Connect with us

Hi, what are you looking for?

LuduNwayOo

News

ရန်ကုန်မြို့က စစ်အာဏာရှင်ဖြုတ်ချရေး ​ပြောက်ကြားသပိတ်

တို့အတူရုန်း” ဆိုသည့် စာတန်း ကိုင်ဆောင်၍ စစ်အာဏာရှင် ဖြုတ်ချရေး ကြွေးကြော်ဆန္ဒပြခဲ့ကြသည်။

ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ်တွင် ယနေ့ (သြဂုတ် ၆ရက်) နံနက်ပိုင်းက ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)နှင့် မြို့နယ်ပေါင်းစုံမှ လူငယ်များစုပေါင်း ၍ ​စစ်အာဏာရှင်ဖြုတ်ချ​ရေးပြောက်ကြားသပိတ်ဖြင့် ချီတက်ဆန္ဒပြခဲ့ကြသည်။

အဆိုပါ သပိတ်တွင်လူငယ် ၅၀ခန့်ပါဝင်ခဲ့ပြီး “မပြီးသေးတဲ့ ၈လေးလုံး လူထုလွတ်မြောက်ရေး တို့အတူရုန်း” ဆိုသည့် စာတန်း ကိုင်ဆောင်၍ စစ်အာဏာရှင် ဖြုတ်ချရေး ကြွေးကြော်ဆန္ဒပြခဲ့ကြသည်။

ရန်ကုန်မြို့တွင် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်မှုများကို အကြမ်းဖက်နှိမ်နင်းမှုများ ရှိနေသော်လည်း လူငယ်များက နေ့စဉ်ရက်ဆက် ပုံစံမျိုးစုံဖြင့် ဆန္ဒပြမှုများ ပြုလုပ်လျက်ရှိသည်။

စစ်အာဏာရှင်တော်လှန်ရေး(နွေဦးတော်လှန်ရေး) ကာလအတွင်း ကျဆုံးခဲ့ရသူ စုစုပေါင်းမှာသြဂုတ်၄ရက်အထိ ၉၄၈ ဦးရှိခဲ့ပြီဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ယမန်နေ့တွင် ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

အဆိုပါအရေအတွက်သည် အေအေပီပီက ကောက်ယူရရှိထားသည့် အရေအ တွက်ဖြစ်ပြီး ထိုအရေအတွက်ထက် ပိုများနေနိုင်သည်ဟု အေအေပီပီက ဆိုသည်။

ဖေဖော်ဝါရီ၁ ရက်မှ သြဂုတ်၅ရက်အထိ ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသူ စုစုပေါင်း ၅၄၉၇ ဦးရှိပြီး ၎င်းတို့အနက်မှ ၂၅၅ ဦး မှာ ထောင်ဒဏ်ချမှတ်ခြင်းခံထားရကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။ ထိုပြစ်ဒဏ်ကျခံရသူများအနက်မှ အသက် ၁၈ နှစ်အောက် ကလေးနှစ်ဦး အပါအဝင်၂၆ ဦးမှာ သေဒဏ်ချမှတ်ခံထားရသည်ဟု ပါရှိသည်။

ထို့အပြင် ဖမ်းဝရမ်းထုတ်ခြင်းခံထားရသောကြောင့် တိမ်းရှောင်နေသူ ၁၉၈၄ဦးရှိပြီး ၎င်းတို့အနက်မှ မျက်ကွယ် သေဒဏ်ချမှတ်ခြင်းခံထားရသူ ၃၉ ဦး အပါအဝင်၁၁၈ ဦးမှာ မျက်ကွယ် ပြစ်ဒဏ်ချမှတ်ခြင်းခံထားရ၍ သေဒဏ် ချမှတ်ခံထားရသူ စုစုပေါင်း ၆၅ ဦးရှိပြီဟု အေအေပီပီက ဆိုသည်။

ဆက်စပ်သတင်းများ

မေးမြန်းခန်း

အကြမ်းဖက်ပစ်ခတ်ဖမ်းဆီးမှု ကြောင့် ဆန္ဒပြ လူငယ် ၂ ဦးသေဆုံးပြီး လူငယ်အချို့ ဖမ်းဆီးခံခဲ့ရကြောင်း မီဒီယာများကဖော်ပြသည်။စစ်ကောင်စီကမူ ၂ ဦးဒဏ်ရာရရှိပြီး စုစုပေါင်း ၄ ဦးကိုဖမ်းဆီးခဲ့ကြောင်းဝါဒဖြန့်ခဲ့သည်။

သတင်း

အဆိုပါ ဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် မရမ်းကုန်းမြို့နယ် အောင်သပြေရဲဝင်းရှေ့၊ ကျိုက်ဝိုင်းဘုရားအနီးနှင့် သမိုင်းလမ်းဆုံတို့တွင် လမ်းများပိတ်ဆို့၍ စစ်ဆေးမှုများ တင်းကြပ်နေကြောင်း ဒေသခံပြည်သူအချို့က ပြောသည်။

သတင်း

လျှပ်စစ်မီးအချိန်ကြာမြင့်စွာ ပြတ်တောက်မှုနှင့် ရင် ဆိုင်နေရခြင်းနှင့်အတူ တစ်နိုင်တစ်ပိုင် အိမ်သုံးဓာတ်အားပေး တပ်ဆင်မှုများမှာလည်း နှစ်ဆခန့်စျေးမြင့်တက်နေသည်ဟု ရန်ကုန်မြို့နေပြည်သူတစ်ဦးက အသိပေးသည်။

သတင်း

လူငယ်များက အကျီအနက်ပေါ်တွင် ရှစ်လေးလုံး စာသားကို ရေးသား၍ ဆူးလေ ခုံးကျော်တံတားပေါ်၌ ချိတ်ဆွဲကာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှုကို ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။