Connect with us

Hi, what are you looking for?

News

မိုးကုတ်တွင် မြေပြို၍ လူ၉ဦးပျောက်ဆုံးနေ၊ကလေးရုပ်အလောင်းနှစ်လောင်းရှာတွေ့ထား

မိုးကုတ်မြို့တွင် မိုးတွင်းကာလမြေပြိုမှုနှင့်ကျောက်တွင်းပြိုကျမှုများ နှစ်စဥ်ဖြစ်ပွားနေပြီး သြဂုတ်လဆန်းပိုင်းကလည်း ချောင်းရေလျှံကာမြေပြိုမှုကြောင့် လူသုံးဦးသေဆုံးခဲ့ပြီး ကျောက်တွင်းပြိုကျမှုကြောင့်လည်း လူတစ်ဦးသေဆုံးခဲ့သည်။

မန္တလေးတိုင်း မိုးကုတ်မြို့တွင် ယနေ့နံနက်က မြေပြိုမှုဖြစ်ပွားရာ နေအိမ်သုံးလုံးပျက်စီးပြီး လူ၁၁ဦးပျောက် ဆုံးနေရာမှ ကလေးနှစ်ဦး၏ရုပ်အလောင်းရှာတွေ့ထားကြောင်းဒေသခံများက ပြောသည်။

မိုးကုတ်မြို့အနောက်ပိုင်း ‌‌‌‌‌‌‌‌အောင်သစ်လွင်ရပ်ကွက်တွင် ယနေ့(သြဂုတ်၂၄ ရက်)နံနက် ၆ နာရီခန့်က မြေပြိုမှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး နေအိမ်သုံးလုံးပြိုပျက်ခဲ့ရာ အဆိုပါလူနေအိမ်များအတွင်းနေထိုင်သော လူ၁၁ ဦး ပြိုကျသည့်အထဲပါသွားကြောင်း၊ ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ခဲ့ရာ ၂ နာရီခန့်အကြာတွင် ကလေးရုပ်အလောင်းနှစ်လောင်း တွေ့ရှိထားကြောင်း ဒေသခံများက ပြောသည်။

မိုးကုတ်မြို့တွင် မိုးတွင်းကာလမြေပြိုမှုနှင့်ကျောက်တွင်းပြိုကျမှုများ နှစ်စဥ်ဖြစ်ပွားနေပြီး သြဂုတ်လဆန်းပိုင်းကလည်း ချောင်းရေလျှံကာမြေပြိုမှုကြောင့် လူသုံးဦးသေဆုံးခဲ့ပြီး ကျောက်တွင်းပြိုကျမှုကြောင့်လည်း လူတစ်ဦးသေဆုံးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊မိုးကုတ်မြို့မှာမိုးသည်းထန်စွာရွာပြီးမြေပြိုကျတာ​ကြောင့် လူနေအိမ်၂လုံး ထိခိုက်ပျက်စီးပြီး အမျိုးသားတဦးဒဏ်ရာရခဲ့တယ်လို့ ဒေသခံ တွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာ ယနေ့ ဩဂုတ် ၄ရက် မနက်ပိုင်းက မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျရေဆင်းလာလို့ ရေဘေးနဲ့ မြေပြိုမှု‌ဘေး ထပ်မံကြုံတွေ့နေပါတယ်။

သတင်း

ဖားကန့်မှာ မိုးသည်းထန်ပြီး တောင်ကျရေကြောင့် ဒေသခံတွေဟာ ရေကြီးနစ်မြုပ်မှု ပြန်လည်ရင်ဆိုင်နေရပြီး ‌နေရာအချို့မှာလည်း မြေပြိုမှုတွေ ဖြစ်နေပါတယ်။

နိုင်ငံတကာ

တရုတ်နိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ မြေပြိုမှုကြီးအတွင်း အနည်းဆုံး ၈ ဦး သေဆုံးပြီး ၃၄ ဦးထက်မနည်း ပျောက်ဆုံးနေကြောင်း သိရပါတယ်။