Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီက အရပ်သားများပစ်မှတ်ထားတိုက်ခိုက်မှုကြောင့် စစ်ရှောင်ဦးရေပိုများလာနိုင်၍ အရေးပေါ် ကူညီထောက်ပံ့ပေးရန် ထိုင်းအစိုးရအား NUG မေတ္တာရပ်ခံ

လွန်ခဲ့သည့်ရက်အနည်းငယ်အတွင်းမှာပင် ဒေသခံပြည်သူ ထောင်နှင့်ချီ၍ တာချ်ခရိုင်၊ မဲဆောက်မြို့နှင့် အခြားဒေသများသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း ဖော်ပြသည်။

(တိုက်ပွဲဖြစ်ပွားမှုကြောင့် ထိုင်းနိုင်ငံ မဲဆောက်မြို့ ထွက်ပြေးတိမ်းရှောင်လာသော စစ်ဘေးရှောင်များအား ဧပြီ ၂၀ရက်က တွေ့ရစဉ်။ ဓာတ်ပုံ - The Reporters)
(တိုက်ပွဲဖြစ်ပွားမှုကြောင့် ထိုင်းနိုင်ငံ မဲဆောက်မြို့ ထွက်ပြေးတိမ်းရှောင်လာသော စစ်ဘေးရှောင်များအား ဧပြီ ၂၀ရက်က တွေ့ရစဉ်။ ဓာတ်ပုံ - The Reporters)

သက်ဝေ/People’s Spring

ထိုင်း – မြန်မာနယ်စပ် မြဝတီမြို့နှင့်အနီးတဝိုက်ဒေသအတွင်း တော်လှန်ရေးအင်အားစုများ နှင့် အကြမ်းဖက်စစ်အုပ်စုတို့အကြား ဖြစ်ပွားနေသော တိုက်ပွဲများတွင် စစ်အုပ်စုက အရပ်သားပြည်သူများ၏ နေအိမ်အဆောက်အအုံ၊ အသက်အိုးအိမ်စည်းစိမ်တို့အား ပစ်မှတ်ထား တိုက်ခိုက်မှုများပြုလုပ်ခဲ့သဖြင့် စစ်ဘေးရှောင်ဦးရေတိုးလာနေပြီး အရေးပေါ် အကူအညီများ ပံ့ပိုးပေးရန် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နိုင်ငံခြားရေးဝန်ကြီးဌာနက ထိုင်းအစိုးရထံ မေတ္တာရပ်ခံ ပန်ကြားချက် ထုတ်ပြန်သည်။

လွန်ခဲ့သည့်ရက်အနည်းငယ်အတွင်းမှာပင် ဒေသခံပြည်သူ ထောင်နှင့်ချီ၍ တာချ်ခရိုင်၊ မဲဆောက်မြို့နှင့် အခြားဒေသများသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း ဖော်ပြသည်။

(တိုက်ပွဲဖြစ်ပွားမှုကြောင့် ထိုင်းနိုင်ငံ မဲဆောက်မြို့ ထွက်ပြေးတိမ်းရှောင်လာသော စစ်ဘေးရှောင်များအား ဧပြီ ၂၀ရက်က တွေ့ရစဉ်။ ဓာတ်ပုံ - The Reporters)
(တိုက်ပွဲဖြစ်ပွားမှုကြောင့် ထိုင်းနိုင်ငံ မဲဆောက်မြို့ ထွက်ပြေးတိမ်းရှောင်လာသော စစ်ဘေးရှောင်များအား ဧပြီ ၂၀ရက်က တွေ့ရစဉ်။ ဓာတ်ပုံ – The Reporters)

ထိုသို့တိမ်းရှောင်ထွက်ပြေးလာသည့် စစ်ဘေးရှောင်ပြည်သူများအတွက် နေရာထိုင်ခင်း စီစဉ်ကာ လိုအပ်သည့်ကယ်ဆယ်ကူညီထောက်ပံ့မှုများ ပေးအပ်ခဲ့ပါသော ထိုင်းအစိုးရ၊ ထိုင်းတော်ဝင် တပ်မတော်၊ နယ်စပ်လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် တက်ခ်ခရိုင်တာဝန်ရှိသူများအားလုံးကို မြန်မာပြည်သူများကိုယ်စား ကျေးဇူးတင် ကြောင်း ထုတ်ပြန်ကာ အိမ်နီးချင်းကောင်း ပီသသည့် အဆိုပါဆောင်ရွက်ချက်ကို မြန်မာပြည်သူ များအနေဖြင့် အမြဲအမှတ်ရနေမည် ဖြစ်ကြောင်း ဖော်ပြသည်။

