အာဏာသိမ်းစစ်ကောင်စီလက်အောက် မုံရွာခရိုင် စစ်ကောင်စီက ကိုဗစ်နိုင်တီးထိန်းချုပ်ရေးအကြောင်းပြချက်နဲ့ သြဂုတ် ၁၄ရက်ကစပြီး မရှိမဖြစ်စားသောက်ကုန်တွေ၊လူသုံးကုန်ပစ္စည်းအရောင်ဆိုင်တွေအပါအဝင် ဆိုင်အားလုံး မနက် ၁၀ နာရီက ညနေ ၄ နာရီအထိပိတ်ထားရမယ်လို့ အမိန့်ထုတ်ပြန်ထားပါတယ်။
မုံရွာဒေသခံတွေက ဒါကို နေ့မထွက်ရအမိန့်လို့ပြောနေကြပြီး ၊သတ်မှတ်ချက်က သဘာဝမကျကြောင်းဝေဖန်နေကြသလိုပြည်သူအများစုကလည်း မလိုက်နာကြပါဘူး။
“ နေ့မထွက်ရဆိုတော့ညထွက်သဘောလား” လို့ပြည်သူတစ်ဦးကမေးခွန်းထုတ်ပါတယ်။
မုံရွာဒေသခံတစ်ဦးကလည်း “ လုပ်ချင်တာက အစိုးရ။ အစိုးရနဲ့တူအောင်လုပ်တတ်တာဘာမှမရှိ။ အပြင်မထွက်ရတဲ့ လူတန်းစားထဲမှာ အိမ်မှာ ငတ်နေတဲ့လူတွေအတွက် ဘာတွေ စီမံထားလဲ ဘာတွေ ပြင်ဆင်ထားမလဲ၊ ဘာတွေထောက်ပံ့မလဲ လုံးဝမရှိ။ စောက်စေတနာမရှိပဲ ကြိုးစားနေလိုက် ဘယ်တော့မှအစိုးရမဖြစ်ဘူး” လို့ပြောပါတယ်။
စစ်ကောင်စီကတော့ မုံရွာမြို့ဟာ သြဂုတ် ၁၂ ရက်ကစပြီး အိမ်တွင်နေရန်အစီအစဥ်မှာအကြုံးဝင်ပြီလို့ဆိုပါတယ်။ လက်ဖက်ရည်ဆိုင်၊စားသောက်ဆိုင်တွေအနေနဲ့ပါဆယ်နဲ့ရောင်းရမှာဖြစ်သလို ဆိုင်အားလုံးက မနက် ၁၀ နာရီနဲ့ ညနေ ၄ နာရီကြားမဖွင့်ရဘူးလို့ထူးထူးဆန်းဆန်းထုတ်ပြန်တာဖြစ်ပါတယ်။
အပြင်ထွက်ရချိန်နည်းသွားရင် ထွက်ရတဲ့အချိန် နည်းနည်းမှာလူတွေစုံပြုံထွက်ရင် ကိုရိုနာဗိုင်းရပ်စပိုကူးစက်နိုင်တယ်လို့လည်းပြည်သူအချို့က ပြောပါတယ်။ စစ်ကောင်စီက အဲလိုကြေညာပေမယ့် ဒေသခံအများစုက စစ်ကောင်စီကို အသိ့အမှတ်မပြုသလို အမိန့်ကိုလည်း မလိုက်နာဘဲ ကိုယ့်အသိ့စိတ်ဓါတ်နဲ့ကိုယ်သာ ကိုဗစ်ကူးစက်မှုလျော့ပါးအောင်ဆောင်ရွက်နေတယ်လို့ဆိုပါတယ်။
“ နေ့အလုပ်ထွက်မှစားရမဲ့သူတော့ဘယ်လိုလုပ်ကြမလဲ ခေါင်းမရှိတဲ့မအလ” လို့ဒေသခံတစ်ဦးက ပြောပါတယ်။
