Connect with us

Hi, what are you looking for?

LuduNwayOo

News

KNUနယ်မြေ၌တစ်ပတ်အတွင်း တိုက်ပွဲငယ်၃၀ခန့်ဖြစ်၊ စစ်ကောင်စီ ၂၆ဦးသေဟု ထုတ်ပြန်

င် ၁၅ရက်မှ ၂၂ရက်နေ့အထိ တိုက်ပွဲငယ် ၂၉ကြိမ်ရှိခဲ့ကြောင်း၊ စစ်ကောင်စီဘက်မှ တပ်ရင်းမှူးတစ်ဦး အပါ အဝင် ဒဏ်ရာရသူ ၃၅ဦးရှိခဲ့ကြောင်း ထုတ်ပြန်ချက်၌ ပါရှိသည်။

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေ ကရင်ပြည်နယ် ဖာပွန်(မူတြော်)ခရိုင် ၌ တစ်ပတ်အတွင်း အာဏာသိမ်းစစ်ကောင်စီနှင့် တိုက်ပွဲငယ် ၂၉ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၆ဦးသေဆုံးကြောင်း တပ်မဟာ(၅)က ယနေ့ထုတ်ပြန်သည်။

ဇူလိုင် ၁၅ရက်မှ ၂၂ရက်နေ့အထိ တိုက်ပွဲငယ် ၂၉ကြိမ်ရှိခဲ့ကြောင်း၊ စစ်ကောင်စီဘက်မှ တပ်ရင်းမှူးတစ်ဦး အပါ အဝင် ဒဏ်ရာရသူ ၃၅ဦးရှိခဲ့ကြောင်း ထုတ်ပြန်ချက်၌ ပါရှိသည်။

ထို့ပြင် စစ်ကောင်စီတပ်ဖွဲ့၏ ကား ၂စီး ပျက်စီးခဲ့သည်ဟု ဖော်ပြထားသည်။

တိုက်ပွဲဖြစ်စဉ်အတွင်း အရပ်သား တစ်ဦး သေဆုံးခဲ့ပြီး စစ်ကောင်စီဘက်မှ လက်နက်ကြီးများ ပစ်ခတ်ခြင်းကြောင့် ကျွဲ ၅ကောင် ကျည်ထိမှန် သေဆုံးခဲ့သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

ဖာပွန်မြို့ဝင်တံတားတစ်ခုမိုင်းဖောက်ခွဲခံရ၍ ကျိုးကျ ပျက်စီး ခြင်းနှင့်ပတ်သက်ပြီးစစ်ကောင်စီက ဖာပွန်မြို့နေ လူငယ်အချို့ကို စွပ်စွဲထားကြောင်း၊ ထို့ပြင် ၎င်းလူငယ်များ၏ ဖခင်များကို စစ်ကောင်စီက ဖမ်းဆီးခေါ်ဆောင်ကာ အကြပ်ကိုင်နေကြောင်း KNU တပ်မဟာ (၅)က ထုတ်ပြန်သည်။

အာဏာသိမ်းစစ်ကောင်စီနှင့် ၎င်း၏ လက်အောက်ခံ ကရင်နယ်ခြားစောင့်တပ်ဖွဲ့(BGF)တို့က စစ်ရေးလှုပ်ရှား မှုများ တိုးမြှင့်လုပ်ဆောင်လာ၍ တပ်မဟာ(၅) နယ်မြေတွင် နေ့စဉ်နီးပါးတိုက်ပွဲဖြစ်ပွားနေသည်ဟု တပ်မဟာ (၅)ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီးစောကလယ်ဒိုက ပြောကြားထားသည်။

ဆက်စပ်သတင်းများ

သတင်း

လှိုင်သာယာနှင့် အင်းစိန်မြို့နယ်တို့တွင် ယနေ့ ပေါက်ကွဲမှုများဖြစ်ခဲ့၍ စစ်ဆေးခြင်းဟုလည်း ဒေသခံအချို့က ပြောသည်။

သတင်း

စစ်ကောင်စီတပ်က လေကြောင်းမှ အဆိပ်ငွေ့ဗုံးများ၊ မီးလောင်ဗုံးများအသုံးပြုတိုက်ခိုက်လာကောင်းလည်း ဗိုလ်မှူးက ပြောသည်။ ကျားဖြူစစ်ကြောင်းမှ ရဲဘော်လေးဦးလည်း မစိုးရိမ်ရ ဒဏ်ရာရရှိကြောင်းလည်း ၎င်းက ဆက်ပြောသည်။

သတင်း

မြန်မာနိုင်ငံမှာ နိုင်ငံသားတွေ၊ အာဆီယံ အဖွဲ့ဝင်တွေ အပါအဝင် နိုင်ငံခြားသားတွေ အားလုံးရဲ့ လုံခြုံဘေးကင်းရေးကို အလေးထား ဆောင်ရွက်ပေးဖို့ကလည်း အထူးအရေးပါတဲ့ တောင်းဆိုမှု တစ်ခုလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားခဲ့ပါတယ်။

သတင်း

Urban Freedom စစ်ဆင်ရေးအနေဖြင့် ပထမဆုံးလုပ်ဆောင်မှုကို ဧပြီ ၁၀ ရက်တွင် မင်္ဂလာဒုံမြို့မရဲစခန်းကို တိုက်ခိုက်ခြင်းဖြင့် စတင်ခဲ့ပြီး ယင်းစစ်ဆင်ရေးတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးသေဆုံးကာ သုံးဦးဒဏ်ရာရရှိခဲ့သည်။