Connect with us

Hi, what are you looking for?

News

အာဏာသိမ်းစစ်ကောင်စီက ကိုဗစ်ကပ်ဘေးကို လက်နက်သဖွယ်သုံးနေ၍ မလိုအပ်ပဲအသက်ဆုံးရှုံးမှုများနေဟု ကရင်လူ့အခွင့်အရေးအဖွဲ့ထုတ်ပြန်

များနေ့ နှင့်ပတ်သက်ပြီး KHRGက ထုတ်ပြန်ရာတွင် အထက်ပါအတိုင်း ဖော်ပြခဲ့ခြင်းဖြစ်သည်။

အာဏာသိမ်းစစ်ကောင်စီက ကိုဗစ်ကပ်ဘေးကို လက်နက်သဖွယ် အသုံးပြုနေသောကြောင့် မလိုအပ်ပဲ အသက်ဆုံးရှုံးမှုများစွာကို ဖြစ်ပေါ်စေကြောင်း ကရင်လူ့အခွင့်အရေးအဖွဲ့(KHRG)က ထုတ်ပြန်သည်။

ယနေ့ (ဩဂုတ် ၉ရက်)တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ ကမ္ဘာ့ဌာနေတိုင်းရင်းသားများနေ့ နှင့်ပတ်သက်ပြီး KHRGက ထုတ်ပြန်ရာတွင် အထက်ပါအတိုင်း ဖော်ပြခဲ့ခြင်းဖြစ်သည်။

တိုင်းရင်းသားဒေသများတွင် လက်နက်ကိုင် ပဋိပက္ခ ပိုမိုပြင်းထန်လာခြင်းကြောင့် ရင်ဆိုင်ရသော အခက်အခဲများ အပြင် ကိုဗစ် ၁၉ ကပ်ဘေးသည်လည်း ထိုအခက် အခဲများကို ပိုမိုဆိုးရွားစေကြောင်း ဖော်ပြထားသည်။

မြန်မာပြည် အရှေ့တောင်ပိုင်း ရှိ ကျေးလက်ဒေသများတွင် ကျန်းမာရေးလက်လှမ်းမီနိုင်မှု အလွန်အားနည်းသောကြောင့် ဒေသခံရွာသားများ သည် ကိုဗစ် ၁၉ သံသယ လူနာများကို ၎င်းတို့၏ အိမ်တွင်းတွင်သာ ကုသမှုပေးနေရကြောင်း၊ စစ်ကောင်စီသည် ပြည် သူများကို ရရာနည်းလမ်းဖြင့် ဆေးဝါးကုသခွင့်ပေးမည့်အစား ဇူလိုင်လအစောပိုင်းမှစ၍ ပုဂ္ဂလိကဆေးရုံဆေးခန်း နှင့် လူတစ်ဦးချင်းကို အောက်ဆီဂျင်ရောင်းချခွင့်ပိတ်ပင်လိုက်ကြောင်း KHRGကဆိုသည်။

Public Service Announcement

Public Service Announcement

တစ်ချိန်တည်းတွင် စစ်ကောင်စီမှ ကရင်အမျိုးသား အစည်းအရုံး (KNU)၏ ကိုဗစ်ကာကွယ်တားဆီးရေးလုပ်ဆောင်မှုများကို နှောက်ယှက်ဖျက်ဆီးမှုများ ပြုလုပ်နေပြီး မကြာသေးခင်အချိန်တွင် စစ်ကောင်စီမှ ၎င်းတို့၏စစ်ရေးလှုပ်ရှားမှုကို ပိုမိုလုပ်ဆောင်ရန် KNU ၏ကိုဗစ် စစ်ဆေးရေးဂိတ်ကို ဖျက်ဆီးကာ ဒေသတွင်းသွားလာရေးကန့်သတ်ချက်များကိုဆန့်ကျင်ခဲ့သည်ဟု ထုတ်ပြန်ခဲ့သည်။

စစ်အာဏာသိမ်းမှုနှင့် ကိုဗစ် ၁၉ ကပ်ရောဂါများကြောင့် မြန်မာပြည်အတွင်းရှိ ဌာနေတိုင်းရင်းသားများသည် အ ကြပ်အတည်းများစွာ ရင်ဆိုင်နေရ၍ နိုင်ငံတကာအသိုင်း အဝိုင်းမှ ဌာနေတိုင်းရင်းသားများ၏ အခွင့် အရေးရရှိ‌ရေးကို ကူညီထောက်ပံ့သည့်အပြင် ၎င်းတို့၏ကြံ့ကြံ့ခံနိုင်စွမ်းကိုလည်း အသိအမှတ်ပြုရန် KHRG မှ တိုက်တွန်းလိုကြောင်း ထုတ်ပြန်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

မြန်မာစစ်တပ်က စစ်ရေးပစ်မှတ်မဟုတ်တဲ့ ပြည်သူလူထုအပေါ် ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်မှုတွေကို ပြင်းထန်စွာ ရှုတ်ချကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)က ဧပြီ ၁၈ရက်ညမှာ ထုတ်ပြန်ခဲ့ပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံများနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့လည်း စစ်ကောင်စီတပ်ရဲ့ စစ်ရာဇဝတ်မှုများကို မျက်ကွယ်မပြုကြဖို့ တိုက်တွန်းထားပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) လယ်ဒိုမြို့နယ်(ကျောက်ကြီးမြို့နယ်) အတွင်းကို အာဏာသိမ်းစစ်တပ်က လေကြောင်း တိုက်ခိုက်ကနေဗုံးကြဲခဲ့လို့ ကျေးရွာ ၄ရွာက လူဦးရေ ၆၀၀ကျော် ဘေးလွတ်ရာ တိမ်းရှောင်နေရကြောင်း KNU က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU)တပ်မဟာ(၃) ညောင်လေးပင်ခရိုင် မုန်း(မူး)မြို့နယ် ဆိပ်ကြီး ဘုန်းကြီးကျောင်းမှာတပ်စွဲထားတဲ့စစ်တပ်က စစ်မှုထမ်းတပ်သားသစ်တဦး လက်နက်ယူလာပြီး အလင်းဝင်လာကြောင်း KNUက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၅)နယ်မြေ ဖာပွန်ခရိုင်ကို အာဏာသိမ်းစစ်ကောင်စီတပ်က သင်္ကြန်ကာလ လေးရက်အတွင်းမှာ နေ့စဉ် လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့လို့ ဒေသခံပြည်သူ ၆ဦးသေဆုံးကာ ၁၃ဦး ဒဏ်ရာရရှိခဲ့ကြောင်း KNU တပ်မဟာ(၅) ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီးစောကလယ်ဒိုက ပြောကြားပါတယ်။

Facebook