Connect with us

Hi, what are you looking for?

LuduNwayOo

News

လူသားချင်းစာနာမှုအကူအညီပေးရေးနဲ့ ကိုဗစ်တိုက်ဖျက်ရေးမှာ သူတို့နဲ့ပူးပေါင်းဆောင်ရွက်ဖို့ အာဆီယံကို NUG တိုက်တွန်း

NUGဟာ မြန်မာပြည်တွင်းနဲ့ နယ်စပ်ဒေသတွေမှာ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသ နိုင်ဖို့ ပြည်သူဗဟိုပြု တုန့်ပြန်ရေးအစီအစဉ်တွေကို ချမှတ်ထားပြီး တိုင်းရင်း သားကျန်းမာ ရေးအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းကာ ကိုဗစ်-၁၉ လုပ်ငန်းအဖွဲ့(COVID-19 Task Force) ကို ဖွဲ့စည်းထားပြီးဖြစ်တယ်လို့ အာဆီယံကို အသိပေးပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ဟာ အာဆီယံအနေနဲ့ လူသားချင်းစာနာမှုအကူအညီပေးရေးနဲ့ ကိုဗစ်-၁၉ တိုက်ဖျက်ရေးမှာ သူတို့နဲ့ပူးပေါင်းဆောင်ရွက်ဖို့ တိုက်တွန်း တောင်းဆိုလိုက်ပါတယ်။

စစ်ကောင်စီရဲ့ အကြမ်းဖက်လုပ်ရပ်တွေဟာ လူသားချင်းစာနာမှုဆိုင်ရာအခြေအနေကိုဖြစ် ပေါ်စေပြီး နိုင်ငံတစ်ဝန်းမှာ ကိုဗစ်-၁၉ ကပ်ရောဂါ အရှိန်အဟုန်နဲ့ပြန့်နှံစေခဲ့တယ်လို့ အာဆီယံကို ပေးပို့တဲ့ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ရဲ့ သဝဏ်လွှာမှာဖော် ပြပါတယ်။

လူသားချင်းစာနာမှုအကူအညီနဲ့ ကိုဗစ်-၁၉ တိုက်ဖျက်ရေးကို အာဆီယံရဲ့ထိပ်တန်းဦးစား ပေးအဖြစ် ဆောင် ရွက်ဖို့လည်း NUG နိုင်ငံခြားရေးဝန်ကြီးက တိုက်တွန်းပါတယ်။

NUGဟာ မြန်မာပြည်တွင်းနဲ့ နယ်စပ်ဒေသတွေမှာ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသ နိုင်ဖို့ ပြည်သူဗဟိုပြု တုန့်ပြန်ရေးအစီအစဉ်တွေကို ချမှတ်ထားပြီး တိုင်းရင်း သားကျန်းမာ ရေးအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းကာ ကိုဗစ်-၁၉ လုပ်ငန်းအဖွဲ့(COVID-19 Task Force) ကို ဖွဲ့စည်းထားပြီးဖြစ်တယ်လို့ အာဆီယံကို အသိပေးပါတယ်။

Public Service Announcement

Public Service Announcement

ဒါကြောင့် NUG ဟာ အာဆီယံနဲ့အပြည့်အ၀ပူးပေါင်းဆောင်ရွက်ဖို့ အသင့်ရှိပြီး လူသား ချင်းစာနာမှုကိစ္စရပ်တွေနဲ့ ကိုဗစ်-၁၉ တိုက်ဖျက်ရေးမှာ တက်ကြွစွာပူးပေါင်းဆောင်ရွက် မယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အာဆီယံရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန်ခန့်အပ်ခြင်းကိုလည်း NUG က ကြိုဆိုတယ်လို့ သဝဏ် လွှာမှာ ဖော်ပြပါတယ်။

ဆက်စပ်သတင်းများ

သတင်း

လွန်ခဲ့သည့်ရက်အနည်းငယ်အတွင်းမှာပင် ဒေသခံပြည်သူ ထောင်နှင့်ချီ၍ တာချ်ခရိုင်၊ မဲဆောက်မြို့နှင့် အခြားဒေသများသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း ဖော်ပြသည်။

သတင်း

AAအနေဖြင့် စစ်ကောင်စီနှင့် အပေါင်းအပါများ၏ ရက္ခိုင်ပြည်သူအပေါ် ကျူးလွန်သည့် စစ်ရာဇဝတ်မှုတွေအားလုံးကို မှတ်တမ်းတင်ထားပြီး ပြစ်မှုကျူးလွန်သူ အားလုံးကို အရေးယူနိုင်ရေး ဆက်လက်ကြိုးစားသွားမည်ဟု အသိပေးထားသည်။

မေးမြန်းခန်း

အမျိုးသားညီညွတ်ရေးအစိုးရ​NUG သမ္မတရုံးပြောခွင့်ရပုဂ္ဂိုလ်ဦးကျော်ဇောကို People’s Spring လူထုနွေဦးသတင်းဌာနက ဆက်သွယ်မေးမြန်းထားပါသည်။

သတင်း

ယနေ့ (ဧပြီ ၁၆ရက်) တွင် ကျရောက်သည့် NUG ဖွဲ့စည်းမှု ၃နှစ်ပြည့်တွင် ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက မိန့်ခွန်းပြောကြားခဲ့ရာ ယခုကဲ့သို့ ထည့်သွင်း ပြောကြားခဲ့သည်။