Connect with us

Hi, what are you looking for?

News

စစ်အုပ်စုလက်ချက်ကြောင့် ရက်ပေါင်း ၂၀၀ အတွင်း တရက်ကို ပျမ်းမျှ ပြည်သူ ၅ ဦးနှုန်းကျဆုံး

၂၀၀ အတွင်းမှာ ကျဆုံးသူဟာ ၁၀၀၇ ဦးထိ ရှိခဲ့တယ်လို့ AAPP ရဲ့အစီရင်ခံစာမှာဖော်ပြထားတာပါ။

အာဏာသိမ်းတဲ့နေ့ကစပြီး ရက်ပေါင်း ၂၀၀ အတွင်း စစ်အုပ်စု လက်ချက်ကြောင့် တရက်ကို ပျမ်းမျှ အပြစ်မဲ့ပြည်သူ ၅ ဦးနှုန်း ကျဆုံးနေရတယ်လို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း(AAPP) က အစီရင်ခံစာ ထုတ်ပြန်ထားပါတယ်။

AAPP ဟာ စစ်တပ်ရဲ့ လုပ်ရပ်တွေကိုစောင့်ကြည့်မှတ်တမ်းတင်နေတဲ့ အဖွဲ့လည်းဖြစ်ပါတယ်။

အာဏာသိမ်းတဲ့ ဖေဖော်ဝါရီလ ၁ ရက်ကနေ မနေ့က သြဂုတ်လ ၂၀ ရက်အထိ ရက်ပေါင်း ၂၀၀ အတွင်းမှာ ကျဆုံးသူဟာ ၁၀၀၇ ဦးထိ ရှိခဲ့တယ်လို့ AAPP ရဲ့အစီရင်ခံစာမှာဖော်ပြထားတာပါ။

မတရားအာဏာသိမ်းတာကို အာဏာဖီဆန်ဆန့်ကျင်ရာမှာ အဓိကအခန်းကဏ္ဍကနေ ရှိနေတဲ့ ပညာရှင်တွေကို စစ်အုပ်စုဟာ စနစ်တကျ ပစ်မှတ်ထားသတ်ဖြတ်ခဲ့တယ်လို့ AAPP က ဆိုထားပါတယ်။

Public Service Announcement

Public Service Announcement

စစ်အာဏာရှင်ကို ဆန့်ကျင်ကန့်ကွက် ခဲ့ရာမှာအကျအဆုံးများတဲ့နေ့ကတော့ မတ်လ ၂၇ ရက် တပ်မတော်နေ့ ဖြစ်ပြီး အဲဒီနေ့မှာ ရန်ကုန် ၊မန္တလေး ၊ စစ်ကိုင်း ၊တနင်္သာရီ အပါအဝင် အခြားသော ဒေသတွေက အပြစ်မဲ့ပြည်သူ ၁၆၄ ဦး ကျဆုံးခဲ့ရတယ် AAPP ရဲ့အစီရင်ခံစာမှာ ပါရှိပါတယ်။

ဒီလို ကျဆုံးသွားသူတွေထဲမှာ အသက် ၁၈ နှစ်အောက် ကလေးသူငယ် ၁၄ ဦး ပါဝင်ခဲ့တယ်လို့သိရပါတယ်။

စစ်အုပ်စုလက်ချက်ကြောင့် ကျဆုံးသွားရသူတွေထဲမှာ ရန်ကုန်တိုင်း က ၂၄၁ ဦး ၊ မန္တလေးတိုင်းက ၂၁၇ ဦး ၊စစ်ကိုင်းတိုင်းက ၂၀၄ ဦးနဲ့ အကျအဆုံးများတဲ့ ဒေသတွေလည်းဖြစ်နေပါတယ်။

ဒါအပြင် AAPP ရဲ့အချက်အလက်တွေအရ ရက်ပေါင်း ၂၀၀ အတွင်း အမျိုးသမီး ၇၀ ဦး အသက်ဆုံးရှုံးခဲ့ရတယ်လို့ သိရပါတယ်။

ကျဆုံးမှုတွေမှာတော့ ဆန္ဒပြပွဲတွေ ကိုဖြိုခွင်းမှုတွေကြောင့် ၆၄၉ ဦး ကျဆုံးခဲ့ကာ ဖမ်းဆီးခံရပြီး ညှင်းပန်းနှိပ်စက်မှုတွေကြောင့်ကျဆုံးသူဟာ ၁၀၆ ဦးရှိတယ်လို့ AAPP ရဲ့အစီရင်ခံစာမှာပါရှိတာကိုတွေ့ရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊မြင်းမူမြို့နယ်၊ဂုံညင်းဆိပ်တိုက်နယ်ပကဖတာဝန်ခံ မြတ်စိုးနဲ့ဇနီးဖြစ်သူတို့ စစ်အုပ်စုနဲ့ ပူးပေါင်းသွားပြီးနောက် တော်လှန်ရေးတပ်တွေရဲ့အခွန်ဂိတ်တွေကို စစ်တပ်က‌ လေကြောင်းကဗုံးကြဲတာ​ကြောင့် ကျေးရွာ၇ရွာခန့်ကပြည်သူတွေ ရှောင် တိမ်း နေကြရတယ်လို့ဒေသခံ တွေကပြောပါတယ်။

သတင်း

ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်သံအမတ်ကြီးဦးကျော်မိုးထွန်းနဲ့ပတ်သက်လို့ အာဏာသိမ်းစစ်တပ်လက်အောက်ခံ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်ကို ကြည့်ရင် စစ်အုပ်စုအနေနဲ့ ကြံရာမရ(Desparation)ဘယ်လောက်ဖြစ်နေသလဲဆိုတာပြသနေတယ်လို့သံအမတ်ကြီးဦကျော်မိုးထွန်းက လူထုနွေဦးကို ပြောပါတယ်။

သတင်း

မြန်မာ့အရေးဆုံးဖြတ်မယ့်အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ ILO ရဲ့အစည်းအဝေးကို အာဆီယံနိုင်ငံတွေရဲ့ပံ့ပိုးမှုနဲ့ တက်ရောက်ခွင့်ရဖို့ အာဏာသိမ်းစစ်တပ်က ကြိုးပမ်းနေတယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာအလုပ်သမားသမဂ္ဂ အဖွဲ့ချုပ် CTUM ဗဟိုအလုပ်အမှုဆောင်ဒေါ်ခိုင်ဇာအောင်ကပြောပါတယ်။

သတင်း

ကျိုးကျသွားတဲ့ လေးမျက်နှာမြို့နယ်က ငဝန်မြစ်ရေကာတာကို ပိတ်နိုင်ပြီလို့ စစ်အုပ်စုကကြေညာပြီး တစ်ရက်အကြာ စက်တင်ဘာလ ၉ရက်နေ့ညမှာပဲ ပိတ်ထားတဲ့နေရာကနေပြန်ပွင့်သွားတယ်လို့ ဒေသခံတွေကပြောပါတယ်။