Connect with us

Hi, what are you looking for?

LuduNwayOo

News

သံအမတ်ကြီးဦးကျော်မိုးထွန်းကို အမေရိကန်အာဏာပိုင်တွေ လုံခြုံရေးပေးထားမှု ကုလချီးကျူး

ကင်းစွာ လွတ်လပ်စွာ သွားလာ၊ အလုပ်လုပ်နိုင်ဖို့ သူတို့(အမေရိကန်အာဏာပိုင်တွေ)က အံ့ဩချီးမွန်းစရာကောင်းအောင် လုပ်ဆောင်ကြ ပါတယ်” လို့ Stephane Dujarric က ဆိုပါတယ်။

ဓာတ်ပုံ - The Atlantic

မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းကို အမေရိကန်အာဏာပိုင်တွေက လုံခြုံရေးပေးထားမှုအပေါ် ကုလ သမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ရဲ့ပြောရေး ဆိုခွင့်ရှိသူက ချီးကျူးလိုက်ပါတယ်။

သံအမတ်ကြီးတွေကို ကာကွယ်ပေးဖို့၊ သံတမန်အသိုင်းအ၀ိုင်းကို ကာကွယ်ပေးဖို့က အိမ်ရှင်နိုင်ငံရဲ့ တာဝန်ဖြစ်ပြီး အမေရိကန်အာဏာပိုင်တွေက လုပ်ဆောင်ပေးတဲ့အပေါ် ကုလပြောရေးဆိုခွင့်ရှိသူ Stephane Dujarric က မနေ့ကပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့တာပါ။

“သံတမန်တွေ၊ နိုင်ငံတွေကို ကိုယ်စားပြုနေသူအားလုံးကို အကြမ်းဖက်မှု ကိုကြောက်ရွံ့မှုကင်းစွာ လွတ်လပ်စွာ သွားလာ၊ အလုပ်လုပ်နိုင်ဖို့ သူတို့(အမေရိကန်အာဏာပိုင်တွေ)က အံ့ဩချီးမွန်းစရာကောင်းအောင် လုပ်ဆောင်ကြ ပါတယ်” လို့ Stephane Dujarric က ဆိုပါတယ်။

မြန်မာပြည်သူလူထုနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ကို ကိုယ်စားပြုတဲ့ သံအမတ်ကြီး ဦးကျော်မိုးထွန်းဟာ လက်ရှိအချိန်အထိ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ် အသိအမှတ်ပြုခံထားရပါတယ်။

Public Service Announcement

Public Service Announcement

ဒါပေမဲ့ စက်တင်ဘာမှာကျင်းပမယ့် ကုလသမဂ္ဂအထွေ ထွေညီလာခံမစတင်မီမှာ အကြမ်းဖက်စစ်ကောင်စီက ကုလသမဂ္ဂမှာ သူတို့ကိုယ်စားပြုခွင့်ရရှိဖို့ ကြိုးပမ်းလာဖွယ်ရှိပြီး ကိုယ်စားလှယ်စိစစ်ရေးကော်မတီ (Credential Committee)ရဲ့ အဆုံးအဖြတ်ကို စောင့်ဆိုင်းရမှာဖြစ်ပါတယ်။

အဲဒီ Credential Committee ရဲ့ လုပ်ဆောင်မှုနဲ့ပတ်သက်ပြီး မနေ့ကသတင်းစာရှင်းလင်းပွဲမှာ သတင်း ထောက်တစ်ဦးက မေးမြန်းခဲ့ပေမယ့် Stephane Dujarric က အဲဒီလုပ်ငန်းစဉ်ဟာ ကော်မတီက လုပ် ဆောင်ရမယ့် အပိုင်းဖြစ်ပြီး ကုလသမဂ္ဂပဋိဉာဉ်(UN Charter) အတိုင်း လုပ်ဆောင်ပါလိမ့်မယ်လို့ ဖြေကြားခဲ့ပါတယ်။

“ကုလသမဂ္ဂသမိုင်းကို ပြန်ကြည့်မယ်ဆိုရင် အာဏာပိုင်းတွေ၊ de facto အာဏာပိုင်တွေနဲ့ ကိုယ်စားလှယ် တစ်ဖွဲ့ တည်းမဟုတ်ခဲ့တဲ့ အချိန်တွေ အမျိုးမျိုးရှိခဲ့ပါတယ်။ အရင်က ဒီလိုအခြေအနေတွေ စိတ်မကောင်းစွာဘဲ ရှိခဲ့ပါတယ်။ ဒါပေမဲ့ ဒါက Credentials Committee ရဲ့ အခန်းကဏ္ဍပါ။ ကော်မတီမှာ အလှည့်ကျတဲ့ အဖွဲ့ဝင်တွေ သူတို့အလုပ်သူတို့လုပ်ဆောင်ရမှာပါ”လို့ ကုလပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တချို့သတင်းတွေကတော့ အခုသီတင်းပတ် အစောပိုင်းတုန်းက ဘာဒင်ညက်စ်ခ် မြို့ထဲမှာ တပ်စွဲထားတဲ့ ရုရှားတပ်တွေကို ယူကရိန်းက တိုက်ခိုက်ရာမှာ နောက်ထပ် ဒုံးကျည်တစ်စင်း ထပ်သုံးခဲ့ကြောင်း ဖော်ပြနေပါတယ်။

နိုင်ငံတကာ

ရုရှား အစိုးရ ပြောရေးဆိုခွင့်ရ အရာရှိ ဒစ်မစ်ထရီ ပက်စ်ကော့ဗ်ကတော့ အခုဆုံးဖြတ်ချက်ဟာ အမေရိကန်ကို ကြွယ်ဝသထက် ကြွယ်ဝစေပြီး ယူကရိန်း အတွက်တော့ နောက်ထပ် အသက်တွေ စတေးရင်း တွင်းဆုံးကျစေမယ့် ကိစ္စမျိုးလို့ တုံ့ပြန်သွားပါတယ်။

နိုင်ငံတကာ

အမေရိကန်က အဲဒီအဆိုကို ဗီတိုအာဏာသုံးပြီး ပယ်ချခဲ့မေယ့် အမေရိကန်ရဲ့ အနီးစပ်ဆုံး မဟာမိတ်တွေထဲက ပြင်သစ်၊ ဂျပန်နဲ့ တောင်ကိုရီးယားတို့ကလည်း ပါလက်စတိုင်းနိုင်ငံ ထူထောင်ရေး အဆိုကို ထောက်ခံခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

ကုလသမဂ္ဂဆိုင်ရာ အီရန် သံတမန် အဖွဲ့က အီရန်ရဲ့ တိုက်ခိုက်မှုဟာ တရားမျှတပြီး အမေရိကန် အနေနဲ့ ကြားမဝင်ဖို့ လိုတယ်လို့ သတိပေးလိုက်တာ ဖြစ်ပါတယ်။