Connect with us

Hi, what are you looking for?

News

ရွေးကောက်ပွဲရလဒ်ပယ်ဖျက်မှု စစ်ကောင်စီဆုပ်ကိုင်ထားသည့် ခြေဥကိုပင်ဆန့်ကျင်​နေဟု SNLD ထုတ်ပြန်

၂၀၂၀ ရွေးကောက်ပွဲတွင် မဲစာရင်းမှားယွင်းမှုများ၊ တရား မဲ့ပြုကျင့်မှုများ ရှိနိုင်သည် ဆိုသော်လည်း တစ်နိုင်ငံလုံး အတိုင်းအတာ အရ ပေါ်လာသည့် မဲရလဒ်သည် အများစုသော ပြည်သူလူထု၏ ဆန္ဒအမှန်ကို ကိုယ်စားပြုသည်ဟု လက်ခံယုံကြည်ကြောင်း SNLDက ထုတ်ပြန်သည်။

အာဏာသိမ်းစစ်ကောင်စီက ဖွဲ့စည်းထားသည့် လက်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ရွေးကောက်ပွဲရလဒ်ကို ပယ်ဖျက်လိုက်ခြင်းသည် စစ်ကောင်စီ (ကြေညာချက်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဟုဖော်ပြထား)ဆုပ်ကိုင်ထားသည့် ၂၀၀၈ ဖွဲ့စည်းပုံအ ခြေခံဥပဒေပါ ပြန်ဌာန်းချက်များ၊ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေများနှင့် နည်းဥပဒေများအား ဆန့်ကျင်ကျော်လွန် ဆောင်ရွက်ရာရောက်ကြောင်း ရှမ်းတိုင်းရင်း သားများဒီမိုကရေစီအဖွဲ့ချုပ်(SNLD) ပါတီက ယနေ့ညနေပိုင်းတွင် ထုတ်ပြန်သည်။

ထိုပြင် ရွေးကောက်ပွဲရလဒ် ပယ်ဖျက်ခြင်းသည် ဒီမိုကရေစီအင်္ဂါရပ်နှင့် စံနှုန်းများအား သွေဖယ်နေသည့်အ တွက် တရားမျှတမှု လုံး၀မရှိသကဲ့သို့ လက်ခံနိုင်စရာ မရှိကြောင်း SNLDက ဆိုသည်။

၂၀၂၀ ရွေးကောက်ပွဲတွင် မဲစာရင်းမှားယွင်းမှုများ၊ တရား မဲ့ပြုကျင့်မှုများ ရှိနိုင်သည် ဆိုသော်လည်း တစ်နိုင်ငံလုံး အတိုင်းအတာ အရ ပေါ်လာသည့် မဲရလဒ်သည် အများစုသော ပြည်သူလူထု၏ ဆန္ဒအမှန်ကို ကိုယ်စားပြုသည်ဟု လက်ခံယုံကြည်ကြောင်း SNLDက ထုတ်ပြန်သည်။

ရွေးကောက်ပွဲဆိုင်ရာ အငြင်းပွားမှုများ၊ တရားမဲ့ပြုကျင့်မှုများ ရှိခဲ့သည့်တိုင် ဥပဒေနှင့်အညီ ခုံရုံးများဖွင့်၍ ဖြေရှင်းဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ သို့သော် ရွေး ကောက်ပွဲဝင် ကိုယ်စားလှယ်လောင်း တစ်ဦးတစ်ယောက်ကိုမျှ ဥပဒေအတိုင်း လျှောက်လဲခွင့်၊ ဖြေရှင်းချေပခွင့် မပေးဘဲ ရွေးကောက်ပွဲရလဒ် တစ်ခုလုံးကို သိမ်းကျုံး၍ ပယ်ဖျက်လိုက်ခြင်းသည် ဥပဒေနှင့်အညီ ရိုးသားဖြောင့်မတ်စွာ ရွေးကောက်ပွဲဝင်ခဲ့ကြသူ ကိုယ်စား လှယ်လောင်းများ ဆန္ဒမဲပေးခဲ့ကြသည့် ပြည်သူများအား မတရားသဖြင့် နိုင့်ထက်စီးနင်း ပြုလုပ်ရာရောက်ကြောင်း ထုတ်ပြန်ချက်၌ ပါရှိသည်။

Public Service Announcement

Public Service Announcement

ထို့ကြောင့် SNLD ကိုယ်စားပြု၍ ရိုးရိုးသားသား မှန်မှန်ကန်ကန် ဝင်ပြိုင်ခဲံသော ပြည်သူ့ဆန္ဒနှင့်အညီ အနိုင်ရရှိခဲ့သော ရွေးကောက်ပွဲဆိုင်ရာ တရားမျှတမှုနှင့်ပတ်သက်၍ ကန့်ကွက်ခံရခြင်း မလျဉ်းမရှိသော ပါတီ၏ ကိုယ်စားလှယ် ၄၂ဦးကို သက်ဆိုင်ရာ မဲဆန္ဒရှင်ပြည်သူ လူထု၏ လူထုကိုယ်စားလှယ်များအဖြစ် အသိအမှတ်ပြုထားကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့သည်။

SNLDသည် ရွေးကောက်ပွဲတွင် တတိယ မဲအများဆုံးအနိုင်ရပါတီတစ်ခုဖြစ်သည်။
၂၀၂၀ ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)က အပြတ်အသတ်အနိုင်ရရှိခဲ့ရာ အကြမ်း ဖက်စစ်တပ်က မဲစာရင်းများမှားယွင်းနိုင်သည်ဆိုသော မခိုင်လုံသော အကြောင်းပြချက်ဖြင့် လွတ်တော်ခေါ်ယူမည့် ဖေဖော်ဝါရီ ၁ရက်တွင် အာဏာသိမ်းယူခဲ့သည်။

အာဏာသိမ်းပြီးနောက် စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြ ပြည်သူများကိုလည်းအကြမ်းဖက်သတ်ဖြတ်၊ ဖမ်းဆီးနှိပ်စက်ခြင်းများ ဆက်တိုက်ပြုလုပ်လျက်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။