Connect with us

Hi, what are you looking for?

News

ကရင်နီဒေသတိုက်ပွဲ စစ်ကောင်စီတပ်ဖွဲ့ဝင် ငါးဦးသေ ဆုံးပြီး လက်နက်အချို့ရရှိဟု KNDF ထုတ်ပြန်

ယမန်နေ့ညပိုင်းကလည်း ဒီးမော့ဆိုနှင့် ဖရူဆိုမြို့ကြားထဲ၌ တိုက်ပွဲပြင်းထန်ခဲ့ကြောင်း ဒီးမော့ဆို စစ်ရှောင်ကူညီရေး တာဝန်ရှိသူတစ်ဦးက ပြောသည်။

(KNDFရဲ​ဘော်များ၏ပုံဖြစ်ပြီး ပုံအ​ဟောင်းဖြစ်ပါသည်)

ကရင်နီဒေသအတွင်း၌ ထပ်မံဖြစ်ပွားသည့် တိုက်ပွဲ၌ စစ်ကောင်စီတပ်ဖွဲ့ဝင် ငါးဦးသေဆုံးပြီး သုံးဦး ဒဏ်ရာရရှိခဲ့ကာ လက်နက်ငယ်အချို့နှင့် လက်နက်ကြီးတစ်လက် သိမ်းဆည်းရမိခဲ့ကြောင်း ကရင်နီအမျိုးသားကာကွယ် ရေးတပ်ဖွဲ့(KNDF)က ယမန်နေ့တွင် သတင်းထုတ်ပြန် သည်။

ကယားပြည်နယ် ထေးကလူဒေါကျေးရွာအနီးသို့ ဩဂုတ်၁၂ရက်က စစ်အင်အား ဖြည့်တင်းရန် လမ်းကင်းလာ ရောက်ချထားသော အကြမ်းဖက်စစ်ကောင်စီတပ်များကို ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP/KA)နှင့် KNDF ပူးပေါင်းအဖွဲ့က တိုက်ခိုက်ခဲ့၍ မိနစ်အနည်းငယ် တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်ဘက်က အထိနာခဲ့ခြင်းဖြစ်သည်ဟု ပါရှိသည်။

ထို့ပြင် ဒီးမော့ဆို- ဖရူဆို လမ်းမပေါ်ရှိ ကဒါးလားရွာ အနီးတွင်လည်း ယမန်နေ့ နေ့လည်က တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ စစ်ကောင်စီ၏ ဒီးမော့ဆိုအခြေစိုက်တပ်က ဖရူဆိုဖက်သို့ အမြောက်ဖြင့် စဉ်ဆက်မပြတ် ပစ်ခတ်ခဲ့ကြောင်း၊ အလားတူ ညနေပိုင်း၌ ဖယ်ခုံမြို့နယ်၌ KNDF တပ်ဖွဲ့နှင့် စစ်ကောင်စီတို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်မှ လက်နက်ကြီးများ ပစ်ခတ်ခဲ့ကြောင်း KNDFက ထုတ်ပြန်ခဲ့သည်။

ယမန်နေ့ညပိုင်းကလည်း ဒီးမော့ဆိုနှင့် ဖရူဆိုမြို့ကြားထဲ၌ တိုက်ပွဲပြင်းထန်ခဲ့ကြောင်း ဒီးမော့ဆို စစ်ရှောင်ကူညီရေး တာဝန်ရှိသူတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

“မနေ့ညက တိုက်ပွဲကြီး ထပ်ဖြစ်တော့ အဲဒီဘက်မှာ ရှိတဲ့ စစ်ဘေးရှောင်တွေလည်း ထွက်ပြေးတိမ်းရှောင်ရတယ်။ မနေ့ညက ဒီးမော့ဆိုနဲ့ ဖရူမြို့ကြားထဲမှာဖြစ်တာ။ မနနေ့က နေ့ဘက်မှာလည်း KNDFနဲ့ KAကရင်နီတပ်မတော်က တိုက်ခိုက်လို့ စစ်တပ်ဘက်က အကျအဆုံးရှိတယ်ပြောတယ်။သူတို့ ထုတ်ပြန်ထားတာ ငါးယောက်။ နောက် ပြီးတော့ လက်နက် အချို့ဟာ​တွေရတယ်လို့သိရတယ်။ ပြည်သူလူထုဘက်က လက်နက်ကြီးကျလို့ ထိခိုက်ဒဏ်ရာရရှိတာ နှစ်ယောက်၊ အမျိုးသမီးတစ်ယောက် အမျိုးသားတစ်ယောက်လို့ သိရတယ်”ဟု ဒီးမော့ဆို ဒေသခံက ပြောသည်။

အကြမ်းဖက်စစ်ကောင်စီတပ်များ၏ အဆမတန်အင်အားဖြည့်တင်းမှုများနှင့် ထိုးစစ်ဆင်မှုများကြောင့် ယနေ့ ဖရူဆိုနှင့် ဒီးမော့ဆိုမြို့နယ်များတွင် တိုက်ပွဲများ တပြိုင်နက်ဖြစ်ပွားခဲ့ကြောင်း၊ ထို့ကြောင့် ယင်းမြို့နယ်များ၌ တိုက်ပွဲများ ပြင်းထန်လာနိုင်ဖွယ်ရှိ၍ ပြည်သူများ လုံခြုံရေးသတိရှိကြရန် KNDFက အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်တွင် မြန်မာ-ထိုင်းနယ်စပ် ၌စစ်တပ်၏နောက်ဆုံးလက်ကျန်စခန်းကုန်း(ပွိုင့် ၅၄၁၆)ကို ကရင်နီပြည်တပ်မတော် - KA က သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်ခဲယမ်းအများအပြားသိမ်းဆည်းရရှိကြောင်း KA ၊တပ်ရင်း ၅ တာဝန်ရှိသူက လူထုနွေဦးသို့ပြောသည်။

သတင်း

ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA အုပ်ချုပ်သော မြို့နယ်များကို စစ်ကောင်စီတပ်မှ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းကိုအသုံးပြုကာ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဇန်နဝါရီလအတွင်း ပြည်သူ၁၃ ဦးသေဆုံးခဲ့ပြီး ၂၆ဦးဒဏ်ရာရရှိခဲ့ဟု TNLAက သတင်းထုတ်ပြန်သည်။

သတင်း

၃ ရက်အတွင်းစစ်​ရှောင်ပြည်သူ ၉ ဦး​သေဆုံး

သတင်း

ညနက်ပိုင်းတွင် လေကြောင်းတိုက်ခိုက်မှုဆက်တိုက်ပြုလုပ်ခဲ့

Facebook