Connect with us

Hi, what are you looking for?

LuduNwayOo

News

မင်းတပ်တွင် ကျေးလက်ဒေသ၌ ခိုလှုံနေသည့် စစ်ရှောင်များကို UNHCR၏ အကူအညီ ပေးပို့ရန် စစ်​ကောင်စီခွင့်မပြု

“သူတို့က ပြည်သူကို စေတနာမထားဘူး။ ဘယ်လိုပြောမလဲ ပြည်သူတွေကို ဒုက္ခပေးမယ်။ အဲဒီလိုဆိုတော့ အဲဒါကို ကျွန်တော်တို့က အထူးတလည်သွားပြီးမှ ပြစ်တင်ရှုတ်ချတာ ကွန်ပလိန်းလုပ်တာ ဘာညာ ပြောမနေတော့ဘူးလေ။ ပြောလည်း မပြောဘူး ကျွန်တော်တို့က သူတို့ကို ဖြုတ်ချဖို့ ကြိုးစားနေတဲ့သူတွေဆိုတော့လေ”

အာဏာသိမ်းစစ်ကောင်စီ၏ ကန့်သတ်ပိတ်ပင်မှုများကြောင့် ချင်းပြည်နယ် မင်းတပ်မြို့သို့ ရောက်ရှိနေသည့် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး(UNHCR) ၏ အကူအညီပေးရေးအဖွဲ့အနေဖြင့် စစ်ရှောင်များထံ ကူညီရေးပစ္စည်းများ ပေးပို့ရန် အခက်ကြုံနေကြောင်း မင်းတပ်စစ်ရှောင်ကူညီရေးအဖွဲ့တာဝန်ရှိသူက ပြောသည်။

မင်းတပ်မြို့နယ်ရှိ အိမ်ထောင်စု ၁၀၀၀ ခန့်အား အကူ အညီပေးနိုင်မည့် ပစ္စည်းများ ပါသော UNHCR ယာဉ်တန်းသည် ဇူလိုင် ၁၉ရက်တွင် မင်းတပ်မြို့သို့ ရောက်ရှိပြီးမြို့ပေါ်ရှိ စစ်ရှောင်မိသားစု များအား ကူညီထောက်ပံ့မှုများ ပြုလုပ်ခဲ့သည်။ သို့ရာတွင် မင်းတပ်မြို့နယ်အတွင်းရှိ ကျေးလက်ဒေသများ၌ ခိုလှုံနေသော စစ်ရှောင်များအား အကူအညီပေးရန် မှာ စစ်ကောင်စီ၏ ခွင့်ပြုချက် မရ၍ စစ်ရှောင်များ အကူအညီရရှိရေး အဟန့်အတားကြုံနေရဟု မင်းတပ်စစ်ရှောင်ကူညီရေး တာဝန်ရှိသူက ပြောသည်။

“အစကတည်းက စစ်ကောင်စီခွင့်ပြုလို့ပဲ မင်းတပ်မြို့ကို ဝင်ခွင့်ရတာလေ။ ပြီးတော့ စစ်ကောင်စီက ဒီနေရာ ဒီနေရာပဲပေးရမယ် သူတို့ဆီမှာ စာရင်းဝင်တဲ့သူတွေကိုပဲ ပေးရမယ် ဆိုပြီးမှပြောတဲ့အတွက်ကြောင့် စစ်ကောင်စီ အသိအမှတ်ပြုတဲ့ စခန်းမှာ စစ်ကောင်စီ အသိအမှတ်ပြုတဲ့ စာရင်းဝင်တဲ့သူတွေကိုပဲ သူတို့က ပေးရမှာပေါ့။ အဲဒီလို ဆိုတော့ မြို့ပေါ်မှာ နေတဲ့သူကို တကယ့်တကယ်လည်း ပေးတော့ နည်းနည်းလေးပဲ ပေးလို့ရတယ်ပြောတယ်။ ပိုတဲ့ဟာတွေကိုလည်း စစ်ကောင်စီကခွင့်မပြုတာပေ့။ ပြောရရင် စစ်ကောင်စီက UNHCRကို တောတောင်ထဲက စခန်းတွေကို လာခွင့်မပြုဘူး အဲဒါတွေကိုလည်း စစ်ကောင်စီက စစ်ရှောင်စခန်းလို့ အသိအမှတ်မပြုဘူးပေါ့” ဟု ၎င်းက ဆိုသည်။

မြို့ပေါ်တွင် စစ်ရှောင်မိသားစု အနည်းငယ်သာရှိပြီး ကျေးလက်တောရွာများ၌ သွားရောက်ခိုလှုံနေသည့် စစ်ရှောင် ဦးရေ ၆၀၀၀ ကျော်ရှိကြောင်း မင်းတပ်ကူညီရေးအဖွဲ့တာဝန်ရှိသူက ပြောသည်။

Public Service Announcement

Public Service Announcement

UNHCR က ပေးအပ်မည့် ကူညီရေးပစ္စည်းများမှာ COVID-19 ကာကွယ်ရေးအတွက် တကိုယ်ရေသုံး အကာအကွယ် ပစ္စည်းကိရိယာများ၊ အစားအစာမဟုတ်သည့် ပစ္စည်းများအနက်မှ တာပေါ်လင်များ၊ ခြင်ထောင်များ၊ ဖျာများ၊ စောင်များ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ နေရောင်ခြည်စွမ်းအင်သုံး မီးအိမ်များ ပါဝင်သည်။