Public Service Announcement

Public Service Announcement

(တိုက်ပွဲဖြစ်ပွားမှုကြောင့် ထိုင်းနိုင်ငံ မဲဆောက်မြို့ ထွက်ပြေးတိမ်းရှောင်လာသော စစ်ဘေးရှောင်များအား ဧပြီ ၂၀ရက်က တွေ့ရစဉ်။ ဓာတ်ပုံ - The Reporters)
(တိုက်ပွဲဖြစ်ပွားမှုကြောင့် ထိုင်းနိုင်ငံ မဲဆောက်မြို့ ထွက်ပြေးတိမ်းရှောင်လာသော စစ်ဘေးရှောင်များအား ဧပြီ ၂၀ရက်က တွေ့ရစဉ်။ ဓာတ်ပုံ – The Reporters)

စစ်အုပ်စုအနေဖြင့် အရပ်သားပြည်သူလူထုနှင့် အရပ်ဘက်အဆောက်အအုံများကို ပစ်မှတ်ထားသည့် တိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်နေဆဲဖြစ်၍ စစ်ဘေးရှောင် ပြည်သူဦးရေ ဆက်လက် များပြားလာနိုင်ကြောင်း NUGက မှန်းဆထားပြီး သက်ဆိုင်ရာတာဝန်ရှိသူများအနေဖြင့် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ ကူညီထောက်ပံ့မှုများ၊ နေရာထိုင်ခင်းများအား အရေးပေါ် လိုအပ်နေသည့် ပြည်သူများအတွက်ကူညီထောက်ပံ့ပေးပါရန် မေတ္တာရပ်ခံခဲ့သည်။

အမျိုးသားညီညွတ်ရေးအစိုးရနှင့် မဟာမိတ်တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများ အနေဖြင့်လည်း ထိုင်းအစိုးရ၊ သက်ဆိုင်ရာအဖွဲ့အစည်းများနှင့်အတူ မြန်မာပြည်သူများကို အကူအညီပေးနိုင်ရေးအတွက် ကဏ္ဍပေါင်းစုံ၌ ပူးပေါင်း‌ ဆောင်ရွက်သွားရန် အသင့်ရှိနေပါကြောင်း အသိပေးသည်။

(တိုက်ပွဲဖြစ်ပွားမှုကြောင့် ထိုင်းနိုင်ငံ မဲဆောက်မြို့ ထွက်ပြေးတိမ်းရှောင်လာသော စစ်ဘေးရှောင်များအား ဧပြီ ၂၀ရက်က တွေ့ရစဉ်။ ဓာတ်ပုံ - The Reporters)
(တိုက်ပွဲဖြစ်ပွားမှုကြောင့် ထိုင်းနိုင်ငံ မဲဆောက်မြို့ ထွက်ပြေးတိမ်းရှောင်လာသော စစ်ဘေးရှောင်များအား ဧပြီ ၂၀ရက်က တွေ့ရစဉ်။ ဓာတ်ပုံ – The Reporters)

မြ၀တီ၌ နောက်ဆုံးကျန်နေသည့် ခလရ(၂၇၅)မှ စစ်ကောင်စီတပ်သားများသည် ဧပြီ ၁၀ရက် ညပိုင်းကတည်းက နယ်စပ်ရှိ ချစ်ကြည်ရေးတံတားအမှတ်(၂)၌ ပုန်းခိုတိမ်းရှောင်နေရာ ကရင်အမျိုးသားအစည်းအရုံး(KNU) ဦးဆောင်သည့် ပူးပေါင်းတပ်က ဧပြီ ၁၉ရက်ညပိုင်းက စတင် တိုက်ခိုက်ခဲ့ရာ ယနေ့ နံနက်ထိ တိုက်ပွဲပြင်းထန်ခဲ့သည်။

စစ်ကောင်စီတပ်က လေကြောင်းပစ်ကူပေး တိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်ခဲ့ရာ မြ၀တီမြို့ပေါ် ရှိ ပြည်သူလူထုနေအိမ်များ ထိခိုက်ပျက်စီးခဲ့ပြီး အရပ်သားသေဆုံးထိခိုက်မှုများ ၊ စစ်ဘေးတိမ်းရှောင်ရမှုများရှိလာသည့် အခြေအနေတွင် တော်လှန်ရေးပူးပေါင်းတပ်က ယနေ့နံနက်တွင် တိုက်ပွဲဖြစ်ရာမှ ပြန်လည် ဆုတ်ခွာခဲ့ခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေး PDF တပ်ဖွဲ့စည်းပုံ ပြောင်းလဲချိန် လွှဲပေးရမယ့် ဘဏ္ဍာရေးနဲ့ရွှေလုပ်ငန်းဆိုင်ရာ စာရင်းတွေ ဖျက်ဆီးခဲ့ဟု ဖော်ပြ

သတင်း

စစ်သားတွေကို မူးယစ်ဆေးရောင်းချပြီး ပျော်အောင်ထား လိုရာစေခိုင်းနေဟု အလင်းဝင်လာတဲ့ စစ်မှုထမ်းတပ်သား ဖွင့်ဟ

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။