လူနာကဆရာဝန်ကို သင်ပေးတာ၊ လူနာက ဆရာဝန်အတွက်ကျေးဇူးရှင်လို့ ခံယူထားတဲ့ ဆရာကြီးနာဂသိန်းလှိုင်ကို ဒီကနေ့မှာပဲ ဂူသွင်းသဂြိုဟ်ခဲ့ပါတယ်။
ဆရာကြီးရွှေဓားဗိုလ် ၊ နာဂသိန်းလှိုင်၊ နာဂနတ် စတဲ့နာမည်ပေါင်းစုံနဲ့ ထင်ရှားတဲ့ ဆရာကြီး ဒေါက်တာသိန်းလှိုင်ဟာ ဒီနေ့မနက်ပိုင်း က ကွယ်လွန်သွားခဲ့တာဖြစ်ပါတယ်။
ဆရာကြီးရဲ့ ရုပ်အလောင်းကို မိသားစုက ကွယ်လွန်တဲ့ ဒီကနေ့ ညနေ ၃ နာရီလောက်က ရေဝေးမှာ ဂူသွင်းသဂြိုဟ်ခဲ့တာပါ။
“ဆရာဝန်က ဘာမှမတတ်ဘူးလေ။ လူနာက ဆရာဝန်ကို ပြန်သင်ပေးတာ။ ဆရာဝန်ဆိုတာ စာဖတ်ပြီး တတ်တာ။ လူနာဟာ ကျေးဇူးရှင်ပဲ။ လူနာက ကိုယ့်ကို အကုန်လုံးသင်ပေးသွားတာ။ ဘာဘွဲ့ပဲရရ မှတ်ဉာဏ်ကောင်းလို့ အလွတ်ဖြေပြီး ဘွဲ့ရလာတာ” လို့ ဆရာကြီး နာဂသိန်းလှိုင်က သူ့ရဲ့ လူနာတွေနဲ့ပတ်သက်တဲ့ ခံယူချက်ကို အင်တာဗျူးတစ်ခုမှာ ပြောဖူးပါတယ်။

Public Service Announcement
ဆရာကြီးဟာ လည်ပင်ကြီးရောဂါသည်တွေကို ထုံဆေးနဲ့ ခွဲစိတ်ကုသပေးခဲ့တာဖြစ်ပြီး သူခွဲစိတ်ခဲ့တဲ့ လူနာပေါင်းဟာ ၂,၈၀၀ ကျော်ရှိတယ်လို့သိရပါတယ်။
နာဂ သိန်းလှိုင်ဆိုရင် ဆေးပညာလောကတစ်ခုလုံးမသိသူ မရှိသူတစ်ဦးဖြစ်ကာ နာဂတောင်တန်းဒေသမှာအခက်အခဲပေါင်းများစွာနဲ့ရင်ဆိုင်ခဲ့ပြီး ဒေသခံတိုင်းရင်းသားတွေကို သွားရောက်ကုသပေးခဲ့သူ စေတနာရှင် ဆရာဝန်ကြီးတစ်ဦးဖြစ်ပါတယ်။
ကွယ်လွန်ချိန်မှာတော့ အသက် ၈၈ နှစ် ရှိပြီဖြစ်ပါတယ်။
