Connect with us

Hi, what are you looking for?

News

တစ်သက်တာစာပေဆုရှင် ဆရာကြီးအံ့မောင်(ဦး) ကွယ်လွန်

မကွယ်လွန်မီအချိန်များတွင် ရန်ကုန်တက္ကသိုလ်၌ နည်းပြအဖြစ်လည်းကောင်း၊ သတင်းစာဆရာ၊ ကဗျာဆရာအဖြစ်လည်းကောင်းလုပ်ကိုင်ခဲ့ပြီး စာပေဖြင့်သာ အသက်မွေးဝမ်းကြောင်း ပြုခဲ့သည်။

ဓာတ်ပုံ - Myo Win Tun

အမျိုးသားစာပေတစ်သက်တာဆုရှင် ဆရာကြီးအံ့မောင်(ဦး) ယနေ့နေ့လယ်ပိုင်းက မုံရွာမြို့၌ ကွယ်လွန်ခဲ့သည်။

ဆရာကြီးအံ့မောင်(ဦး)ကို ၁၉၃၀ တွင် မွေးဖွားခဲ့ပြီး ကွယ်လွန်ချိန်၌ အသက် (၉၁) နှစ်ရှိပြီဖြစ်သည်။

ဆရာကြီးသည် ၁၉၇၃ ခုနှစ်တွင် ရေသူမကလေး(အန်းဒါဆင်ပုံဝတ္ထု)ဖြင့် အမျိုးသားစာပေဆု၊ ၂၀၀၉ ခုနှစ်တွင် စိန်ပွင့် မြပွင့် ပတ္တမြားပွင့် ကဗျာစာအုပ်ဖြင့် တော်ဘုရားကလေးဆုနှင့် ၂၀၂၀ ခုနှစ်တွင် အမျိုးသားစာပေ တစ်သက်တာဆု စသည်တို့ကို ရရှိခဲ့သည်။

မကွယ်လွန်မီအချိန်များတွင် ရန်ကုန်တက္ကသိုလ်၌ နည်းပြအဖြစ်လည်းကောင်း၊ သတင်းစာဆရာ၊ ကဗျာဆရာအဖြစ်လည်းကောင်းလုပ်ကိုင်ခဲ့ပြီး စာပေဖြင့်သာ အသက်မွေးဝမ်းကြောင်း ပြုခဲ့သည်။

Public Service Announcement

Public Service Announcement

ဆရာကြီးသည် ဆောင်းပါး၊ဘာသာပြန်၊ ကဗျာစသည်တို့ရေးသားခဲ့ရာ လုံးချင်းစာအုပ် ၄၆ အုပ် ထွက်ရှိခဲ့သည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

မုံရွာမြို့ဟာ တော်လှန်ရေးအားကောင်းတဲ့ ဒေသတစ်ခုပါ။ တိုက်ပွဲတွေပတ်လည်ဝိုင်းနေတဲ့မုံရွာမြို့ဟာ စစ်ကောင်စီရဲ့အမျိုးစုံ ဖိနှိပ်မှုတွေကြားမှာ မနည်းရှင်သန်အောင် ရပ်တည်နေရတယ်။ နေ့စဥ်ပေါ်တာဆွဲတာတွေရှိတယ်။ အကြမ်းဖက် ဖမ်းဆီး ငွေညှစ်တာတွေရှိတယ်။ ဓါးပြတိုက် လုယက် ပြန်ပေးဆွဲတာတွေရှိတယ်။အဲဒီလိုအခြေအနေကြားမှာပဲ မုံရွာမြို့က စီးပွားရေးသမား လုပ်ငန်းရှင် ၂၀ ကျော် ငွေအလိမ်ခံလိုက်ရပါတယ်။ ဆုံးရှုံးသွားတဲ့ပမာဏက ကျပ်သိန်းခုနှစ်ထောင်ကျော်ပါတဲ့။

သတင်း

မဲရုံသင်တန်းပေးနေတဲ့ မုံရွာမြို့ပေါ်မှာ ဗုံးပေါက်ကွဲမှုနဲ့ ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့ကြောင်း ဒေသခံများက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ စစ်ကောင်စီက လုပ်မယ့် စျေးပွဲတော်မှာ ပြည်သူတွေဆီကအဓမ္မသိမ်းယူထားတဲ့ ပစ္စည်းတွေ ရောင်းချမယ်လို့ နီးစပ်သူတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်က သာစည်ရွာနယ်မြေရဲစခန်း တိုက်ခိုက်ခံရပြီး ရဲ ၄ဦး သေဆုံးခဲ့တယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။