Connect with us

Hi, what are you looking for?

LuduNwayOo

News

မြန်မာ့ဒီမိုကရေစီအရေး နိုင်ငံတကာအသိုင်းအ၀ိုင်းနဲ့ အနီးကပ်ဆက်လက်ပူးပေါင်းမယ်လို့ တောင်ကိုရီးယားသမ္မတအိမ်တော်ထုတ်ပြန်

သမ္မတအိမ်တော်ရဲ့ အင်တာနက်စာမျက်နှာမှာ လူပေါင်း ၂၆၈၀၀၀ ဦးကျော်က တောင်ကိုရီးယားအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ပါဝင်တဲ့ NUG အစိုးရရဲ့ တရားဝင်သံတမန်ဆက်ဆံရေးလုပ်ဆောင်နိုင်ဖို့ မေတ္တာ ရပ်ခံ တောင်းဆိုခဲ့ကြတာပါ။

(တောင်ကိုရီးယားရောက်မြန်မာများ ဆန္ဒပြတောင်းဆိုနေစဥ်)

မြန်မာနိုင်ငံမှာ ငြိမ်းချမ်တည်ငြိမ်မှုပြန်လည်ရရှိရေးနဲ့ ဒီမိုကရေစီကြိုးပမ်းမှုများအတွက် တောင်ကိုရီးယားက နိုင်ငံတကာ အသိုင်းအ၀ိုင်းနဲ့အနီးကပ် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမယ်လို့ သမ္မတအိမ်တော် Cheong Wa Dae က ဒီနေ့ထုတ်ပြန်ပါတယ်။

အကြမ်းဖက်စစ်ကောင်စီရဲ့ နိုင်ငံရေးအတိုက်အခံဖြစ်တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ကို တရားဝင် ထောက်ခံကြောင်းထုတ်ဖော်ပြောကြားဖို့ တောင်ကိုရီးယားအစိုးရကို လူထုတောင်းဆိုမှုတွေနဲ့ပတ်သက်ပြီး သမ္မတအိမ်တော် Cheong Wa Dae ကအခုလိုတုံ့ပြန်လိုက်တာဖြစ်ပါတယ်။

သမ္မတအိမ်တော်ရဲ့ အင်တာနက်စာမျက်နှာမှာ လူပေါင်း ၂၆၈၀၀၀ ဦးကျော်က တောင်ကိုရီးယားအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ပါဝင်တဲ့ NUG အစိုးရရဲ့ တရားဝင်သံတမန်ဆက်ဆံရေးလုပ်ဆောင်နိုင်ဖို့ မေတ္တာ ရပ်ခံ တောင်းဆိုခဲ့ကြတာပါ။

“တောင်ကိုရီးယားအစိုးရအနေနဲ့ မြန်မာပြည်သူတွေရဲ့ဆန္ဒနဲ့ ကိုက်ညီတဲ့ အခြေအနေဆီရောက်ရှိဖို့ ရှေ့ ဆက်လုပ် ဆောင်ပြီး ပံ့ပိုးကူညီမှုတွေလည်း ဆက်လက်လုပ်ဆောင်သွားပါ” လို့ Cheong Wa Dae က ထုတ်ပြန်ပါတယ်။

Public Service Announcement

Public Service Announcement

တောင်ကိုရီးယားအစိုးရဟာ NUG က ပုဂ္ဂိုလ်တွေ အပါအဝင် အဓိကတာဝန်ရှိသူတွေနဲ့ ခိုင်မြဲတဲ့ဆက်ဆံရေး ဆက် လက်လုပ်ဆောင်သွားမယ်လို့ ထုတ်ပြန်ချက်မှာ ဆက်လက်ဖော်ပြပါတယ်။

ကိုးကား – Yonhap

ဆက်စပ်သတင်းများ

သတင်း

ဘင်္ဂလားဒေ့ရှ်ရဲ့ နိုင်ငံတကာနဲ့ မဟာဗျူဟာ လေ့လာရေး ဌာနက ကြီးမှူးကျင်းပတဲ့ ဆွေးနွေးပွဲ အစီအစဉ် တစ်ခုမှာ သူက မြန်မာစစ်တပ်ရဲ့ ထိပ်တန်း အရာရှိတချို့ဟာ နိုင်ငံတကာ ပိတ်ဆို့ အရေးယူမှုတွေ ခံထားရခြင်းက ဘင်္ဂလားဒေ့ရှ်ကို လုပ်ရကိုင်ရ ခက်စေတယ်လို့ ဆိုပါတယ်။

သတင်း

ယနေ့ ဖေဖော်ဝါရီ ၆ရက်တွင် ကျင်းပသည့် အစိုးရအဖွဲ့ အစည်းအဝေး၌ ယာယီသမ္မတက K3Cတိုင်းရင်းသားမဟာမိတ်များအကြား သဘောတူညီချက်များ ခိုင်မာစွာ ရရှိထားမှု အခြေအနေကို အသိပေးခဲ့ခြင်းဖြစ်သည်။

နိုင်ငံတကာ

လီယောင်ဆိုဟာ ကိုရီးယား နှစ်နိုင်ငံ ပေါင်းစည်းရေးအတွက် တက်ကြွ လှုံ့ဆော်သူ တဦးဖြစ်ပြီး သူက မြောက်ကိုရီးယားကို တခမ်းတနား ဂုဏ်ပြု ရေးဖွဲ့ထားတဲ့ ကဗျာကို ၂၀၁၆ ခုနှစ်မှာ မြောက်ကိုရီးယား အစိုးရ မီဒီယာက ဝါဒဖြန့် ဖော်ပြခဲ့ဖူးပါတယ်။

နိုင်ငံတကာ

ရုရှားဟာ မြောက်ကိုရီးယားထက် ဂြိုဟ်တု နည်းပညာပိုင်းမှာ ဆယ်စုနှစ်တွေနဲ့ချီ ရှေ့ရောက်နေတဲ့ နိုင်ငံတစ်ခု ဖြစ်တာကြောင့်ပါ။