Connect with us

Hi, what are you looking for?

News

လူသားချင်းစာနာမှုအကူအညီပေးရေးနဲ့ ကိုဗစ်တိုက်ဖျက်ရေးမှာ သူတို့နဲ့ပူးပေါင်းဆောင်ရွက်ဖို့ အာဆီယံကို NUG တိုက်တွန်း

NUGဟာ မြန်မာပြည်တွင်းနဲ့ နယ်စပ်ဒေသတွေမှာ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသ နိုင်ဖို့ ပြည်သူဗဟိုပြု တုန့်ပြန်ရေးအစီအစဉ်တွေကို ချမှတ်ထားပြီး တိုင်းရင်း သားကျန်းမာ ရေးအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းကာ ကိုဗစ်-၁၉ လုပ်ငန်းအဖွဲ့(COVID-19 Task Force) ကို ဖွဲ့စည်းထားပြီးဖြစ်တယ်လို့ အာဆီယံကို အသိပေးပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ဟာ အာဆီယံအနေနဲ့ လူသားချင်းစာနာမှုအကူအညီပေးရေးနဲ့ ကိုဗစ်-၁၉ တိုက်ဖျက်ရေးမှာ သူတို့နဲ့ပူးပေါင်းဆောင်ရွက်ဖို့ တိုက်တွန်း တောင်းဆိုလိုက်ပါတယ်။

စစ်ကောင်စီရဲ့ အကြမ်းဖက်လုပ်ရပ်တွေဟာ လူသားချင်းစာနာမှုဆိုင်ရာအခြေအနေကိုဖြစ် ပေါ်စေပြီး နိုင်ငံတစ်ဝန်းမှာ ကိုဗစ်-၁၉ ကပ်ရောဂါ အရှိန်အဟုန်နဲ့ပြန့်နှံစေခဲ့တယ်လို့ အာဆီယံကို ပေးပို့တဲ့ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ရဲ့ သဝဏ်လွှာမှာဖော် ပြပါတယ်။

လူသားချင်းစာနာမှုအကူအညီနဲ့ ကိုဗစ်-၁၉ တိုက်ဖျက်ရေးကို အာဆီယံရဲ့ထိပ်တန်းဦးစား ပေးအဖြစ် ဆောင် ရွက်ဖို့လည်း NUG နိုင်ငံခြားရေးဝန်ကြီးက တိုက်တွန်းပါတယ်။

NUGဟာ မြန်မာပြည်တွင်းနဲ့ နယ်စပ်ဒေသတွေမှာ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသ နိုင်ဖို့ ပြည်သူဗဟိုပြု တုန့်ပြန်ရေးအစီအစဉ်တွေကို ချမှတ်ထားပြီး တိုင်းရင်း သားကျန်းမာ ရေးအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းကာ ကိုဗစ်-၁၉ လုပ်ငန်းအဖွဲ့(COVID-19 Task Force) ကို ဖွဲ့စည်းထားပြီးဖြစ်တယ်လို့ အာဆီယံကို အသိပေးပါတယ်။

Public Service Announcement

Public Service Announcement

ဒါကြောင့် NUG ဟာ အာဆီယံနဲ့အပြည့်အ၀ပူးပေါင်းဆောင်ရွက်ဖို့ အသင့်ရှိပြီး လူသား ချင်းစာနာမှုကိစ္စရပ်တွေနဲ့ ကိုဗစ်-၁၉ တိုက်ဖျက်ရေးမှာ တက်ကြွစွာပူးပေါင်းဆောင်ရွက် မယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အာဆီယံရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန်ခန့်အပ်ခြင်းကိုလည်း NUG က ကြိုဆိုတယ်လို့ သဝဏ် လွှာမှာ ဖော်ပြပါတယ်။

ဆက်စပ်သတင်းများ

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) သွားရောက်တွေ့ဆုံခဲ့မှုအပေါ် လှိုက်လှဲစွာကြိုဆိုကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က ဒီကနေ့ ဩဂုတ် ၄ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

တော်လှန်ရေးအင်အားစုများရဲ့ဘုံနိုင်ငံရေးသဘောတူညီချက် (ပထမမူကြမ်း)ကို သဘောတူအတည်ပြုကြောင်း သဘောတူညီချက်မှာ ပါဝင်တဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေက ဒီကနေ့ ဇူလိုင် ၃၀ရက်မှာ အသိပေးထုတ်ပြန်ပါတယ်။

ဆောင်းပါး

ပြည်နယ်/ယူနစ် အားကောင်းရေးမှ ပြည်ထောင်စု အားကောင်းရေး (Bottom-Up Federalism) အခြေခံမူဖြင့် ပြည်နယ်/ယူနစ် ဥပဒေအစီအမံများ စစ်ကိုင်း၊ မကွေး၊ မန္တလေးနှင့် ရန်ကုန်ဒေသတို့တွင် ၂၀၂၅ ခုနှစ် နှစ်လယ်ပိုင်းမှစ၍ အသီးသီးပေါ်ပေါက်လာကြသည်။

သတင်း

အာရက္ခပြည်မှာ ကြုံတွေ့နေရတဲ့ ရေဘေးဖြစ်စဉ်အတွင်း ရေဘေးသင့်ပြည်သူများ ရဲ့ အရေးပေါ်လိုအပ်ချက်များကို ကူညီဖြေရှင်းပေးနိုင်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က အာရက္ခပြည်သူ့ တော်လှန်ရေးအစိုးရဖြစ်တဲ့ ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ် (ULA/AA)ကို တရုတ်ယွမ်ငွေ ၁၅၀,၀၀၀ (တစ်သိန်းငါးသောင်း) ကနဦးအဖြစ် ကူညီပံ့ပိုးခဲ့တယ်လို့ NUGက သတင်းထုတ်ပြန်ပါတယ်။