Connect with us

Hi, what are you looking for?

News

စစ်အာဏာရှင်ဟောင်းသန်းရွှေ ကိုဗစ်-၁၉ ကူးစက်ခံရ

(၈၈)နှစ်အရွယ်ရှိ သန်းရွှေဟာ ဇနီးဖြစ်သူနဲ့အတူ ကိုဗစ်-၁၉ ပိုးတွေ့ရှိခဲ့ပြီးနောက်ပိုင်း လွန်ခဲ့တဲ့ သုံး၊ လေးရက်ကတည်းက နေပြည်တော်၊ သိုက်ချောင်းစစ်ဆေးရုံမှာ တက်ရောက်ခဲ့ တာဖြစ်တယ်လို့ ဆေးရုံဝန်ထမ်းတစ်ဦးက ပြောပါတယ်။

မြန်မာနိုင်ငံရဲ့စစ်အာဏာရှင်ဟောင်းသန်းရွှေဟာ ကိုဗစ်-၁၉ ကူးစက်ခံထားရပြီး နှစ်ပတ်ခန့် ဆေးရုံတက်ရနိုင်တယ်လို့ တာဝန်ရှိသူတစ်ဦးကို ကိုးကားပြီး AP သတင်းဌာနက မနေ့က ဖော်ပြ ပါတယ်။

အသက်(၈၈)နှစ်အရွယ်ရှိ သန်းရွှေဟာ ဇနီးဖြစ်သူနဲ့အတူ ကိုဗစ်-၁၉ ပိုးတွေ့ရှိခဲ့ပြီးနောက်ပိုင်း လွန်ခဲ့တဲ့ သုံး၊ လေးရက်ကတည်းက နေပြည်တော်၊ သိုက်ချောင်းစစ်ဆေးရုံမှာ တက်ရောက်ခဲ့ တာဖြစ်တယ်လို့ ဆေးရုံဝန်ထမ်းတစ်ဦးက ပြောပါတယ်။

သူတို့နှစ်ဦးစလုံးဟာ လုံခြုံရေးအစောင့်အရှောက်နဲ့ ဆေးရုံရဲ့ VIP ဌာနမှာ ကုသမှုခံယူနေတယ်လို့ အမည်မဖော်လိုသူ ဆေးရုံဝန်ထမ်းက ပြောပါတယ်။

သူတို့ရဲ့ ဖျားနာမှုပြင်းထန်ခြင်းအခြေအနေကိုတော့ ဆေးရုံက သတင်းရင်းမြစ်က သိရှိခြင်းမရှိဘူးလို့ ဆိုပါတယ်။

Public Service Announcement

Public Service Announcement

စစ်အာဏာရှင်သန်းရွှေဟာ ၁၉၉၂ ကနေ ၂၀၁၁ မတိုင်ခင်အထိ တိုင်းပြည်ကို အုပ်ချုပ်ခဲ့ပြီး အဲဒီ နောက်ပိုင်းမှာ စစ်ဗိုလ်ချုပ်ဟောင်းတွေဦးဆောင်တဲ့ အရပ်သားတစ်ပိုင်းအစိုးရကို အာဏာလွှဲပေးခဲ့ပါတယ်။

သန်းရွှေအုပ်ချုပ်တဲ့ကာလတစ်လျှောက် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ရဲ့ ပြီးခဲ့တဲ့ ၂၁ နှစ်မှာ ၁၅ နှစ်ဟာ ထောင်အတွင်း ဒါမှမဟုတ် နေအိမ်အကျယ်ချုပ်အဖြစ် ကုန် ဆုံးခဲ့ရပါတယ်။

ကိုးကား – AP

ဆက်စပ်သတင်းများ

သတင်း

ဗြိတိန်နိုင်ငံ လန်ဒန်မြို့မှာ ပြည်ပရောက်မြန်မာတွေ စုပေါင်းပြီး မြန်မာစစ်အာဏာရှင်ကို ဆန့်ကျင်​​တဲ့ ဆန္ဒပြပွဲကို ဒီကနေ့ (စက်တင်ဘာ ၁)မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီရှိ ထိုင်းသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက စစ်အာဏာရှင်ကို ဖိတ်ခေါ်တွေ့ဆုံတဲ့ ထိုင်းအစိုးရနဲ့ဝန်ကြီးချုပ်ကို ဆန့်ကျင်ကန့်ကွက်ကြောင်း သြဂုတ် ၁၅ ရက်မှာ ဆန္ဒပြခဲ့ကြပါတယ်။

အတွေးအမြင်

“ကျွန်တော်တို့အစိုးရအဖွဲ့အနေနဲ့ ‘လူ့အသက်ထက် အရေးကြီးတာဘာမှမရှိ’ဆိုတဲ့ခံယူချက်ကို ဦးထိပ်ထားပြီး”

ဆောင်းပါး

ထိုင်းနိုင်ငံနဲ့ ထိုင်းပြည်သူတွေအတွက်လွန်စွာဝမ်းနည်းစိတ်မကောင်းဖြစ်ရပါတယ်လို့ ဦးစွာပြောလိုပါတယ်။ အကြောင်းရင်းကတော့ မိမိတို့နိုင်ငံရဲ့ ထုတ်ကုန်တစ်ခုဖြစ်တဲ့ ဗြဟ္မာ့ဦးခေါင်းကြီးကြောင့် သင်တို့မြေမှာ ဆိုးကျိုး တွေ ကြုံတွေ့ခဲ့ရတာကြောင့်ဖြစ်ပါတယ်။