Connect with us

Hi, what are you looking for?

News

ဖေ​​ဖော်ဝါရီ ၁ ရက်မတိုင်ခင်စွဲဆိုထားတဲ့စစ်​ဆေးဆဲအမှု​တွေ စစ်​ကောင်စီ ပိတ်သိမ်း “နိုင်ငံ​ရေးပုဒ်မ​တွေနဲ့စွဲဆိုခံထားရသူ​တွေမပါ”

ကိုဗစ်ကြောင့် ရုံးထုတ်စစ်ဆေးနိုင်တာမရှိလို့ ချုပ်ရက်ရှည်ကြာနေတဲ့ တရားခံတွေကို ထောက်ထားညှာတာ တဲ့အနေနဲ့ အမှုပိတ်သိမ်းပေးတာလို့ ဆိုထားတာတွေ့ရပါတယ်။
တရားရုံးတွေမှာ စစ်ဆေးနေဆဲဖြစ်ပေမယ့် အမှုပိတ်သိမ်းတဲ့အထဲမပါတဲ့ ခြွင်းချက် အမှုတွေလည်းရှိနေပါတယ်။

စစ်အာဏာသိမ်းတာကို ဆန့်ကျင်လို့ လူငါးထောင်ကျော် ဖမ်းဆီးထိန်းသိမ်းခံထားရချိန်မှာ ဖေဖော်ဝါရီလ ၁ ရက်နဲ့ အဲဒီနေ့ မတိုင်ခင် စွဲဆိုထားတဲ့ စစ်ဆေးဆဲ အမှုတွေကို စစ်​ကောင်စီက ပိတ်သိမ်းလိုက် ပါတယ်။

အဲဒီအမိန့် ကိုအာဏာသိမ်းစစ်ကောင်စီရဲ့ အတွင်းရေးမှူး ဒုတိယ ဗိုလ်ချုပ်ကြီးအောင်လင်း​ဒွေးက လက်မှတ်ရေးထိုးထုတ်ပြန်တာပါ။

ကိုဗစ်ကြောင့် ရုံးထုတ်စစ်ဆေးနိုင်တာမရှိလို့ ချုပ်ရက်ရှည်ကြာနေတဲ့ တရားခံတွေကို ထောက်ထားညှာတာ တဲ့အနေနဲ့ အမှုပိတ်သိမ်းပေးတာလို့ ဆိုထားတာတွေ့ရပါတယ်။
တရားရုံးတွေမှာ စစ်ဆေးနေဆဲဖြစ်ပေမယ့် အမှုပိတ်သိမ်းတဲ့အထဲမပါတဲ့ ခြွင်းချက် အမှုတွေလည်းရှိနေပါတယ်။

အကြမ်းဖက်မှုဥပဒေနဲ့ဆိုင်တဲ့အမှုတွေ ၊ ငွေကြေးခဝါချမှု နဲ့ဆိုင်တဲ့အမှု၊ လူကုန်ကူးမှု ၊မူးယစ်မှု ၊ မတရားအသင်းအမှု ၊ နိုင်ငံတော်သစ္စာဖောက်ဖျက်မှု ၊ နိုင်ငံတော်အကြည်ညိုပျက်စေမှု၊ တရားခံပြေးအမှု ၊ တရားရုံးမှာ ဦးတိုက်လျှောက်ထားတဲ့အမှု ၊တရားစွဲအဖွဲ့အစည်းက မပိတ်ပေးသင့်ကြောင်း လျှောက်ထားလာတဲ့အမှုတွေ ကတော့ အမှုပိတ်သိမ်းမယ့်အထဲအကျုံးမဝင်ဘူးလို့ စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်အရသိရပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီအမှုတွေကလွဲရင် ဖေဖော်ဝါရီလ ၁ ရက်နဲ့ အဲဒီ​နေ့မတိုင်ခင်က ပြစ်မှုတစ်ခုခုနဲ့ တရားစွဲခံရပြီး တရားရုံးတွေမှာ ကြားနာနေဆဲ အမှုတွေအားလုံးကို ပိတ်သိမ်းပြီး တရားခံတွေကို လွှတ်ရမယ်လို့ စစ်ကောင်စီက ဆိုထားတာဖြစ်ပါတယ်။

လူသတ်မှု ၊ မုဒိမ်းမှု၊ လူတစ်ဦးဦးကို ထိခိုက်နစ်နာစေမှု၊ ငွေကြေး ဒါမှမဟုတ် ပစ္စည်းဆုံးရှုံးနစ်နာစေမှုတွေကိုတော့ တရားလိုက အမှုမပိတ်လိုရင် လာမယ့် စက်တင်ဘာလ ၃၀ ရက်နောက်ဆုံးထားပြီး သက်ဆိုင်ရာ တရားရုံး လျှောက်ထားရမယ်လို့ စစ်ကောင်စီရဲ့ထုတ်ပြန်ချက် မှာပါရှိပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

ဆောင်းပါး

နောက်ကျိနေတဲ့မြစ်ရေတွေမြို့ထဲကို အရှိန်ပြင်းပြင်း စီးဝင်လာလို့ လူတွေက ဘေးလွတ်ရာထွက်ပြေးနေကြပါတယ်။ မြို့‌ကောင်းကင်ယံမှာက ရဟတ်ယာဉ်နဲ့ Y12လေယာဉ်၊ ဂျက်ဖိုက်တာတချို့ တဝီဝီပျံသန်းနေပါတယ်။