတ်သန်းသယ်ယူ ပို့ဆောင်ရာနိုင်ငံတွေအဖြစ်သတ်မှတ်ကြောင်းအမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနကစက်တင်ဘာ ၁၅ ရက်မှာထုတ်ပြန်ခဲ့ပါတယ်။