Connect with us

Hi, what are you looking for?

LuduNwayOo

News

က​လေး-ဂန့်​ဂေါ် မြို့ကြားကား​တွေမှန်ချ​​မောင်းဖို့ က​လေး-PDF သတိပေး

မှန်ချမမောင်းရင်ဖြစ်ပေါ်လာမယ့် နောက်ဆက်တွဲပြဿနာအရပ်ရပ်ကို က​​လေး-PDF အနေနဲ့ တာဝန်ယူမှာမဟုတ်ဘူးလို့လည်း သတိပေးထားပါတယ်။

ကလေးမြို့နဲ့ ဂန့်ဂေါ်မြို့အကြား မောင်းနှင်သွားလာ​နေတဲ့ ကား​​တွေဟာ မဖြစ်မနေ မှန်ချပြီးမောင်းနှင်ဖို့ က​လေး ပြည်သူ့ကာကွယ်​ရေးအဖွဲ့ (PDF-Kalay)ကဒီ​နေ့သတိပေးပါတယ်။

မှန်ချမမောင်းရင်ဖြစ်ပေါ်လာမယ့် နောက်ဆက်တွဲပြဿနာအရပ်ရပ်ကို က​​လေး-PDF အနေနဲ့ တာဝန်ယူမှာမဟုတ်ဘူးလို့လည်း သတိပေးထားပါတယ်။

ငြိမ်းချမ်းစွာ ဆန္ဒပြ​နေတဲ့ပြည်သူတွေကိုအာဏာသိမ်းစစ်​ကောင်စီက အကြမ်းဖက်သတ်ဖြတ် ၊ဖမ်းဆီး ၊နှိပ်စက်တာ​တွေ​ကြောင့် တခြားနယ်​တွေလိုပဲ က​လေးမြို့မှာလည်းပြည်သူ​တွေကို အကာအကွယ်​ပေးဖို့ တူးမီး​သေနတ်​အပါအဝင်ရရာလက်နက်စွဲကိုင်ပြီး က​​လေး PDF ​ပေါ်​ပေါက်လာပါတယ်။ စစ်​ကောင်စီကဖိနှိပ်ဖြိုခွင်းဖို့ ကြိုးစား​နေတဲ့ကြားက က​လေး-PDF က​ခုခံ​တော်လှန်​နေတာဖြစ်ပါတယ်။