Connect with us

Hi, what are you looking for?

LuduNwayOo

News

ဒီမိုကရေစီရေး၊ ဖက်ဒရယ်ရေးအတွက်ယုံကြည်ကြိုးပမ်းတဲ့အင်အားစုအားလုံးနဲ့ ပူးပေါင်းဆောင်ရွက်မယ်လို့ ဦးကိုကိုကြီးရဲ့ပြည်သူ့ပါတီထုတ်ပြန်

အကြမ်းဖက်စစ်တပ်က အာဏာသိမ်းပြီးနောက် နိုင်ငံရေးနဲ့စစ်ရေး၊ ကိုဗစ်ရောဂါနဲ့ စီးပွားရေးအကျပ် အတည်း အန္တ ရာယ်များကြောင့် ပြည်သူတစ်ရပ်လုံး စိတ်နှလုံးပင်ပန်းကြီးစွာခံစားနေကြရတဲ့ကာလဖြစ်တယ်လို့ ပြည်သူ့ပါတီက ဆိုပါတယ်။

ဒီမိုကရေစီရေး၊ ဖက်ဒရယ်ရေးအတွက် ယုံကြည်ကြိုးပမ်းတဲ့ အင်အားစုအားလုံးနဲ့ ပူးပေါင်းဆောင်ရွက်မယ်လို့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးကိုကိုကြီးဦးဆောင်တဲ့ ပြည်သူ့ပါတီက ဒီနေ့ထုတ်ပြန်ပါတယ်။

ပြည်သူ့ပါတီတည်ထောင်ခြင်း (၃) နှစ်မြောက်သဘော ထားကြေညာချက်မှာ အနာဂတ်နိုင်ငံတော်အတွက် နိုင်ငံရေး သဘောတူညီချက်(Political Pact)တစ်ခုရရှိပေါ်ပေါက်လာစေဖို့ ဒီမိုကရေစီရေး၊ ဖက်ဒရယ်ရေးအတွက် ယုံကြည် ကြိုးပမ်းကြတဲ့ အင်အားစုအားလုံးနဲ့ ပူပေါင်းဆောင်ရွက်သွားမယ်လို့ ဖော်ပြပါတယ်။

၂၀၂၁ လူထုလှုပ်ရှားမှုဟာ ခေတ်အဆက်ဆက်အာဏာ ရှင်စနစ်ဆန့်ကျင်ရေး၊ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတည် ဆောက်ရေး အခန်းဆက်တိုက်ပွဲဖြစ်တယ်လို့ ပြည်သူ့ပါတီက ဆိုပါတယ်။
ပြည်သူ့ပါတီဟာ အကြမ်းဖက်စစ်ကောင်စီကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီလို့ သုံးနှုန်းပြီး အဲဒီကောင်စီ အနေနဲ့ ပြည်သူများအကြား နိုင်ငံရေးနည်းလမ်းအပေါ် ယုံကြည်မှုပြန်လည်ရရှိစေရေးအတွက် ငြိမ်းချမ်းစွာ ဆန္ဒ ပြသူများကို အကြမ်းဖက်နှိမ်နင်းဖြိုခွင်းခြင်းများကို ရပ်တန့်ကာ ဖမ်းဆီးထားသူများကို အမြန်ဆုံးပြန်လွှတ်ပေးဖို့နဲ့ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးမှုတွေ ပြု လုပ်ဖို့ တိုက်တွန်းထားပါတယ်။

အကြမ်းဖက်စစ်တပ်က အာဏာသိမ်းပြီးနောက် နိုင်ငံရေးနဲ့စစ်ရေး၊ ကိုဗစ်ရောဂါနဲ့ စီးပွားရေးအကျပ် အတည်း အန္တ ရာယ်များကြောင့် ပြည်သူတစ်ရပ်လုံး စိတ်နှလုံးပင်ပန်းကြီးစွာခံစားနေကြရတဲ့ကာလဖြစ်တယ်လို့ ပြည်သူ့ပါတီက ဆိုပါတယ်။

Public Service Announcement

Public Service Announcement

ပြည်သူ့ပါတီရဲ့ထုတ်ပြန်ချက်အပေါ် အကြမ်းဖက်စစ်တပ်ရဲ့ ကျူးလွန်မှုတွေကို ရဲရဲဝံ့ဝံ့ ဝေဖန်ထောက်ပြုမှု မလုပ်ရဲ တဲ့၊ ခြံစည်းရိုးခွထိုင်တဲ့သဘောထားကြေညာ ချက်အဖြစ် နိုင်ငံရေးစိတ်ပါဝင်စားသူအချို့က ဖေ့စ်ဘုတ်စာမျက်နှာ မှာ ရေးသားထားတာတွေ့ရပါတယ်။

ဦးကိုကိုကြီးခေါင်းဆောင်တဲ့ ပြည်သူ့ပါတီဟာ အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ ရွေးကောက်ပွဲကော်မရှင် က ပြီးခဲ့တဲ့မေလက ပြုလုပ်တဲ့ နိုင်ငံရေးပါတီများအစည်းအဝေးကို တက်ရောက်ခဲ့ပါတယ်။ အဲဒီအစည်းအဝေးကို ဒီမိုကရေစီလိုလားတဲ့ ပါတီအချို့ကတော့ တက်ရောက်ခြင်းမရှိပါဘူး။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ထိုင်းရွေးကောက်ပွဲ အနိုင်ရ ပါတီရဲ့ ခေါင်းဆောင်ကို ဝန်ကြီးချုပ်အဖြစ် တင်မြှောက်ဖို့ ထိုင်းလွှတ်တော်ကို ဦးတည်ပြီး ဒီမိုကရေစီ လိုလားသူတွေက ဘန်ကောက်မြို့တော်မှာ ဆန္ဒပြခဲ့ကြပါတယ်။

မေးမြန်းခန်း

ဒီဇင်ဘာ ၁၉ ရက်က ဘင်္ဂလားဒေ့ရှ်က သုတေသီတွေရယ်၊ ဂျာနယ်လစ် ၃ ယောက်ရယ်နဲ့ AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်တို့ Zoom ကနေတဆင့် အပြန်အလှန်းမေးမြန်းဆွေနွေးထားတာကို People's Spring သတင်းဌာနက ဆီလျော်အောင် ဘာသာပြန်ဆိုထားတာကို ဖော်ပြလိုက်ရပါတယ်။