Connect with us

Hi, what are you looking for?

News

အောက်ဆီမီတာနဲ့ လူသားဆန်ကြသူများ

Oximeter ရောင်းချမှုအပြင် Mask တစ်ထုပ်ကို ပြင်ပပေါက်စျေးထက်သက်သာတဲ့ ၁၂၀၀ ကျပ်နူန်းနဲ့ တစ်ဦး သုံးထုပ်နူန်းလည်း ရောင်းပေးတယ်လို့ ကိုမျိုးလွင်က ပြောပါတယ်။

မြန်မာပြည်ရဲ့ ကိုဗစ်တတိယလှိုင်းကြီးဟာ အရှိန်ပြင်းပြင်းနဲ့ ရိုက်ခတ်နေတဲ့အချိန် အောက်ဆီဂျင်လိုအပ်နေတဲ့ ကိုဗစ်လူနာတွေဟာ တဖြည်းဖြည်းများလာခဲ့ပါတယ်။ အောက်ဆီဂျင်လိုအပ်မှုနဲ့အတူ အောက်ဆီဂျင်ပေးသင့်မပေးသင့် တိုင်းတာဖို့အတွက် အရေးပါလှတဲ့ အောက်ဆီဂျင်တိုင်းတာစက် Oximeter လေးတွေဟာ လိုအပ်ချက် မြင့်မားလာခဲ့ပါတယ်။

ကိုဗစ်လူနာတွေများလာလို့ Oximeter တွေ ဝယ်လိုအားများလာတဲ့အခါ စျေးတွေလည်း တစ်ရိပ်ရိပ်တက်လာခဲ့ပါတယ်။ မူလက တစ်သောင်းမပြည့်တဲ့ Oximeter တွေဟာ ကိုဗစ်တတိယလှိုင်းဖြစ်တဲ့ ဇူလိုင်လဆန်းမှာ အမျိုးအစားအလိုက် လေးသောင်းကျော်အထိ စျေးတွေထိုးတက်သွားပါတော့တယ်။

စျေးတက်သွားတာတောင် Oximeterဟာ လိုသလောက်ဝယ်လို့မရတော့ပါဘူး။ Oximeter ဘယ်မှာရမလဲလို့ လိုက်လံမေးမြန်းစုံစမ်းသူတွေ များလာခဲ့ပါတယ်။ စျေးတွေကလည်း အဆမတန်တက်လာခဲ့ပါတယ်။ စျေးမြင့်တဲ့ Oximeter တွေကြားမှာ ကိုဗစ်ရောဂါသည်ရဲ့မိသားစုတွေ မောပန်းနေချိန် ဇူလိုင်လ ၂၅ ရက်နေ့မှာတော့ ရန်ကုန်မြို့ ရွှေဘုံသာအထက်လမ်းက Lucky မျက်မှန်ဆိုင်ရှေ့မှာ ထူးခြားလှတဲ့ အရောင်းဆိုင်လေးတစ်ခု ပေါ်လာခဲ့ပါတယ်။
သောင်းဂဏန်းတွေထိပေါက်တဲ့ Oximeter တစ်လုံးကို မြန်မာငွေ ကိုးထောင်ကျပ်တည်းနဲ့ ရောင်းချပေးပါသတဲ့။

စျေးနည်းလို့အထင်သေးလို့မရပါဘူး။ အာမခံတစ်နှစ်ကလည်း ပါပါသေးတယ်။ စျေးတန်ပြီး စျေးကွက်လိုအပ်ချက်လည်း မြင့်မားနေတဲ့ ကိုးထောင်တန် Oximeter လေးတွေကို တန်းစီပြီး စနစ်တကျ ဝယ်လိုက်ကြတာ ခဏချင်းပဲ အလုံးရေထောင်ချီကုန်သွားခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

တစ်ရက်နားပြီး ဇူလိုင်လ ၂၇ ရက်နဲ့ ၂၈ ရက်နေ့တွေမှာလည်း ဆက်လက်ရောင်းချပေးခဲ့ပါသေးတယ်။ လိုအပ်သူတွေများနေတာမို့ ခဏချင်းပဲကုန်သွားခဲ့ပါတယ်။

အဲဒီအစီအစဥ်ကို ပန်းဘဲတန်း လပ်ကီးမျက်မှန်ဆိုင်က ကိုခင်မောင်ထွန်း၊ Lulay မိုဘိုင်းဆိုင်က ကိုမင်းလွင်နဲ့ BAK ကိုမျိုးလွင်တို့ သူငယ်ချင်းသုံးယောက်က အကောင်အထည်ဖော်ခဲ့ကြခြင်းပဲ ဖြစ်ပါတယ်။

