Connect with us

Hi, what are you looking for?

News

စစ်ကောင်စီဖမ်းဆီးထားတဲ့ ခွဲစိတ်အထူးကုဆရာဝန်ကြီး ဒေါက်တာမောင်မောင်ငြိမ်းထွန်း ကိုဗစ်နဲ့ ကွယ်လွန်

မန္တလေးပြည်သူ့ဆေးရုံကြီး ICU မှာ ဇူလိုင် ၂၇ ရက်ကတည်းက တက်ရောက်ကုသမှုခံယူခဲ့ရတာဖြစ်တယ်လို့ မိခင်ဖြစ်သူပြော

စစ်ကောင်စီ မတရားဖမ်းဆီးထားတဲ့ ဒေါက်တာမောင်မောင်ငြိမ်းထွန်း ကိုဗစ်ရောဂါနဲ့ကွယ်လွန်သွားပြီလို့ မိသားစုက ဆွေမျိုးမိတ်ဆွေတွေကို အသိပေးလိုက်ပါတယ်။

“သားကြီး ကိုဗစ်ပြင်းထန်ဝေဒနာတွေက လွတ်မြောက်ပြီး ကောင်းရာဘုံဘဝတပါးကို ငြိမ်းချမ်းစွာ ကူးပြောင်းသွားပါပြီ” လို့ ဒေါက်တာရဲ့ မိခင် ဒေါက်တာဒေါ်ညွန့်မေက ဆွေမျိုးမိတ်ဆွေတွေကို မသိပေးစာ ဆိုရှယ်မီဒီယာမှာ တင်ထားပါတယ်။

ဒီကနေ့ မနက် ၆ နာရီ ၃၈ မိနစ်မှာ ကွယ်လွန်သွားတာဖြစ်ပြီး မန္တလေးပြည်သူ့ဆေးရုံကြီး ICU မှာ ဇူလိုင် ၂၇ ရက်ကတည်းက တက်ရောက်ကုသမှုခံယူခဲ့ရတာဖြစ်တယ်လို့ မိခင်ဖြစ်သူက ပြောထားပါတယ်။

Public Service Announcement

အသက် ၄၅ နှစ်အရွယ် ဒေါက်တာမောင်မောင်ငြိမ်းထွန်းက မန္တလေးဆေးတက္ကသိုလ် ခွဲစိတ်ကုပညာဌာနရဲ့ ကထိက ဆရာတစ်ဦးဖြစ်ပါတယ်။ ဆရာနဲ့ ဆရာ့ ဇနီးဖြစ်သူ မန္တလေးပြည့်သူ့ဆေးရုံကြီးက အထူးကုဆရာဝန်ကြီး ဒေါက်တာဆွေဇင်ဦးတို့ကို စစ်ကောင်စီက ဖမ်းဆီးခဲ့ပြီးနောက် တရားခံပြေးတွေအဖြစ်အမည်တပ် ပြီး သူတို့ရဲ့ ဝါဒဖြန့်မီဒီယာက တဆင့် ကြေညာခဲ့တာပါ။

Public Service Announcement

Public Service Announcement

ဒေါက်တာဇော်ဝေစိုး၊ ဒေါက်တာထားထားလင်းတို့နဲ့ ဆက်နွယ်တယ်ဆိုပြီး ဇနီးမောင်နှံ နှစ်ဦးစလုံး စစ်ကောင်စီက ဇွန် ၁၃ ရက်က ဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။ ဖမ်းမိပြီးနောက် မန္တလေး နန်းတွင်းစစ်ကြောရေးမှာ စစ်ဆေးခံခဲ့ရပြီးနောက် မန္တလေးအိုးဘိုထောင်ကို ပို့လိုက်တာဖြစ်ပါတယ်။

အခုလိုအကျဉ်းကျနေစဉ် ကိုဗစ်ရောဂါနဲ့ ဆုံးပါးသွားတာဖြစ်ပြီး ဇနီးဖြစ်သူကတော့ ဖမ်းဆီးခံထားရဆဲဖြစ်ပါတယ်။

“ဒီလိုစိတ်မကောင်းစရာ အဖြစ်အပျက်တွေအားလုံးရဲ့ တရားခံဟာ စစ်ကောင်စီပဲဖြစ်တယ်။ ဒေါက်တာမောင်မောင်ငြိမ်းထွန်း မိသားစုနဲ့ထပ်တူ နိုင်ငံနဲ့ထပ်တူ ဝမ်းနည်းကြေကွဲရပါတယ်။ ဥပဒေမဲ့ဖမ်းဆီးထားတဲ့ ကျန်းမာရေးဝန်ထမ်းတွေအပါအဝင် နိုင်ငံရေးအကျဥ်းသားတွေအားလုံး ချက်ချင်းလွှတ်ပေးဖို့ စစ်ကောင်စီကိုထပ်တောင်းဆိုလိုက်ပါတယ်” လို့ NGU ကျန်းမာရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုးက ရေးသားထားပါတယ်။

အကျဉ်းထောင်တွေထဲမှာ ကိုဗစ်ကူးစက်မှုဆိုးရွားတဲ့အခြေအနေတွေကို ကြားနေရပြီးတော့ ပြီးခဲ့တဲ့ ဇူလိုင် ၂၀ ရက်ကလည်း အင်းစိန်အကျဉ်းထောင်မှာ ဖမ်းဆီးခံထားရတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ထိပ်ပိုင်းခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဦးဉာဏ်ဝင်းဟာ ရန်ကုန်ပြည်သူ့ဆေးရုံကြီး ICU ထဲမှာ ကွယ်လွန်ခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်မြောက်ပိုင်းရှိ စော်ဘွားရေရှင်ကျေးရွာအနီးကို စစ်ကောင်စီက ယနေ့ (ဇန်နဝါရီလ ၁၈ရက်) နံနက် ၇နာရီခန့်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

သတင်း

စစ်ကိုင်းတိုင်း၊ တမူးမြို့နယ် ခမ်းပါတ်မြို့နှင့် အင်းတော်မြို့နယ်၊ မော်လူးမြို့တို့တွင် ယမန်နေ့ညပိုင်းက စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုအတွင်း အရပ်သား ငါးဦးသေဆုံးခဲ့ကြောင်း သတင်းရရှိသည်။

သတင်း

ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ် ဆ/ကရပ်ကွက်ကို စစ်ကောင်စီက ပိိုက်စိပ်တိုက်စစ်ဆေးရာ လူငယ် ၁၀ ဦးထက်မနည်း ဖမ်းဆီးခေါ်ဆောင်ခံရကြောင်း အဆိုပါမြို့နယ်ဒေသခံအချို့က လူထုနွေဦးသို့ ပြောသည်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင်၊ ဘီးလင်းမြို့နယ်ရှိ စာသင်ကျောင်းတစ်ခုကို စစ်ကောင်စီက ဒရုန်းဖြင့်တိုက်ခိုက်ခဲ့ကြောင်း KNU ဗဟိုက ယနေ့(ဇန်နဝါရီ ၁၇ရက်)သတင်းထုတ်ပြန်သည်။