Connect with us

Hi, what are you looking for?

News

မြန်မာ့ ကိုဗစ်အရေး ကုလလုံခြုံရေးကောင်စီက ထိရောက်တဲ့ အကူအညီတွေ ချက်ချင်းချမှတ်ပေးဖို့ SAC-M တိုက်တွန်း

စစ်အုပ်စုဟာ ကပ်ဘေးသက်သာစေရေး အကူအညီတွေကို ပေးပို့ရာမှာ အတူလက်တွဲလုပ်ဆောင်လို့ရတဲ့ မိတ်ဖက်တွေ မဟုတ်ပါဘူး။ ဒါကြောင့် တကယ့်မြေပြင်မှာ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီတွေ ရှိနေဖို့ လိူအပ်ပါတယ်။

ကိုဗစ်-၁၉ တတိယလှိုင်း ဆိုးရွားစွာ ရင်ဆိုင်နေရတဲ့ မြန်မာနိုင်ငံကို ကုလသမဂ္ဂလုံခြုံရေးကောင်စီက ထိရောက်တဲ့အကူအညီတွေ ချက်ချင်းချမှတ်ပေးဖို့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ(SAC-M)က တိုက်တွန်းလိုက်ပါတယ်။

ကုလလုံခြုံရေးကောင်စီအနေနဲ့ လက်ရှိမြေပြင်မှာ လူမှုဝန်ထမ်းတွေ ခန့်ထားခြင်း၊ မြန်မာပြည်သူတွေကို အသက်ကယ်ဖို့လိုအပ်တဲ့ ပစ္စည်းတွေ အပါအဝင် နိုင်ငံတကာလူသားချင်းစာနာမှုအကူအညီတွေ တရားဝင်ချမှတ်ဖို့ SAC-M က ပြောပါတယ်။

မြန်မာစစ်တပ်ဟာ အာဏာသိမ်းဖို့ ကြိုးပမ်းတဲ့ လွန်ခဲ့တဲ့ ၆ လကစလို့ ကိုဗစ်-၁၉ ကပ်ရောဂါကိုစည်းလွတ်ဝါးလွတ်လွှတ်ထားခဲ့ပြီး မအောင်မြင်တဲ့ အာဏာသိမ်းမှုက တိုင်းပြည်ရဲ့ကျန်းမာရေးပြိုလဲမှုကို ဖြစ်စေတယ်လို့ SAC-M က ဆိုပါတယ်။

လက်ရှိမှာ ကိုဗစ်-၁၉ ကို ပြင်းထန်စွာတွေ့ကြုံခံစားနေရတဲ့ မြန်မာပြည်သူတွေဟာ အောက်စီဂျင်နဲ့ ဆက်စပ်ပစ္စည်းတွေ ရရှိဖို့ တန်းစီနေရခြင်း၊ မိသားစုဝင်တွေဟာ သူတို့ချစ်ခင်သူတွေကို ဆုံးရှုံးရခြင်းနဲ့ မီးသဂြိုလ်စက်တွေမှာ အလောင်းတွေကို သဂြိုလ်နိုင်စွမ်းထက် ပိုမိုများပြားနေခြင်း စတဲ့အခြေအနေတွေကို SAC-M က ထောက်ပြထားပါတယ်။