“ စျေးတွေက ထိုးတက်တယ်။ မဝယ်နိုင်တဲ့သူတွေ မြင်နေရတော့ ကျွန်တော်တို့သူငယ်ချင်းတွေတိုင်ပင်ပြီး လုပ်ဖြစ်ကြတာပါ။” လို့ ကိုမျိုးလွင်က ပြောပါတယ်။

သူတို့သုံးယောက်လုံးဟာ အစ္စလာမ် ဘာသာဝင်တွေပါ။ ဒါပေမယ့် ဘာသာလူမျိုးမခွဲခြားဘဲ Oximeter ကို တစ်ယောက်တစ်လုံး ရောင်းချပေးခဲ့ပါတယ်။ “ တစ်ယောက်တစ်လုံးပဲ။ ကျွန်တော့်အမျိုးလာလည်းတစ်လုံးပဲ။ ပရဟိတအဖွဲ့တွေဆိုရင်တော့ ပိုရောင်းပေးပါတယ်။” လို့ ကိုမျိုးလွင်က ပြောပါတယ်။

သုံးရက်တာရောင်းချပေးခဲ့ပြီး Oximeter အလုံးရေ ငါးထောင်ကျော် ရောင်းပေးခဲ့ကြပါတယ်။ လာမယ့် သြဂုတ်လ ၁ ရက်နေ့ ပစ္စည်းထပ်ရရင်လည်း ရောင်းပေးပါမယ်တဲ့။

Oximeter ရောင်းချမှုအပြင် Mask တစ်ထုပ်ကို ပြင်ပပေါက်စျေးထက်သက်သာတဲ့ ၁၂၀၀ ကျပ်နူန်းနဲ့ တစ်ဦး သုံးထုပ်နူန်းလည်း ရောင်းပေးတယ်လို့ ကိုမျိုးလွင်က ပြောပါတယ်။


သူတို့သုံးယောက်ရဲ့ ပရဟိတအတွက် မြန်မာပြည်တစ်ဝှမ်းက သာဓုခေါ်ခဲ့ကြပါတယ်။ အစစအရာရာ စျေးနူန်းတွေမြင့်တက်နေချိန် အံ့အားသင့်စရာစျေးနှုန်းနဲ့ ရောင်းချပေးလို့လည်း ကျေးဇူးတွေ တင်ခဲ့ကြပါတယ်။

“ ကျွန်တော်တို့စိတ်ထဲမှာ သူကဘာကိုးကွယ်တာ ငါကဘာကိုးကွယ်တာမရှိဘူး။ အားလုံးအတူတူပဲ။” လို့ ကိုမျိုးလွင်က ပြောပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ကိုဗစ်ကပ်ရောဂါရဲ့ မူလအစနဲ့ ပတ်သက်လို့ ဖြစ်နိုင်ခြေ သီအိုရီ အားလုံးကို လမ်းဖွင့်ထားဆဲ ဖြစ်တယ်လို့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး (WHO)က ပြောပါတယ်။

နိုင်ငံတကာ

တစ်ပတ်အတွင်း လူ ၆ ဦး သေဆုံးခဲ့တဲ့နောက် ထိုင်းနိုင်ငံမှာ ကိုဗစ်ရောဂါနဲ့ ပတ်သက်ပြီး ပိုမို နိုးကြားကြဖို့ အာဏာပိုင်တွေက တိုက်တွန်းထားပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံမှာ ကိုဗစ်ရောဂါကူးစက်မှုတွေမြင့်တက်လာနေတဲ့အပေါ် ကျန်းမာရေး ပညာရှင် တစ်ဦးက သတိပေး ထောက်ပြခဲ့ပါတယ်။

သတင်း

စစ်​ကောင်စီက၂၀၂၂-၂၀၂၃ ဘဏ္ဍာ​ရေးနှစ်တွင်ကိုဗစ်ရောဂါ ထိန်းချုပ်ကုစားရေး ​ခေါင်းစဥ်ဖြင့်အသုံးစရိတ်ခွဲ​ပေးရာတွင် ကာကွယ်ရေးဝန် ကြီးဌာနသည် အများဆုံးထုတ်ယူသုံးစွဲခဲ့ပြီး ကျန်းမာရေးဝန်ကြီးဌာန၏အသုံးစရိတ်ထက်နှစ်ဆကျော် ပိုများခဲ့သည်။