အဆိုပါ ပစ္စည်းများ ဖြန့်ဝေမှုများကို UNHCR ဝန်ထမ်းများနှင့် ယုံကြည်စိတ်ချရသော မိတ်ဖက်အဖွဲ့အစည်းများမှ အကူအညီလိုအပ်နေသူ တစ်ဦးချင်းနှင့် ရပ်ရွာလူထုသို့ လွှဲပြောင်းပေးအပ်မည် ဖြစ်ကြောင်း UNHCRက ထုတ်ပြန်ထားသည်။

ထိုသို့ ဆောင်ရွက်နေစဉ် UNHCRမှ ၎င်းတို့၏ လိုအပ်ချက်များနှင့် စိုးရိမ်မှုများကို ပိုမိုသိရှိနားလည်နိုင်ရေးအတွက် ရပ်ရွာလူထုများ၊ ဘာသာရေးအုပ်စုများမှ ကိုယ်စားလှယ်များနှင့် တွေ့ဆုံမည်ဖြစ်ကြောင်း၊ ချင်းပြည်နယ်နှင့် နိုင်ငံအဝှမ်းရှိ အဓိကကျသော လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီ လိုအပ်နေသူများထံ အထောက်အပံ့များ ပေးအပ်ရန် ကတိပြုကြောင်းလည်း ထုတ်ပြန်ခဲ့သည်။

UNHCR အနေဖြင့်လည်း အမှန်တကယ် စစ်ရှောင်နေသူများကိုသာ ကူညီမည်ဖြစ်ရာ စစ်ကောင်စီက မည်သည့်အတွက်ကြောင့် ခွင့်မပြုသည်ကို မသိကြောင်း မင်းတပ်စစ်ရှောင်ကူညီရေးတာဝန်ရှိသူက ပြောသည်။

“သူတို့က ပြည်သူကို စေတနာမထားဘူး။ ဘယ်လိုပြောမလဲ ပြည်သူတွေကို ဒုက္ခပေးမယ်။ အဲဒီလိုဆိုတော့ အဲဒါကို ကျွန်တော်တို့က အထူးတလည်သွားပြီးမှ ပြစ်တင်ရှုတ်ချတာ ကွန်ပလိန်းလုပ်တာ ဘာညာ ပြောမနေတော့ဘူးလေ။ ပြောလည်း မပြောဘူး ကျွန်တော်တို့က သူတို့ကို ဖြုတ်ချဖို့ ကြိုးစားနေတဲ့သူတွေဆိုတော့လေ” ဟု မင်းတပ်စစ်ရှောင် ကူညီရေး တာဝန်ရှိသူတစ်ဦးက ပြောသည်။

မင်းတပ်မြို့တွင် မေလအတွင်းက ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့(CDF)နှင့် စစ်ကောင်စီတပ်များအကြား တိုက်ပွဲပြင်းထန်ခဲ့၍ မြို့ပေါ်နေပြည်သူ သောင်းနှင့်ချီပြီး စစ်ဘေးတိမ်းရှောင်ခဲ့ရသည်။ တစ်လခွဲနီးပါး ကြာမြင့်ခဲ့သည့် မင်းတပ်ဒေသ တိုက်ပွဲများတွင် နှစ်ဖက်ထိခိုက်သေဆုံးမှုများရှိခဲ့ပြီး စစ်ကောင်စီဘက်က သေဆုံးမှု ပိုများသည်။ နောက်ပိုင်းတွင် စစ်ရှောင်များ မြို့ပေါ်သို့ ပြန်လည်နေထိုင်နိုင်ရေးအပါအဝင် နှစ်ဖက်ညှိနှိုင်းပြီးနောက် ယာယီအပစ်ရပ်စဲရေး ကြေညာခဲ့သည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

အယောက်(၈၀)ကျော်လောက်ပါတဲ့အာဏာသိမ်းစစ်ကောင်စီစစ်ကြောင်းက ရွာစဥ်တလျှောက် လူသတ်မီးရှို့နေပြီး သူတို့ကိုင်းရွာကိုပါ ရောက်ရှိလာလို့ ဒေါ်တင်ခိုင်တို့တရွာလုံး ထွက်ပြေးတိမ်းရှောင်လာခဲ့ကြရတာပါ။

သတင်း

KIAသည် မိုးမောက်နှင့် လွယ်ဂျယ်မြို့ကြား စိန်လုံတောင်တလျှောက်ရှိ စစ်ကောင်စီစခန်းများကို ပြီးခဲ့သည့် မတ်လဆန်းက တိုက်ခိုက်သိမ်းယူခဲ့သည်။

သတင်း

လွန်ခဲ့သည့်ရက်အနည်းငယ်အတွင်းမှာပင် ဒေသခံပြည်သူ ထောင်နှင့်ချီ၍ တာချ်ခရိုင်၊ မဲဆောက်မြို့နှင့် အခြားဒေသများသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း ဖော်ပြသည်။

သတင်း

ဒုက္ခရောက်နေသူများအား ကူညီရာ၌ ဆရာတော် ကိုင်ဆွဲသည့် အဓိကသဘောထားများမှာ ဘာလူမျိုးလဲမမေးရန်၊ ဘယ်ဘာသာ ကိုးကွယ်လည်းမမေးရန်၊ လူအချင်းချင်းဟုသာ မြင်ကြရန် ဆိုသည့်အချက်များဖြစ်သည်ဟု ခွန်ရိန်းယံက ပြောပြသည်။