Connect with us

Hi, what are you looking for?

News

သံအမတ်ကြီးဦးကျော်မိုးထွန်းကို အမေရိကန်အာဏာပိုင်တွေ လုံခြုံရေးပေးထားမှု ကုလချီးကျူး

ကင်းစွာ လွတ်လပ်စွာ သွားလာ၊ အလုပ်လုပ်နိုင်ဖို့ သူတို့(အမေရိကန်အာဏာပိုင်တွေ)က အံ့ဩချီးမွန်းစရာကောင်းအောင် လုပ်ဆောင်ကြ ပါတယ်” လို့ Stephane Dujarric က ဆိုပါတယ်။

ဓာတ်ပုံ - The Atlantic

မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းကို အမေရိကန်အာဏာပိုင်တွေက လုံခြုံရေးပေးထားမှုအပေါ် ကုလ သမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ရဲ့ပြောရေး ဆိုခွင့်ရှိသူက ချီးကျူးလိုက်ပါတယ်။

သံအမတ်ကြီးတွေကို ကာကွယ်ပေးဖို့၊ သံတမန်အသိုင်းအ၀ိုင်းကို ကာကွယ်ပေးဖို့က အိမ်ရှင်နိုင်ငံရဲ့ တာဝန်ဖြစ်ပြီး အမေရိကန်အာဏာပိုင်တွေက လုပ်ဆောင်ပေးတဲ့အပေါ် ကုလပြောရေးဆိုခွင့်ရှိသူ Stephane Dujarric က မနေ့ကပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့တာပါ။

“သံတမန်တွေ၊ နိုင်ငံတွေကို ကိုယ်စားပြုနေသူအားလုံးကို အကြမ်းဖက်မှု ကိုကြောက်ရွံ့မှုကင်းစွာ လွတ်လပ်စွာ သွားလာ၊ အလုပ်လုပ်နိုင်ဖို့ သူတို့(အမေရိကန်အာဏာပိုင်တွေ)က အံ့ဩချီးမွန်းစရာကောင်းအောင် လုပ်ဆောင်ကြ ပါတယ်” လို့ Stephane Dujarric က ဆိုပါတယ်။

မြန်မာပြည်သူလူထုနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ကို ကိုယ်စားပြုတဲ့ သံအမတ်ကြီး ဦးကျော်မိုးထွန်းဟာ လက်ရှိအချိန်အထိ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ် အသိအမှတ်ပြုခံထားရပါတယ်။

Public Service Announcement

Public Service Announcement

ဒါပေမဲ့ စက်တင်ဘာမှာကျင်းပမယ့် ကုလသမဂ္ဂအထွေ ထွေညီလာခံမစတင်မီမှာ အကြမ်းဖက်စစ်ကောင်စီက ကုလသမဂ္ဂမှာ သူတို့ကိုယ်စားပြုခွင့်ရရှိဖို့ ကြိုးပမ်းလာဖွယ်ရှိပြီး ကိုယ်စားလှယ်စိစစ်ရေးကော်မတီ (Credential Committee)ရဲ့ အဆုံးအဖြတ်ကို စောင့်ဆိုင်းရမှာဖြစ်ပါတယ်။

အဲဒီ Credential Committee ရဲ့ လုပ်ဆောင်မှုနဲ့ပတ်သက်ပြီး မနေ့ကသတင်းစာရှင်းလင်းပွဲမှာ သတင်း ထောက်တစ်ဦးက မေးမြန်းခဲ့ပေမယ့် Stephane Dujarric က အဲဒီလုပ်ငန်းစဉ်ဟာ ကော်မတီက လုပ် ဆောင်ရမယ့် အပိုင်းဖြစ်ပြီး ကုလသမဂ္ဂပဋိဉာဉ်(UN Charter) အတိုင်း လုပ်ဆောင်ပါလိမ့်မယ်လို့ ဖြေကြားခဲ့ပါတယ်။

“ကုလသမဂ္ဂသမိုင်းကို ပြန်ကြည့်မယ်ဆိုရင် အာဏာပိုင်းတွေ၊ de facto အာဏာပိုင်တွေနဲ့ ကိုယ်စားလှယ် တစ်ဖွဲ့ တည်းမဟုတ်ခဲ့တဲ့ အချိန်တွေ အမျိုးမျိုးရှိခဲ့ပါတယ်။ အရင်က ဒီလိုအခြေအနေတွေ စိတ်မကောင်းစွာဘဲ ရှိခဲ့ပါတယ်။ ဒါပေမဲ့ ဒါက Credentials Committee ရဲ့ အခန်းကဏ္ဍပါ။ ကော်မတီမှာ အလှည့်ကျတဲ့ အဖွဲ့ဝင်တွေ သူတို့အလုပ်သူတို့လုပ်ဆောင်ရမှာပါ”လို့ ကုလပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဟောမုဇ် ရေလက်ကြားကို ပိတ်ဆို့ထားတဲ့ အစီအစဉ်အတွက် အမေရိကန်ဟာ လေယာဉ်တင် သင်္ဘောတွေနဲ့ လေကြောင်း စစ်ဆင်ရေး အားသာချက်တွေကို ထိထိရောက်ရောက် အသုံးပြုဖွယ် ရှိနေကြောင်း သိရပါတယ်။

နိုင်ငံတကာ

အီရန် ဆိပ်ကမ်းတွေကို ပစ်မှတ်ထားတဲ့ ဟောမုဇ် ရေလက်ကြား ပိတ်ဆို့မှုကို အမေရိကန်က စတင်ခဲ့တဲ့နောက် အီရန်ကလည်း လက်စားချေ တုံ့ပြန်မယ်လို့ ခြိမ်းခြောက်ခဲ့ပါတယ်။

နိုင်ငံတကာ

ဟောမုဇ် ရေလက်ကြားကို အမေရိကန်က ပိတ်ဆို့လိုက်ပြီးတဲ့နောက် လာမယ့် သီတင်းပတ် တချို့အတွင်း ရေနံစျေးတွေ အမြင့်ဆုံးထိ ဆက်ပြီး တက်လာနိုင်ကြောင်း အမေရိကန် စွမ်းအင် ဝန်ကြီးက ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ဟောမုဇ် ရေလက်ကြားကို အမေရိကန် ပိတ်ဆို့မှုမှာ ပူးပေါင်း ပါဝင်ကြဖို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ တောင်းဆိုမှုကို NATO စစ်မဟာမိတ် နိုင်ငံတွေက ငြင်းဆိုခဲ့ပါတယ်။