Public Service Announcement

Public Service Announcement

“စစ်အုပ်စုဟာ ကပ်ဘေးသက်သာစေရေး အကူအညီတွေကို ပေးပို့ရာမှာ အတူလက်တွဲလုပ်ဆောင်လို့ရတဲ့ မိတ်ဖက်တွေ မဟုတ်ပါဘူး။ ဒါကြောင့် တကယ့်မြေပြင်မှာ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီတွေ ရှိနေဖို့ လိူအပ်ပါတယ်။ အကူအညီတွေကို ပေးတဲ့ နေရာမှာ နိုင်ငံတကာ ကျန်းမာစောင့်ရှောက်မှုအဖွဲ့အစည်းများမှ တစ်ဆင့်သာ ပေးအပ်ရမှာဖြစ်ပါတယ်။ နိုင်ငံတော်ကို ကယ်တင်ချင်ပေမယ့် လက်ရှိမှာ ပုန်းအောင်းတိမ်းရှောင်နေကြရတဲ့ ကျန်းမာရေး ဝန်ထမ်းတွေကို နိုင်ငံတကာက ကာကွယ်ပေးဖို့ လုပ်ရပါမယ်။ အခုအချိန်မှာ စစ်အုပ်စုပြောသမျှ ဘာကိုမှ အယုံအကြည်ရှိတော့မှာ မဟုတ်ပါဘူး”လို့ SAC-M မှ Yanghee Lee က ပြောပါတယ်။

စစ်တပ်ဟာ အောက်စီဂျင်နဲ့ ဆက်စပ်ပစ္စည်းတွေ၊ တစ်ကိုယ်ရည်သုံး ရောဂါကာကွယ်ရေးပစ္စည်းတွေကို ဖမ်းဆီးသိမ်းဆည်းခြင်းနဲ့ ကပ်ရောဂါ သက်သာစေရေး လုပ်ငန်းတွေမှာ လုပ်အားပေး ဆရာဝန်တွေနဲ့ ကျန်းမာရေးဝန်ထမ်းတွေကို ဖမ်းဆီးခြင်းတွေ လုပ်ဆောင်နေပါတယ်။ ဒါ့အပြင် စစ်တပ်ဟာ အမှန်တကယ်ရောဂါဖြစ်ပွားနှုန်းနဲ့ သေဆုံးနှုန်းတွေကို များစွာလျှော့ချလိမ်လည်ပြောဆိုနေတယ်လို့လည်း SAC-M က ထောက်ပြပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ထိုင်းနိုင်ငံမှာ ကိုဗစ်ရောဂါကူးစက်မှုတွေမြင့်တက်လာနေတဲ့အပေါ် ကျန်းမာရေး ပညာရှင် တစ်ဦးက သတိပေး ထောက်ပြခဲ့ပါတယ်။

သတင်း

စစ်​ကောင်စီက၂၀၂၂-၂၀၂၃ ဘဏ္ဍာ​ရေးနှစ်တွင်ကိုဗစ်ရောဂါ ထိန်းချုပ်ကုစားရေး ​ခေါင်းစဥ်ဖြင့်အသုံးစရိတ်ခွဲ​ပေးရာတွင် ကာကွယ်ရေးဝန် ကြီးဌာနသည် အများဆုံးထုတ်ယူသုံးစွဲခဲ့ပြီး ကျန်းမာရေးဝန်ကြီးဌာန၏အသုံးစရိတ်ထက်နှစ်ဆကျော် ပိုများခဲ့သည်။

သတင်း

အာဏာသိမ်း မြန်မာစစ်တပ်၊ ကာကွယ်ရေးဝန်ကြီးဌာန နှင့် အမှတ်(၃၃)ခြေလျင်တပ်မအဖွဲ့အစည်း ၃ခုနှင့် စစ်ကောင်စီဝင်၊ စစ်ကောင်စီအစိုးရအဖွဲ့ဝင် လူပုဂ္ဂိုလ် ၁၃ဦးတို့ကို ကနေဒါက ဒဏ်ခတ်အရေးယူကြောင်း ယမန်နေ့(မတ်လ ၇ရက်)တွင် ထုတ်ပြန်ကြေညာသည်။

သတင်း

စစ်ကောင်စီအာဏာသိမ်းထားတဲ့ ၃ နှစ်ကျော်ကာလအတွင်း အရပ်သားနေအိမ် တစ်သိန်းကျော် မီးရှို့ဖျက်ဆီးခံရကြောင်း Data for Myanmar အဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

Facebook