Connect with us

Hi, what are you looking for?

News

မြန်မာပါဝင်တဲ့ ဂျပန်-မဲခေါင်အစည်းအဝေးစတင်တဲ့အပေါ် ဂျပန်ရောက်မြန်မာတွေ ကန့်ကွက်

နှစ်စဉ်ကျင်းပလေ့ရှိတဲ့ ဂျပန်-မဲခေါင်အစည်းအဝေးကို ကနဦးက မတ်လမှာ ပြုလုပ်ရမှာဖြစ်ပေမယ့် အဲဒီအချိန်က မြန်မာနိုင်ငံမှာ အရပ်သားအစိုးရကို ဖြုတ်ချပြီးအာဏာသိမ်းယူထားတဲ့ စစ်တပ်ကို အသိအမှတ်မပြုလိုတာကြောင့် ရွှေ့ဆိုင်းခဲ့တာဖြစ်ပါတယ်။

(ဂျပန်​ရောက်မြန်မာနိုင်ငံသားများ ပြီးခဲ့သည့်ဗုဒ္ဓဟူး​နေ့က ဆန္ဒပြကန့်ကွက်​နေစဥ်၊ဓါတ်ပုံ - R.T.M)

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုကြောင့် ရွှေ့ဆိုင်းထားတဲ့ ဂျပန်-မဲခေါင်အစည်းအဝေးကို ဒီနေ့ပြန် လည်စတင်လိုက်ပြီး အဲဒီအစည်းအဝေးဟာ အ ကြမ်းဖက်စစ်တပ်ကို အသိအမှတ်ပြုတာမဟုတ်ဘဲ စီးပွားရေးပူးပေါင်းဆောင်ရွက်ရေးနဲ့ တရုတ်ကို တန်ပြန်ဖို့အတွက် ကျင်းပတာဖြစ်တယ်လို့ လေ့လာ သူတွေက သုံးသပ်ပါတယ်။

ဂျပန်-မဲခေါင်အစည်းအဝေးကို ဂျပန်နိုင်ငံခြားရေးဝန်ကြီး မိုတီဂီက ဗီဒီယိုကွန်ဖရင့်နဲ့ ဆွေးနွေးဖက်နိုင်ငံတွေဖြစ်တဲ့ ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ထိုင်း၊ ဗီယက်နမ်တို့ကို တွေ့ဆုံဆွေးနွေးမှာဖြစ်ပြီး ကိုဗစ်-၁၉ ထိန်းချုပ်ရေးအ တွက် အကူအညီတွေပေးရေး၊ တောင်တရုတ်ပင်လယ်အရေးနဲ့ မြန်မာ့အရေးတို့ကို ဆွေးနွေးမယ့်အစီအစဉ်မှာ ထည့်သွင်းထားပါတယ်။

နှစ်စဉ်ကျင်းပလေ့ရှိတဲ့ ဂျပန်-မဲခေါင်အစည်းအဝေးကို ကနဦးက မတ်လမှာ ပြုလုပ်ရမှာဖြစ်ပေမယ့် အဲဒီအချိန်က မြန်မာနိုင်ငံမှာ အရပ်သားအစိုးရကို ဖြုတ်ချပြီးအာဏာသိမ်းယူထားတဲ့ စစ်တပ်ကို အသိအမှတ်မပြုလိုတာကြောင့် ရွှေ့ဆိုင်းခဲ့တာဖြစ်ပါတယ်။

လက်ရှိအချိန်မှာလည်း အကြမ်းဖက်စစ်တပ်က ဆက် လက်အာဏာသိမ်းယူထားဆဲဖြစ်ပြီး ရွေးကောက်ခံအရပ် သားအစိုးရကို အာဏာပြန်လည်မလွှဲအပ်သေးတာကြောင့် အစည်းအဝေးကို အကြမ်း ဖက်စစ်ကောင်စီကို မဖိတ် ကြားဖို့နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ကိုသာ ဖိတ်ကြားဖို့ ဂျပန်ရောက်မြန်မာတွေက ဆန္ဒထုတ်ဖော် တောင်းဆိုမှုတွေလုပ်ဆောင်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

