Connect with us

Hi, what are you looking for?

News

ဟားခါး-ထန်တလန်ကြားတိုက်ပွဲ စစ်​ကောင်စီတပ် အနည်းဆုံးငါးဦး​သေ

သေဆုံးမှုရှိ​ပေမယ့် CDF ထန်တလန်ဘက်က ​ထိခိုက်ဒဏ်ရာရတာမရှိဘူးလို့လည်း​ဖော်ပြထားပါတယ်။

ချင်းပြည်နယ် ဟားခါး-ထန်တလန် ကြားတစ်​နေရာမှာ CDF ထန်တလန်နဲ့ အာဏာသိမ်းစစ်​ကောင်စီတပ်​တွေ သြဂုတ် ၂၀ – ၂၁ ရက်မှာတိုက်ပွဲ ဖြစ်ပွားရာမှာ စစ်​ကောင်စီတပ်ငါးဦးထက်မနည်း​သေဆုံးတယ်လို့ ချင်း​ဒေသကာကွယ်​ရေးတပ်ဖွဲ့ – CDF ထန်တလန်က ဒီ​နေ့သတင်းထုတ်ပြန်ပါတယ်။

စစ်​ကောင်စီတပ်အင်အား ၂၀၀ ဝန်းကျင်နဲ့ တိုက်ပွဲဖြစ်ပွားတာမှာ စစ်​ကောင်စီတပ်ဘက်က ​သေဆုံးမှုရှိ​ပေမယ့် CDF ထန်တလန်ဘက်က ​ထိခိုက်ဒဏ်ရာရတာမရှိဘူးလို့လည်း​ဖော်ပြထားပါတယ်။

စစ်​ကောင်စီတပ်​တွေက လက်နက်ကြီးနဲ့အဆက်မပြတ် ပစ်ခတ်​နေတဲ့အတွက် CDF ​တွေကနောက်ဆုတ်ထားရတယ်လို့လည်းပါရှိပါတယ်။

ဒါ့အပြင် ယခုအခါ ထန်တလန်မြို့မှာစစ်ကောင်စီတပ်​တွေ အများအပြားဝင်ရောက်​နေတဲ့အတွက် ပြည်သူ​တွေ အ​​နေနဲ့မြို့အဝင်အထွက် သွားလာကြတာမှာဖို့လည်း သတိထားကြဖို့လည်းCDF က တိုက်တွန်းထားပါတယ်။

Public Service Announcement

Public Service Announcement

မင်းတပ်မြို့အပါအဝင် ချင်းပြည်နယ် အနှံ့မှာ CDF နဲ့ အကြမ်းဖက်စစ်​ကောင်စီတပ်​တွေ ဇူလိုင်လကစပြီး တ​ကျော့ပြန် တိုက်ပွဲ​တွေပြင်းထန်​နေပါတယ်။ ဇူလိုင်နဲ့ သြဂုတ်လလယ်အထိ ချင်းပြည်နယ်မှာ(မင်းတပ်တိုက်ပွဲများမပါ) ဖြစ်တဲ့တိုက်ပွဲ​တွေမှာစစ်​ကောင်စီတပ်ဖွဲ့ဝင် ၄၀ ခန့်​သေဆုံးခဲ့တယ်လို့ CDF က သတင်းထုတ်ပြန်ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်မြို့တော်ဟားခါးမှာအာဏာသိမ်းစစ်တပ်ရဲ့တပ်သားတစ်ဦး သေနတ်တစ်လက်နဲ့ ခဲယမ်းအချို့ယူလာပြီး ချင်းဒေသကာကွယ်ရေးအဖွဲ့ (ဟားခါး )ထံပြီးခဲ့တဲ့ရက်ပိုင်း(ဇူလိုင်လ ၂၇ ရက်)မှာခိုလှုံလာတယ်လို့ CDF ဟားခါးထောက်ပို့အဖွဲ့က ထုတ်ပြန်ပါတယ်။

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့ပေါ်မှာ ချင်းပြည်ကောင်စီ ကာကွယ်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်တိုက်ပြင်းထန်နေတယ်လို့ ချင်းပြည်ကောင်စီအဖွဲ့ဝင် ချင်းအမျိုးသားတပ်မတော်(CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊ ဟားခါးမြို့နယ်က ချင်းတော်လှန်ရေးတပ်စခန်းအချို့ကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ချင်းတော်လှန်ရေးရဲဘော်အချို့ ကျဆုံးမှု ရှိတယ်လို့ ချင်းသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။