Connect with us

Hi, what are you looking for?

LuduNwayOo

News

မြန်မာ့ကိုဗစ်-၁၉အရေး နိုင်ငံတကာဝင်ရောက်စွက်ဖက်မှု အမြန်ဆုံးဆောင်ရွက်ဖို့ NUG တောင်းဆို

မြန်မာပြည်သူများဟာ စစ်အာဏာရှင်ရဲ့ မတရားအာဏာသိမ်းယူခြင်းကို တွန်းလှန်နေရသလို ကိုဗစ်-၁၉ တတိယလှိုင်းကို အလူးအလဲကာကွယ်နေရတဲ့အလွန်ဆိုးရွားတဲ့ တစ်မျိုးသားလုံးဆိုင်ရာ ကပ်ဘေးကို ကြုံတွေ့နေရတယ်လို့ NUG က ဆိုပါတယ်။

(​ဓါတ်ပုံ - တောင်ဒဂုံစက်မှုဇုန်၌ ​အောက်ဆီဂျင်ဖြည့်ရန် တန်းစီ​စောင့်ဆိုင်း​နေသူများကို ယမန်​နေ့ညက ​တွေ့ရစဥ်)

မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ မထိန်းသိမ်းနိုင်အောင် ဖြစ်ပွားနေတာကြောင့် နိုင်ငံတကာအသိုင်းအဝိုင်းက ကောင်းမွန်စနစ်ကျသောဝင်ရောက်စွက်ဖက်မှုကို အမြန်ဆုံးဆောင်ရွက်ပေးဖို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က ဒီနေ့တောင်းဆိုလိုက်ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရဟာ ဇူလိုင် ၁၈ ရက်စွဲနဲ့ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၊ နိုင်ငံတကာအသိုင်းအဝိုင်းများ၊ နိုင်ငံတကာအဖွဲ့အစည်းများ၊ အမျိုးသားအစိုးရ များနဲ့ စေတနာသဒ္ဒါတရားထက် သန်သောလူပုဂ္ဂိုလ်များထံ လိပ်မူပြီး မြန်မာနိုင်ငံမှာ ကိုဗစ် ၁၉ ဖြစ်ပွားမှုနှုန်း အလွန်အမင်းတိုးပွားလာချိန်မှာ ပြည်သူလူထုအတွက် လူသားချင်း စာနာမှုဆိုင်ရာအကူအညီများပေးနိုင်ရေး အရေးပေါ်မေတ္တာရပ်ခံစာပေးပို့တောင်းဆို တာဖြစ်ပါတယ်။

မြန်မာပြည်သူများဟာ စစ်အာဏာရှင်ရဲ့ မတရားအာဏာသိမ်းယူခြင်းကို တွန်းလှန်နေရသလို ကိုဗစ်-၁၉ တတိယလှိုင်းကို အလူးအလဲကာကွယ်နေရတဲ့အလွန်ဆိုးရွားတဲ့ တစ်မျိုးသားလုံးဆိုင်ရာ ကပ်ဘေးကို ကြုံတွေ့နေရတယ်လို့ NUG က ဆိုပါတယ်။

စစ်ကောင်စီဟာ ကျန်းမာရေးစနစ်နဲ့ ကျန်းမာရေးလုပ်သားများအပေါ် ပစ်မှတ်ထားနှိမ် နင်းနေပြီး ကိုဗစ်-၁၉ ကပ်ရောဂါကို စစ်လက်နက်တစ်ခုအဖြစ် ရည်ရွယ်ချက်ရှိရှိ အသုံး ချနေသည်မှာ တဖြည်းဖြည်းပေါ်လွင်လာတယ်လို့ NUG က ထုတ်ပြန်ပါတယ်။

Public Service Announcement

Public Service Announcement

နိုင်ငံတကာက ချက်ချင်းကူညီဆောင်ရွက်ခြင်းမရှိပါက မြန်မာနိုင်ငံဟာ မျိုးကွဲရောဂါသစ်အပါအဝင် ကိုဗစ်-၁၉ ပြန့်ပွားစေတဲ့အဓိကနိုင်ငံဖြစ်လာနိုင်ပြီး မြန်မာ့ပြဿနာဟာ ဒေ သတွင်းနဲ့ တစ်ကမ္ဘာလုံးရဲ့ ကျန်းမာရေးဆိုင်ရာကပ်ရောဂါကို ပြန်လည်ဖြစ်ပွားစေမယ့် နိုင်ငံငယ်တစ်ခုအဖြစ် ရှိနေကြောင့် ပြည်တွင်းရေးတစ်ခုတည်းမဟုတ်တော့ကြောင်း NUG က ဆိုပါတယ်။

ဆက်စပ်သတင်းများ

မေးမြန်းခန်း

အမျိုးသားညီညွတ်ရေးအစိုးရ​NUG သမ္မတရုံးပြောခွင့်ရပုဂ္ဂိုလ်ဦးကျော်ဇောကို People’s Spring လူထုနွေဦးသတင်းဌာနက ဆက်သွယ်မေးမြန်းထားပါသည်။

သတင်း

ယနေ့ (ဧပြီ ၁၆ရက်) တွင် ကျရောက်သည့် NUG ဖွဲ့စည်းမှု ၃နှစ်ပြည့်တွင် ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက မိန့်ခွန်းပြောကြားခဲ့ရာ ယခုကဲ့သို့ ထည့်သွင်း ပြောကြားခဲ့သည်။

သတင်း

မြန်မာနိုင်ငံမှာ အစုအဖွဲ့ပေါင်းစုံရဲ့ သဘောထား အမြင်တွေကို ကိုယ်စားပြု ထင်ဟပ်စေမယ့် ဒီမိုကရက်တစ် အုပ်ချုပ်မှု လမ်းစဉ်မျိုး ပေါ်ထွန်းလာနိုင်အောင် NUGက ကြိုးစားနေတဲ့အပေါ် အတိုင်ပင်ခံပုဂ္ဂိုလ်ရှိုလတ်က အသိအမှတ်ပြု ကြိုဆိုခဲ့ပါတယ်။

သတင်း

ပေါက်ကွဲမှုကြောင့် နေပြည်တော် အေလာလေဆိပ်အနီး၊ လယ်ဝေးနှင့် ပျဥ်းမနားမြို့စွန်တို့တွင် ဖုန်းလိုင်းအချို့ ယာယီပြတ်တောက်မှုဖြစ်ခဲ့ကြောင်း ဒေသခံပြည်သူတို့က ပြောသည်။