အမျိုးသားစာပေတစ်သက်တာဆုရှင် ဆရာကြီးအံ့မောင်(ဦး) ယနေ့နေ့လယ်ပိုင်းက မုံရွာမြို့၌ ကွယ်လွန်ခဲ့သည်။
ဆရာကြီးအံ့မောင်(ဦး)ကို ၁၉၃၀ တွင် မွေးဖွားခဲ့ပြီး ကွယ်လွန်ချိန်၌ အသက် (၉၁) နှစ်ရှိပြီဖြစ်သည်။
ဆရာကြီးသည် ၁၉၇၃ ခုနှစ်တွင် ရေသူမကလေး(အန်းဒါဆင်ပုံဝတ္ထု)ဖြင့် အမျိုးသားစာပေဆု၊ ၂၀၀၉ ခုနှစ်တွင် စိန်ပွင့် မြပွင့် ပတ္တမြားပွင့် ကဗျာစာအုပ်ဖြင့် တော်ဘုရားကလေးဆုနှင့် ၂၀၂၀ ခုနှစ်တွင် အမျိုးသားစာပေ တစ်သက်တာဆု စသည်တို့ကို ရရှိခဲ့သည်။
မကွယ်လွန်မီအချိန်များတွင် ရန်ကုန်တက္ကသိုလ်၌ နည်းပြအဖြစ်လည်းကောင်း၊ သတင်းစာဆရာ၊ ကဗျာဆရာအဖြစ်လည်းကောင်းလုပ်ကိုင်ခဲ့ပြီး စာပေဖြင့်သာ အသက်မွေးဝမ်းကြောင်း ပြုခဲ့သည်။
ဆရာကြီးသည် ဆောင်းပါး၊ဘာသာပြန်၊ ကဗျာစသည်တို့ရေးသားခဲ့ရာ လုံးချင်းစာအုပ် ၄၆ အုပ် ထွက်ရှိခဲ့သည်။
