Connect with us

Hi, what are you looking for?

News

ဖျားနာကုအခမဲ့ဆေးခန်းတွေထူထောင်ခဲ့တဲ့ ပါမောက္ခဒေါ်မာမာကြည် ကိုဗစ်ရောဂါဖြင့် ကွယ်လွန်ခဲ့

ကိုဗစ်ရောဂါကူးစက်ခံရလို့ ရန်ကုန်မြို့ မြောက်ဥက္ကလာပမြို့နယ် OSC ဆေးရုံမှာ တက်ရောက်ကုသနေစဉ် ဇူလိုင် ၂၆ ရက်က ကွယ်လွန်သွားခဲ့တာဖြစ်ပြီး ကွယ်လွန်ချိန်မှာ ဆရာမကြီးဟာ အသက် ၆၀ ရှိပါပြီ။

ပြည်သူ့အစိုးရလက်ထက် ကိုဗစ်ပထမလှိုင်းနဲ့ ဒုတိယလှိုင်းတွေတုန်းက ရန်ကုန်တိုင်းမှာ ဖျားနာကုအခမဲ့ဆေးခန်းတွေ ဦးစီးတည်းထောင်ခဲ့တဲ့ ပါမောက္ခဒေါက် တာမာမာကြည်ဟာ ကိုဗစ်ရေဂါနဲ့ ကွယ်လွန်သွားခဲ့ပါတယ်။

ကိုဗစ်ရောဂါကူးစက်ခံရလို့ ရန်ကုန်မြို့ မြောက်ဥက္ကလာပမြို့နယ် OSC ဆေးရုံမှာ တက်ရောက်ကုသနေစဉ် ဇူလိုင် ၂၆ ရက်က ကွယ်လွန်သွားခဲ့တာဖြစ်ပြီး ကွယ်လွန်ချိန်မှာ ဆရာမကြီးဟာ အသက် ၆၀ ရှိပါပြီ။

ဖေဖော်ဝါရီ ၁ ရက် စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်း ပါမောက္ခဒေါက်တာမာမာကြည်ဟာ အာဏာဖီဆန်ရေးအကြမ်းမဖက်လှုပ်ရှားမှု CDM မှာပါဝင်ခဲ့ကာ တာဝန်ထမ်းဆောင်ဆဲဖြစ်တဲ့ အင်းစိန်ဆေးရုံ သမားတော်ကြီး ဆေးတက္ကသိုလ်(၂)ရန်ကုန် ဆေးပညာဌာန ပါမောက္ခတာဝန်တွေကို စွန့်လွှတ်ခဲ့ပါတယ်။

မြန်မာနိုင်ငံဆရာဝန်များအသင်းရဲ့ နာယကတစ်ဦးဖြစ်တဲ့ ပါမောက္ခဒေါက်တာညွန့်သိန်းက သူ့ရဲ့ဖေ့စ်ဘွတ်ခ်လူမှုကွန်ယက်ကတဆင့် “Covid ပထမလှိုင်း၊ နောက် ဒုတိယလှိုင်းမှာ ပြသနာအဖြစ်ဆုံး၊ လူအထူထပ်ဆုံး၊ ရောဂါအကူးစက်ဆုံး အင်းစိန်မြို့နယ်မှာ clinician တစ်ဦးအနေနဲ့သာမက public health aspect ကပါ တွေးဆ ကြံစည်အားထုတ်ပြုလုပ်ဆောင်ရွက်ခဲ့တာ အံ့မခန်းပါ။ လူစိတ်ရှိသူတိုင်းအသိအမှတ်ပြုခဲ့ကြတာပါ”လို့ ဆရာမကြီးနဲ့ပါတ်သက်လို့ မှတ်ချက်ပေးပါတယ်။

Public Service Announcement

Public Service Announcement

ဒါ့အပြင် Community Fever Clinic ကို အတိုက်အခံ၊ အပြောအဆို၊ အနှောက်အယှက် တွေကြားက စတင်ခဲ့ပြီး မြို့နယ် တိုင်း အနှံ့ ပြန့်နှံ့အောင်မြင်ခဲ့ပါတယ်လို့ ချီးကျူးစကားဆိုထားပါတယ်။

လက်ရှိဖြစ်ပွားနေတဲ့ ကိုဗစ်တတိယလှိုင်းထဲ ကိုဗစ်ရောဂါကူးစက်ခံရလို့ အသက်ဆုံးပါးခဲ့တဲ့ ကျန်းမာရေးပညာရှင်တွေထဲမှာ ပါမောက္ခဒေါ်မာမာကြည် ပါမောက္ခဦးစိုးလွင် အထွေထွေရောဂါကုသမားတော်ကြီး ဒေါက်တာသန္တာချို ကလေးအထူးကုဆရာဝန်ကြီး ဒေါက် တာသက်စံမျိုး စတဲ့ပညာရှင်တွေ ပါဝင်ခဲ့ပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ကိုဗစ်ကပ်ရောဂါရဲ့ မူလအစနဲ့ ပတ်သက်လို့ ဖြစ်နိုင်ခြေ သီအိုရီ အားလုံးကို လမ်းဖွင့်ထားဆဲ ဖြစ်တယ်လို့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး (WHO)က ပြောပါတယ်။

နိုင်ငံတကာ

တစ်ပတ်အတွင်း လူ ၆ ဦး သေဆုံးခဲ့တဲ့နောက် ထိုင်းနိုင်ငံမှာ ကိုဗစ်ရောဂါနဲ့ ပတ်သက်ပြီး ပိုမို နိုးကြားကြဖို့ အာဏာပိုင်တွေက တိုက်တွန်းထားပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံမှာ ကိုဗစ်ရောဂါကူးစက်မှုတွေမြင့်တက်လာနေတဲ့အပေါ် ကျန်းမာရေး ပညာရှင် တစ်ဦးက သတိပေး ထောက်ပြခဲ့ပါတယ်။

သတင်း

စစ်​ကောင်စီက၂၀၂၂-၂၀၂၃ ဘဏ္ဍာ​ရေးနှစ်တွင်ကိုဗစ်ရောဂါ ထိန်းချုပ်ကုစားရေး ​ခေါင်းစဥ်ဖြင့်အသုံးစရိတ်ခွဲ​ပေးရာတွင် ကာကွယ်ရေးဝန် ကြီးဌာနသည် အများဆုံးထုတ်ယူသုံးစွဲခဲ့ပြီး ကျန်းမာရေးဝန်ကြီးဌာန၏အသုံးစရိတ်ထက်နှစ်ဆကျော် ပိုများခဲ့သည်။