Connect with us

Hi, what are you looking for?

News

ရန်ကုန်မြို့က စစ်အာဏာရှင်ဖြုတ်ချရေး ​ပြောက်ကြားသပိတ်

တို့အတူရုန်း” ဆိုသည့် စာတန်း ကိုင်ဆောင်၍ စစ်အာဏာရှင် ဖြုတ်ချရေး ကြွေးကြော်ဆန္ဒပြခဲ့ကြသည်။

ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ်တွင် ယနေ့ (သြဂုတ် ၆ရက်) နံနက်ပိုင်းက ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)နှင့် မြို့နယ်ပေါင်းစုံမှ လူငယ်များစုပေါင်း ၍ ​စစ်အာဏာရှင်ဖြုတ်ချ​ရေးပြောက်ကြားသပိတ်ဖြင့် ချီတက်ဆန္ဒပြခဲ့ကြသည်။

အဆိုပါ သပိတ်တွင်လူငယ် ၅၀ခန့်ပါဝင်ခဲ့ပြီး “ မပြီးသေးတဲ့ ၈လေးလုံး လူထုလွတ်မြောက်ရေး တို့အတူရုန်း” ဆိုသည့် စာတန်း ကိုင်ဆောင်၍ စစ်အာဏာရှင် ဖြုတ်ချရေး ကြွေးကြော်ဆန္ဒပြခဲ့ကြသည်။

ရန်ကုန်မြို့တွင် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်မှုများကို အကြမ်းဖက်နှိမ်နင်းမှုများ ရှိနေသော်လည်း လူငယ်များက နေ့စဉ်ရက်ဆက် ပုံစံမျိုးစုံဖြင့် ဆန္ဒပြမှုများ ပြုလုပ်လျက်ရှိသည်။

စစ်အာဏာရှင်တော်လှန်ရေး(နွေဦးတော်လှန်ရေး) ကာလအတွင်း ကျဆုံးခဲ့ရသူ စုစုပေါင်းမှာသြဂုတ်၄ရက်အထိ ၉၄၈ ဦးရှိခဲ့ပြီဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ယမန်နေ့တွင် ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

အဆိုပါအရေအတွက်သည် အေအေပီပီက ကောက်ယူရရှိထားသည့် အရေအ တွက်ဖြစ်ပြီး ထိုအရေအတွက်ထက် ပိုများနေနိုင်သည်ဟု အေအေပီပီက ဆိုသည်။

ဖေဖော်ဝါရီ၁ ရက်မှ သြဂုတ်၅ရက်အထိ ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသူ စုစုပေါင်း ၅၄၉၇ ဦးရှိပြီး ၎င်းတို့အနက်မှ ၂၅၅ ဦး မှာ ထောင်ဒဏ်ချမှတ်ခြင်းခံထားရကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။ ထိုပြစ်ဒဏ်ကျခံရသူများအနက်မှ အသက် ၁၈ နှစ်အောက် ကလေးနှစ်ဦး အပါအဝင်၂၆ ဦးမှာ သေဒဏ်ချမှတ်ခံထားရသည်ဟု ပါရှိသည်။

ထို့အပြင် ဖမ်းဝရမ်းထုတ်ခြင်းခံထားရသောကြောင့် တိမ်းရှောင်နေသူ ၁၉၈၄ဦးရှိပြီး ၎င်းတို့အနက်မှ မျက်ကွယ် သေဒဏ်ချမှတ်ခြင်းခံထားရသူ ၃၉ ဦး အပါအဝင်၁၁၈ ဦးမှာ မျက်ကွယ် ပြစ်ဒဏ်ချမှတ်ခြင်းခံထားရ၍ သေဒဏ် ချမှတ်ခံထားရသူ စုစုပေါင်း ၆၅ ဦးရှိပြီဟု အေအေပီပီက ဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့၊ သာကေတမြို့နယ်မှာရှိတဲ့ တိုင်းရင်းသားကျေးရွာမှာပြုလုပ်တဲ့ ကရင်နှစ်သစ်ကူးတော်လာရောက်တဲ့သူများပြားတာကြောင့် ကလေးငယ်တွေ ပျောက်ဆုံးမှုဖြစ်ပွားခဲ့တယ်လို့ ပွဲတော်ကျင်းပရေးကော်မတီထံက သိရပါတယ်။

သတင်း

ဩဂုတ်လအတွင်း ရန်ကုန်မြို့၌ စစ်ကောင်စီ၏ မတရားဖမ်းဆီးခံရသူ ၁၆၀ ကျော်ရှိကြောင်း ရန်ကုန် မြေပြင်သတင်းများကို ဖော်ပြပေးနေသည့် Rangoon Scout Network ကထုတ်ပြန်သည်။

သတင်း

ရန်ကုန်မြို့ရှိ မြို့နယ် ၇ ခုတွင် တစ်ပတ်အတွင်းစစ်‌ ကောင်စီ၏ ဖမ်းဆီးခံရသူ ၂၇ ဦးရှိကြောင်းရန်ကုန်မြို့တွင်စစ်​​ကောင်စီကဖမ်းဆီး​နေ​သောမြေပြင်သတင်းများကိုစုစည်းဖော်ပြနေသည့် Rangoon Scout Networkကထုတ်ပြန်သည်။

သတင်း

ရန်ကုန်မြို့ YBS ဘက်စ်ကားပေါ်တွင် ယနေ့ (မေလ ၁) ကျရောက်သည့် မေဒေးနေ့အဖြစ် ကျောင်းသား၊လူငယ်များက စစ်အာဏာရှင်ဆန့်ကျင်ရေးတွင် ဆက်လက် ပါဝင်တိုက်ပွဲဝင်ပေးရန် ဟောပြောမှု ပြုလုပ်ခဲ့သည်။