Connect with us

Hi, what are you looking for?

LuduNwayOo

News

ဖျားနာကုအခမဲ့ဆေးခန်းတွေထူထောင်ခဲ့တဲ့ ပါမောက္ခဒေါ်မာမာကြည် ကိုဗစ်ရောဂါဖြင့် ကွယ်လွန်ခဲ့

ကိုဗစ်ရောဂါကူးစက်ခံရလို့ ရန်ကုန်မြို့ မြောက်ဥက္ကလာပမြို့နယ် OSC ဆေးရုံမှာ တက်ရောက်ကုသနေစဉ် ဇူလိုင် ၂၆ ရက်က ကွယ်လွန်သွားခဲ့တာဖြစ်ပြီး ကွယ်လွန်ချိန်မှာ ဆရာမကြီးဟာ အသက် ၆၀ ရှိပါပြီ။

ပြည်သူ့အစိုးရလက်ထက် ကိုဗစ်ပထမလှိုင်းနဲ့ ဒုတိယလှိုင်းတွေတုန်းက ရန်ကုန်တိုင်းမှာ ဖျားနာကုအခမဲ့ဆေးခန်းတွေ ဦးစီးတည်းထောင်ခဲ့တဲ့ ပါမောက္ခဒေါက် တာမာမာကြည်ဟာ ကိုဗစ်ရေဂါနဲ့ ကွယ်လွန်သွားခဲ့ပါတယ်။

ကိုဗစ်ရောဂါကူးစက်ခံရလို့ ရန်ကုန်မြို့ မြောက်ဥက္ကလာပမြို့နယ် OSC ဆေးရုံမှာ တက်ရောက်ကုသနေစဉ် ဇူလိုင် ၂၆ ရက်က ကွယ်လွန်သွားခဲ့တာဖြစ်ပြီး ကွယ်လွန်ချိန်မှာ ဆရာမကြီးဟာ အသက် ၆၀ ရှိပါပြီ။

ဖေဖော်ဝါရီ ၁ ရက် စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်း ပါမောက္ခဒေါက်တာမာမာကြည်ဟာ အာဏာဖီဆန်ရေးအကြမ်းမဖက်လှုပ်ရှားမှု CDM မှာပါဝင်ခဲ့ကာ တာဝန်ထမ်းဆောင်ဆဲဖြစ်တဲ့ အင်းစိန်ဆေးရုံ သမားတော်ကြီး ဆေးတက္ကသိုလ်(၂)ရန်ကုန် ဆေးပညာဌာန ပါမောက္ခတာဝန်တွေကို စွန့်လွှတ်ခဲ့ပါတယ်။

မြန်မာနိုင်ငံဆရာဝန်များအသင်းရဲ့ နာယကတစ်ဦးဖြစ်တဲ့ ပါမောက္ခဒေါက်တာညွန့်သိန်းက သူ့ရဲ့ဖေ့စ်ဘွတ်ခ်လူမှုကွန်ယက်ကတဆင့် “Covid ပထမလှိုင်း၊ နောက် ဒုတိယလှိုင်းမှာ ပြသနာအဖြစ်ဆုံး၊ လူအထူထပ်ဆုံး၊ ရောဂါအကူးစက်ဆုံး အင်းစိန်မြို့နယ်မှာ clinician တစ်ဦးအနေနဲ့သာမက public health aspect ကပါ တွေးဆ ကြံစည်အားထုတ်ပြုလုပ်ဆောင်ရွက်ခဲ့တာ အံ့မခန်းပါ။ လူစိတ်ရှိသူတိုင်းအသိအမှတ်ပြုခဲ့ကြတာပါ”လို့ ဆရာမကြီးနဲ့ပါတ်သက်လို့ မှတ်ချက်ပေးပါတယ်။

Public Service Announcement

Public Service Announcement

ဒါ့အပြင် Community Fever Clinic ကို အတိုက်အခံ၊ အပြောအဆို၊ အနှောက်အယှက် တွေကြားက စတင်ခဲ့ပြီး မြို့နယ် တိုင်း အနှံ့ ပြန့်နှံ့အောင်မြင်ခဲ့ပါတယ်လို့ ချီးကျူးစကားဆိုထားပါတယ်။

လက်ရှိဖြစ်ပွားနေတဲ့ ကိုဗစ်တတိယလှိုင်းထဲ ကိုဗစ်ရောဂါကူးစက်ခံရလို့ အသက်ဆုံးပါးခဲ့တဲ့ ကျန်းမာရေးပညာရှင်တွေထဲမှာ ပါမောက္ခဒေါ်မာမာကြည် ပါမောက္ခဦးစိုးလွင် အထွေထွေရောဂါကုသမားတော်ကြီး ဒေါက်တာသန္တာချို ကလေးအထူးကုဆရာဝန်ကြီး ဒေါက် တာသက်စံမျိုး စတဲ့ပညာရှင်တွေ ပါဝင်ခဲ့ပါတယ်။

ဆက်စပ်သတင်းများ

ဆောင်းပါး

လုံခြုံရေးအခြေနေအရ တစ်မြို့ကနေအခြားတစ်မြို့ဆီ ပြောင်းရွှေ့ဖူးတာတော့ ရှိတယ်။ ဒါပေမဲ့ ခရီးသွားသက်သက် အနေနဲ့ ဘယ်မှ မထွက်ဖြစ်ခဲ့ဘူး။ ခုမှ မိသားစုကိစ္စနဲ့ ခရီးတစ်ခုသွားဖို့ ကြုံလာတာ။ မြို့တော်ရန်ကုန်ကနေတွက်ရင် မိုင် ၂၅၀ လောက်ဝေးတဲ့ ခရီးဆိုပါတော့။

နိုင်ငံတကာ

၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလတုန်းက ကပ်ရောဂါကြောင့် သေဆုံးသူ အရေအတွက်ဟာ အပတ်စဉ် ၁ သိန်းကျော်ထိ ရှိခဲ့ပြီး အမြင့်ဆုံး အဆင့်ကို ရောက်ခဲ့ပါတယ်။ ဒါပေမဲ့ အခုနှစ် ဧပြီလ ၂၄ ရက်ထိ အခြေအနေအရ အပတ်စဉ် သေဆုံးသူ ဦးရေဟာ ၃၅၀၀ အောက်ထိ...

နိုင်ငံတကာ

ကိုဗစ်ရောဂါ ဖြစ်ပွားခဲ့ကြောင်း အထောက်အထား တွေ့ရှိခဲ့တဲ့ အာခေါင်တို့ဖတ် နမူနာကို ဟွာနန်း ပင်လယ်စာ စျေးထဲက တွန်းလှည်းတစ်ခုနဲ့ ရက်ကွန်းဝံ တစ်ကောင်စီကနေ စုဆောင်း ရရှိခဲ့တာလို့လည်း သိရပါတယ်။

နိုင်ငံတကာ

PSCက တရုတ်ဟာ ကပ်ရောဂါအပေါ် အောင်ပွဲရယူ ကျော်လွှားနိုင်ခဲ့ပြီလို့ ပြောပေမယ့် ကပ်ရောဂါဆိုး ဖြစ်ပွားစေတဲ့ ကိုရိုနာဗိုင်းရပ်စ်ရဲ့ တကျော့ပြန် ခေါင်းထောင်လာနိုင်ခြေတွေအပေါ် လျှော့မတွက်ဖို့တော့ ပြည်သူတွေကို အလေးအနက် သတိပေးထားပါတယ်။