ပြင်ပပေါက်ဈေး ကျပ် ၃၀၀၀၀ ခန့်ရှိတဲ့ အောက်ဆီဂျင်တိုင်းစက်တွေကို တစ်လုံးကျပ် ၉၀၀၀ နှုန်းနဲ့ အစ္စလမ်ဘာသာဝင်လုပ်ငန်းရှင်နှစ်ဦးက ရောင်းချပေးနေပါတယ်။
Pulse အမှတ်တံဆိပ် Oximeter အလုံး ၄၀၀၀ ကို Lulay Mobile နဲ့ Lucky မျက်မှန်ဆိုင်တို့က ဒီကနေ့အထိ ၂ ရက်ဆက်တိုက်ရောင်းချပေးခဲ့ဖြစ်ပြီး စက်အားလုံးနေ့လယ်ပိုင်းမှာပဲ ကုန်သွားခဲ့တယ်လို့ သိရပါတယ်။
“ဝယ်ခဲ့ပါတယ်။ မှန်ပါတယ်။ ပစ္စည်းအမျိုးစားကောင်းပါတယ်”လို့ ယနေ့သွားရောက်ဝယ်ယူခဲ့တဲ့ ပြည်သူတစ်ဦးက ပြောပါတယ်။
ကိုဗစ်တတိယလှိုင်းဖြစ်ပွားနေတဲ့ လက်ရှိကာလမှာ ရောဂါကူးစက်ခံရတဲ့လူနာတွေ မရှိမဖြစ်ဆောင်ထားရတဲ့ Oximeter တွေကို သက်သာတဲ့ဈေးနှုန်းနဲ့ ရောင်ချပေးတာဟာ အမှန်တစ်ကယ်လိုအပ်သူတွေ အဆင်ပြေစေလိုတဲ့ရည်ရွယ်ချက်နဲ့ ရောင်းပေးခဲ့တာဖြစ်လို့ Lucky မျက်မှန်ဆိုင်ပိုင်ရှင် ကိုခင်မောင်ထွန်းက ပြောပါတယ်။
“ဒီလမှာ အမှန်တစ်ကယ်လိုအပ်နေသူတွေ ဈေးနှုန်းသက်သက်သာသာနဲ့ ရစေချင်တဲ့ ရည်ရွယ်ချက်ပဲရှိပါတယ်။ ကျွန်တော်တို့မှာ တခြား(ရည်ရွယ်ချက်)မရှိပါဘူး”လို့ သူက ဆိုပါတယ်။

Public Service Announcement

လိုအပ်သူတွေအတွက် ရောင်းချပေးတဲ့ Oximeter တစ်လုံးကို တစ်နှစ်အာမခံပေးထားပြီး ဇူလိုင် ၂၇ ရက်နဲ့ ၂၈ ရက်တွေမှာ ကျောက်တံတာမြို့နယ် ရွှေဘုံသာလမ်း(အလယ်)က Lulay Mobile နဲ့ Lucky မျက်မှန်ဆိုင်တွေမှာ ရောင်းချပေးခဲ့တာလည်း ဖြစ်ပါတယ်။
