Connect with us

Hi, what are you looking for?

News

ပုသိမ်အခမဲ့ဖျားနာကုဆေးခန်း ဦးစီးလုပ်ကိုင်ခဲ့သူဒေါက်တာစစ်တင် ကိုဗစ်နဲ့ကွယ်လွန်

မတ်လောင်းတစ်ဦးအဖြစ်ဝင်ရောက်ယှဉ်ပြိုင်အနိုင်ရခဲ့သူတစ်ဦးဖြစ်သလို နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးလည်း ဖြစ်ပါတယ်။

ကိုဗစ်ဒုတိယလှိုင်းအတွင်း ပုသိမ်မြို့မှာ ဖွင့်လှစ်တဲ့ လူထုအခြေပြု အခမဲ့ဖျားနာကုဆေးခန်းကို ဦးစီးလုပ် ကိုင်ခဲ့သူတစ်ဦးဖြစ်တဲ့ ဒေါက်တာစစ်တင်ဟာ ကိုဗစ်ရောဂါနဲ့ ဒီကနေ့မှာ ကွယ်လွန်သွားပါတယ်။

ဒေါက်တာစစ်တင်ဟာ ၁၉၉၀ ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ရဲ့အမတ်လောင်းတစ်ဦးအဖြစ်ဝင်ရောက်ယှဉ်ပြိုင်အနိုင်ရခဲ့သူတစ်ဦးဖြစ်သလို နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးလည်း ဖြစ်ပါတယ်။

NLD ပါတီဝင်အဖြစ်နဲ့ ၁၉၉၀ ကနေ ၁၉၉၅ ခုနှစ် အထိ ငပုတောမြို့နယ်ရဲ့ ပါတီစည်းရုံးရေးမှူးတာဝန်ကို ထမ်းဆောင်ခဲ့တဲ့အပြင် ကျွန်တော်နှင့် ဒေါ်အောင်ဆန်းစုကြည်လို့ အမည်ရတဲ့ အခန်းဆက်ဆောင်းပါးတချို့ ရေးသားခဲ့ဖူးပါတယ်။

ဒါ့အပြင် ဒေါက်တာစစ်တင်ဟာ အကောင်းဆုံးကို ဖန်တီးပါ နေပျော်စရာ ဘဝတာ စတဲ့စာအုပ်တွေကို ဒေါက်တာစစ်တင်(GP)ကလောင်အမည်နဲ့ ရေးသားခဲ့သူလည်း ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

မန္တလေး၊ အိုးဘိုအကျဥ်းထောင်မှာအကျဥ်းချခံထားတဲ့ နိုင်ငံရေးအကျဥ်းသား တစ်ဦးဟာ အူအတက်ပေါက်ပြီး ဆေးဝါးကုသခွင့်မရလို့ ကွယ်လွန်ခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)က သတင်းထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

ကိုဗစ်ကပ်ရောဂါရဲ့ မူလအစနဲ့ ပတ်သက်လို့ ဖြစ်နိုင်ခြေ သီအိုရီ အားလုံးကို လမ်းဖွင့်ထားဆဲ ဖြစ်တယ်လို့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး (WHO)က ပြောပါတယ်။

နိုင်ငံတကာ

တစ်ပတ်အတွင်း လူ ၆ ဦး သေဆုံးခဲ့တဲ့နောက် ထိုင်းနိုင်ငံမှာ ကိုဗစ်ရောဂါနဲ့ ပတ်သက်ပြီး ပိုမို နိုးကြားကြဖို့ အာဏာပိုင်တွေက တိုက်တွန်းထားပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံမှာ ကိုဗစ်ရောဂါကူးစက်မှုတွေမြင့်တက်လာနေတဲ့အပေါ် ကျန်းမာရေး ပညာရှင် တစ်ဦးက သတိပေး ထောက်ပြခဲ့ပါတယ်။