Connect with us

Hi, what are you looking for?

News

သံအမတ်ကြီး ဦးကျော်မိုးထွန်းကိုထောက်ခံတဲ့ အွန်လိုင်းလက်မှတ်တစ်သိန်းရှစ်သောင်းကျော်ရရှိ

တယ်လို့ CRPH ရဲ့ နိုင်ငံတကာဆက်ဆံရေးကိုယ်စားလှယ် ဦးထင်လင်းအောင်က သူရဲ့ဖေ့ဘွတ်ခ်ကနေအသိပေးထားတာပါ။

သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖြစ် ဆက်လက် ခန့်ထားပေးဖို့ အွန်လိုင်းလက်မှတ်ရေးထိုးလှုပ်ရှားမှု မှာ လက်မှတ်ပေါင်း တစ်သိန်းရှစ်သောင်းကျော် ရရှိထားပါပြီ။

အွန်လိုင်းလက်မှတ်ရေးထိုးလှုပ်ရှားမှုမှာဟာ လက်မှတ်ပေါင်း နှစ်သိန်းရရှိ ဖို့ ရည်မှန်းထားတယ်လို့ CRPH ရဲ့ နိုင်ငံတကာဆက်ဆံရေးကိုယ်စားလှယ် ဦးထင်လင်းအောင်က သူရဲ့ဖေ့ဘွတ်ခ်ကနေအသိပေးထားတာပါ။

အွန်လိုင်းကနေ လက်မှတ်ရေးထိုးတာကို သြဂုတ်လ ၂၁ ရက်နေ့နောက်ဆုံးထားပြီး ပါဝင်နိုင်မှာဖြစ်ပြီး သံအမတ်ကြီး ဦးကျော်မိုးထွန်းကိုထောက်ခံတဲ့ ဒီလက်မှတ်တွေကို ကုလသမဂ္ဂ ကိုပေးပို့သွားမယ်လို့သိရပါတယ်။

လာမယ့် စက်တင်ဘာ လလယ်ပိုင်းမှာ ကုလသမဂ္ဂရဲ့အထွေထွေညီလာခံကို ကျင်းပဖို့ရှိနေတာဖြစ်ပြီး အဲဒီညီလာခံကို ကိုယ်စားလှယ်အဖြစ် တက်ရောက်နိုင်ဖို့ NUG နဲ့ စစ်ကောင်စီတို့ အားပြိုင်နေကြတာဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ဒါကြောင့် အဲဒီ ညီလာခံကို စစ်အာဏာသိမ်းတာကို ဆန့်ကျင်တဲ့ သံအမတ်ကြီး ဦးကျော်မိုးထွန်း ဆက်လက်တက်ရောက်နိုင်ဖို့အတွက် ထောက်ခံတဲ့ အွန်လိုင်းလက်မှတ်ရေးထိုးလှုပ်ရှားမှုကို ပြုလုပ်နေတာလည်းဖြစ်ပါတယ်။

လက်မှတ်ရေးထိုးလှုပ်ရှားမှုမှာ ကမ္ဘာ့တလွှားက မြန်မာတွေအပြင် အရှေ့တီမောနိုင်ငံ ငြိမ်းချမ်းရေးနိုဘယ်လ်ဆုရှင်ဖြစ်သူ သမ္မတဟောင်း Mr. Jose Ramos – Horta ၊ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီးဟောင်း ဒဲရစ်မေချယ်တို့အပါအဝင် စတဲ့ ထင်ရှားသူတွေလည်းပါဝင်လက်မှတ်ရေးထိုးတယ်လို့သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကမ္ဘာ့ခေါင်းဆောင်တွေမိန့်ခွန်းမှာ မြန်မာ့အရေးကို ထိုင်း၊ဘင်္ဂလားဒေ့ရှ်၊တီမောလက်စ်တေတို့ ထည့်ပြော၊ တရုတ်ထည့်မပြော

သတင်း

ကုလသမဂ္ဂဆိုင်ရာမြန်မအမြဲတမ်းကိုယ်စားလှယ်သံအမတ်ကြီး ဦးကျော်မိုးထွန်းဟာ အဖွဲ့ဝင် ၅၅ နိုင်ငံပါဝင်တဲ့ အာရှ-ပစိဖိတ်ဒေသအုပ်စုရဲ့ အလှည့်ကျဥက္ကဋ္ဌအဖြစ် စက်တင်ဘာ ၁၄ရက်မှာ ကျင်းပတဲ့ ကုလသမဂ္ဂအထွေထွေညီလာခံကို တက်ရောက်မိန့်ခွန်းပြောကြားခဲ့ပါတယ်။

သတင်း

ဩစတြေးလျနိုင်ငံ မဲလ်ဘုန်းမြို့မှာ ပြည်ပရောက် မြန်မာတွေ စုပေါင်းပြီး ကုလသမဂ္ဂဆိုင်ရာ သံအမတ်ကြီး ဦးကျော်မိုးထွန်းကို မြန်မာပြည်သူတွေကိုယ်စား ဆက်လက်အသိအမှတ်ပြုခန့်အပ်ထားပေးဖို့ တောင်းဆိုဆန္ဒပြပွဲကို စက်တင်ဘာ ၁၃ ရက်က ပြုလုပ်ခဲ့ပါတယ်။

သတင်း

ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်သံအမတ်ကြီးဦးကျော်မိုးထွန်းနဲ့ပတ်သက်လို့ အာဏာသိမ်းစစ်တပ်လက်အောက်ခံ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်ကို ကြည့်ရင် စစ်အုပ်စုအနေနဲ့ ကြံရာမရ(Desparation)ဘယ်လောက်ဖြစ်နေသလဲဆိုတာပြသနေတယ်လို့သံအမတ်ကြီးဦကျော်မိုးထွန်းက လူထုနွေဦးကို ပြောပါတယ်။

Facebook