အစည်းအဝေးမှာ အကြမ်းဖက်စစ်ကောင်စီကို ဖိတ်ကြားတက်ရောက်စေမယ်ဆိုရင် ဂျပန်အစိုးရဟာ မြန်မာပြည် တွေအပေါ် ကြီးမားတဲ့လူ့အခွင့် အရေးချိုးဖောက်မှုတွေကို ဆက်လက်ကျူးလွန်ဖို့ အားပေးအားမြှောက်လုပ်ဆောင် တာနဲ့ အတူတူဖြစ်တယ်လို့လည်း ဂျပန်ရောက်မြန်မာတွေက ယူဆကြပါတယ်။

ဒါပေမဲ့ ဂျပန်ဟာ ပြီးခဲ့တဲ့ဇွန်လတုန်းက တရုတ်နိုင်ငံက ဦးဆောင်ပြီး အာဆီယံနိုင်ငံတွေနဲ့ အစည်းအဝေးပြုလုပ် တာ၊ ဇူလိုင်မှာ ကုလသမဂ္ဂက အာဆီယံနိုင်ငံတွေနဲ့ Virtually တွေ့ဆုံတာ စတဲ့ဆွေးနွေးပွဲတွေရှိခဲ့တာကြောင့် သူတို့အနေနဲ့ အခုအစည်းအဝေးကို ပြန်လည်ကျင်းပဖို့ဖြစ်လာခဲ့တာလို့ ဆိုပါတယ်။

တစ်ဖက်မှာလည်း ဂျပန်ဟာ မြန်မာစစ်အာဏာသိမ်းမှုကို အပြင်းအထန်ရှုတ်ချပြစ်တင်ထားပြီး ဒီမိုကရေစီ လမ်း ကြောင်းပေါ်ပြန်လည်ရောက်ရှိဖို့ တိုက်တွန်းကြိုးပမ်းမှုတွေလည်းရှိနေပါတယ်။

ကိုးကား – South China Morning Post

ဆက်စပ်သတင်းများ

နိုင်ငံတကာ

စစ်ကို တားဆီးဖို့အတွက် ဂျပန်ဟာ စစ်အင်အားကို ကျိန်းသေပေါက် ဖြည့်တင်းဖို့လိုကြောင်း ကာကွယ်ရေးဝန်ကြီး ရှင်ဂျီရို ကိုအီဇူမီက ပြောကြားခဲ့ပါတယ်။

သတင်း

အာဏာသိမ်းခေါင်းဆောင်မင်းအောင်လှိုင် တရုတ်နိုင်ငံကိုရောက်ရှိနေစဉ်မှာ မူဆယ်နဲ့ နမ့်ခမ်းမြို့နယ်အတွင်း တရုတ်နိုင်ငံဖက်ခြမ်းကမြန်မာဘက်ကိုတိုးပြီး နယ်စပ်ခြံစည်းရိုးကာနေတာကို အရှိန် မြှင့်လုပ်​​လာတယ်လို့ ဒေသခံတွေကဒီက​နေ့မနက်ပိုင်းမှာပြောပါတယ်။

သတင်း

လူမျိုးတုံးသတ်ဖြတ်တဲ့ နိုင်ငံတကာစစ်ရာဇဝတ်မှုတွေကျူးလွန်နေတဲ့ စစ်တပ်ကို လက်နက်အပါအဝင် နိုင်ငံခြားဝင်ငွေ ရရှိအောင် လုပ်ဆောင်ပေးနေတဲ့ တရုတ်နိုင်ငံရဲ့ လုပ်ရပ်တွေကို ရှုတ်ချကြောင်း နဲ့ စစ်တပ်ကို ကူညီပေးမှုတွေကို ရပ်တန့်ဖို့ Justice For Myanmar-JFM ကတောင်းဆိုလိုက်ပါတယ်။

သတင်း

မြန်မာနိုင်ငံအတွင်းရှိတရုတ်လုပ်ငန်းများနဲ့ ဝန်ထမ်းများရဲ့ လုံခြုံရေးကို အထူးအလေးထားပြီး အစွမ်းကုန် အာမခံချက် ပေးသွားမယ်လို့ အာဏာသိမ်းစစ််ခေါင်းဆောင်းမင်းအောင်လှိုင်က တရုတ်သမ္မတကို ကတိပြုပါတယ်။