Connect with us

Hi, what are you looking for?

News

၀ိုင်းမော်ယမန့်ညပိုင်းတိုက်ပွဲ စစ်ကောင်စီတပ်ထိခိုက်သေဆုံးမှုရှိနိုင်ဟု ဒေသခံပြော

“၅၈ တပ်ထဲကတော့ အထိအခိုက် အကျအဆုံးတော် တော်များများရှိတယ်လို့ ကြားတယ်”ဟု ၎င်းက ဆို သည်။ KIA/PDF ပူးပေါင်းအဖွဲ့ဘက်က ကျဆုံးသူမရှိဟု သိရကြောင်းဒေသခံက ပြောသည်။

(ဩဂုတ် ၂ရက်ညပိုင်းက တိုက်ပွဲအပြီး မပေါက်ကွဲသေးသည့် လက်နက်ကြီးကျည်တစ်လုံး လမ်းမပေါ်၌တွေ့ရစဥ်)

၀ိုင်းမော်မြို့နယ် အခြေစိုက်အာဏာသိမ်းစစ်ကောင်စီ၏ ခလရ(၅၈)ကို ကချင်လက်နက်ကိုင်အဖွဲ့(KIA)နှင့် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)တို့ ယမန်နေ့ညက ပူးပေါင်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ထိခိုက်သေဆုံးမှုများဟု သိရကြောင်း ကချင်ဒေသခံတစ်ဦးက ပြောသည်။

“၅၈ တပ်ထဲကတော့ အထိအခိုက် အကျအဆုံးတော် တော်များများရှိတယ်လို့ ကြားတယ်”ဟု ၎င်းက ဆို သည်။ KIA/PDF ပူးပေါင်းအဖွဲ့ဘက်က ကျဆုံးသူမရှိဟု သိရကြောင်းဒေသခံက ပြောသည်။

၀ိုင်းမော်တွင် ဩဂုတ် ၃ရက် ည ၇နာရီခွဲခန့်မှစတင်၍ တိုက်ပွဲများဖြစ်ပွားခဲ့ရာ ညသန်းခေါင်အထိ ပစ်ခတ်မှုများရှိခဲ့ကြောင်း၊ စစ်ကောင်စီဘက်က လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့၍ ကျေးရွာအတွင်းရှိ ဝက်ခြံအချို့ပေါ်ကျရောက်ပေါက်ကွဲ၍ ဝက် ၁၀ ကောင်ခန့်သေဆုံးခဲ့ကြောင်း အဆိုပါဒေသခံက ပြောသည်။

အဆိုပါ ခလရ (၅၈)တပ်ကို KIAက ဇူလိုင် ၂၉ရက် ညပိုင်းက စတင်တိုက်ခိုက်ခဲ့ရာ ယင်းတိုက်ပွဲတွင် စစ်ကောင်စီဘက်က ၂ဦးသေဆုံးပြီး ဒဏ်ရာရသူများလည်းရှိခဲ့သည်။ ထို့နောက် ဩဂုတ် ၂ရက် ညပိုင်းတွင် ပစ်ခတ်တိုက်ခိုက်မှုများ ဆက်ရှိခဲ့ပြီး လက်နက်ကြီးကျည်အချို့ လူနေအိမ်များအနီးရှိ လမ်းမပေါ်သို့ ကျရောက်ခဲ့သည်။

Public Service Announcement

Public Service Announcement

အဆိုပါ ခလရ(၅၈) သည် စစ်ကောင်စီ၏ လက်နက်ကြီးထားရှိရာတပ်စခန်းဖြစ်၍ KIA/PDFတို့က ဦးတည်တိုက်ခိုက်ခြင်းဖြစ်နိုင်ကြောင်း ဒေသခံက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ဒေသ​ခြောက်ခုမှာရေဘေးပ်ိုဆိုးလာပြီးသေဆုံးသူဦးရေတိုးလာ

သတင်း

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်အတွင်း တိုက်ပွဲတွေမှာ အာဏာသိမ်းစစ်တပ်က အထိနာနေသလို တော်လှန်ရေးတပ်ဖွဲ့တွေထံ အလင်းဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သားတွေ များပြားလာတယ်လို့လည်း စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ ကျားသစ်နက်စစ်ကြောင်းက ဒီကနေ့ ထုတ်ပြန်ပါတယ်။