Connect with us

Hi, what are you looking for?

LuduNwayOo

News

ဖေ​​ဖော်ဝါရီ ၁ ရက်မတိုင်ခင်စွဲဆိုထားတဲ့စစ်​ဆေးဆဲအမှု​တွေ စစ်​ကောင်စီ ပိတ်သိမ်း “နိုင်ငံ​ရေးပုဒ်မ​တွေနဲ့စွဲဆိုခံထားရသူ​တွေမပါ”

ကိုဗစ်ကြောင့် ရုံးထုတ်စစ်ဆေးနိုင်တာမရှိလို့ ချုပ်ရက်ရှည်ကြာနေတဲ့ တရားခံတွေကို ထောက်ထားညှာတာ တဲ့အနေနဲ့ အမှုပိတ်သိမ်းပေးတာလို့ ဆိုထားတာတွေ့ရပါတယ်။
တရားရုံးတွေမှာ စစ်ဆေးနေဆဲဖြစ်ပေမယ့် အမှုပိတ်သိမ်းတဲ့အထဲမပါတဲ့ ခြွင်းချက် အမှုတွေလည်းရှိနေပါတယ်။

စစ်အာဏာသိမ်းတာကို ဆန့်ကျင်လို့ လူငါးထောင်ကျော် ဖမ်းဆီးထိန်းသိမ်းခံထားရချိန်မှာ ဖေဖော်ဝါရီလ ၁ ရက်နဲ့ အဲဒီနေ့ မတိုင်ခင် စွဲဆိုထားတဲ့ စစ်ဆေးဆဲ အမှုတွေကို စစ်​ကောင်စီက ပိတ်သိမ်းလိုက် ပါတယ်။

အဲဒီအမိန့် ကိုအာဏာသိမ်းစစ်ကောင်စီရဲ့ အတွင်းရေးမှူး ဒုတိယ ဗိုလ်ချုပ်ကြီးအောင်လင်း​ဒွေးက လက်မှတ်ရေးထိုးထုတ်ပြန်တာပါ။

ကိုဗစ်ကြောင့် ရုံးထုတ်စစ်ဆေးနိုင်တာမရှိလို့ ချုပ်ရက်ရှည်ကြာနေတဲ့ တရားခံတွေကို ထောက်ထားညှာတာ တဲ့အနေနဲ့ အမှုပိတ်သိမ်းပေးတာလို့ ဆိုထားတာတွေ့ရပါတယ်။
တရားရုံးတွေမှာ စစ်ဆေးနေဆဲဖြစ်ပေမယ့် အမှုပိတ်သိမ်းတဲ့အထဲမပါတဲ့ ခြွင်းချက် အမှုတွေလည်းရှိနေပါတယ်။

အကြမ်းဖက်မှုဥပဒေနဲ့ဆိုင်တဲ့အမှုတွေ ၊ ငွေကြေးခဝါချမှု နဲ့ဆိုင်တဲ့အမှု၊ လူကုန်ကူးမှု ၊မူးယစ်မှု ၊ မတရားအသင်းအမှု ၊ နိုင်ငံတော်သစ္စာဖောက်ဖျက်မှု ၊ နိုင်ငံတော်အကြည်ညိုပျက်စေမှု၊ တရားခံပြေးအမှု ၊ တရားရုံးမှာ ဦးတိုက်လျှောက်ထားတဲ့အမှု ၊တရားစွဲအဖွဲ့အစည်းက မပိတ်ပေးသင့်ကြောင်း လျှောက်ထားလာတဲ့အမှုတွေ ကတော့ အမှုပိတ်သိမ်းမယ့်အထဲအကျုံးမဝင်ဘူးလို့ စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်အရသိရပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီအမှုတွေကလွဲရင် ဖေဖော်ဝါရီလ ၁ ရက်နဲ့ အဲဒီ​နေ့မတိုင်ခင်က ပြစ်မှုတစ်ခုခုနဲ့ တရားစွဲခံရပြီး တရားရုံးတွေမှာ ကြားနာနေဆဲ အမှုတွေအားလုံးကို ပိတ်သိမ်းပြီး တရားခံတွေကို လွှတ်ရမယ်လို့ စစ်ကောင်စီက ဆိုထားတာဖြစ်ပါတယ်။

လူသတ်မှု ၊ မုဒိမ်းမှု၊ လူတစ်ဦးဦးကို ထိခိုက်နစ်နာစေမှု၊ ငွေကြေး ဒါမှမဟုတ် ပစ္စည်းဆုံးရှုံးနစ်နာစေမှုတွေကိုတော့ တရားလိုက အမှုမပိတ်လိုရင် လာမယ့် စက်တင်ဘာလ ၃၀ ရက်နောက်ဆုံးထားပြီး သက်ဆိုင်ရာ တရားရုံး လျှောက်ထားရမယ်လို့ စစ်ကောင်စီရဲ့ထုတ်ပြန်ချက် မှာပါရှိပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။

သတင်း

ယ‌နေ့ညနေ ၃နာရီခန့်အထိ ရရှိထားသောသတင်းများအရ မိုးမောက်မြို့ပေါ်တွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတဦးအပါအဝင် သေဆုံးသူသုံးဦးရှိပြီး တစ်ဦးဒဏ်ရာရာရှိခဲ့ကြောင်း သိရသည်။

သတင်း

တော်လှန်ရေးပူးပေါင်းတပ် သိမ်းပိုက်ထားသည့် ခလရ(၂၇၅)တပ်မှ စစ်ကောင်စီတပ်သားများသည် ပြီးခဲ့သည့် ဧပြီ ၁၀ရက်ညကတည်းက အမှတ်(၂)တံတားသို့ထွက်​ပြေးလာပြီး ခိုလှုံ​နေခြင်းဖြစ်သည်။

သတင်း

RCSSသည် စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီကို တစ်ကြိမ်မျှ မတိုက်ခိုက်ခဲ့ဘဲ ၊အာဏာသိမ်းစစ်​ကောင်စီနှင့် အမြဲတွေ့ဆုံဆွေးနွေးနေသည့် အဖွဲ့ဖြစ်သည်။