Connect with us

Hi, what are you looking for?

LuduNwayOo

News

ကလေးမြို့ပေါ်တိုက်ခိုက်မှု စစ်ကောင်စီတပ်သား နှစ်ဦးသေဟု ကလေး PDFထုတ်ပြန်

တိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်သား အနည်းဆုံး နှစ်ဦးကို အသေပစ်ခတ် သုတ်သင်နိုင်ခဲ့ပြီး PDF (Kalay) တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့ ကြောင်း ဖော်ပြထားသည်။

ကလေးမြို့ တာဟန်းရပ်ကွက် နေကြာတိုက်လမ်းနှင့် ဝယ်စလီဆေးရုံလမ်း အကြား ဗိုလ်ချုပ်လမ်းမကြီးပေါ်ရှိ အကြမ်းဖက်စစ်ကောင်စီ၏ ကင်းစခန်းများကို ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ကလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)က သတင်းထုတ်ပြန်သည်။

တိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်သား အနည်းဆုံး နှစ်ဦးကို အသေပစ်ခတ် သုတ်သင်နိုင်ခဲ့ပြီး PDF (Kalay) တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့ ကြောင်း ဖော်ပြထားသည်။