Connect with us

Hi, what are you looking for?

News

မုံးကိုးဒေသတွင် KIAနှင့်စစ်ကောင်စီတပ်တိုက်ပွဲဖြစ်ပွား၊ ၀ိုင်းမော်တွင် စစ်ကောင်စီတပ်၏ လက်ချက် ကြောင့် အရပ်သားတစ်ဦးသေ

တိုက်ပွဲဖြစ်ပွားရာအနီးဝန်းကျင်သို့ အာဏာသိမ်းစစ်တပ်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့၍ နေအိမ်တစ်လုံး ပျက်စီးဆုံးရှုံးခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။

ရှမ်းပြည်နယ် မူဆယ်မြို့နယ် မုံးကိုးဒေသ၌ စစ်ကောင်စီတပ်နှင့် ယနေ့(ဩဂုတ် ၂၈ရက်)တွင် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ကချင်လက်နက်ကိုင်အဖွဲ့(KIA) သတင်းနှင့် ပြန်ကြားရေးဌာန Kachinnet Burmeseက သတင်းထုတ်ပြန်သည်။

အာဏာသိမ်းစစ်တပ် တပ်ရင်း (၉၉)က KIA တပ်မဟာ (၆)၊ တပ်ရင်း(၃၆)နယ်မြေ သို့ စစ်ရေးလှုပ်ရှားလာ၍ ခုခံတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

တိုက်ပွဲဖြစ်ပွားရာအနီးဝန်းကျင်သို့ အာဏာသိမ်းစစ်တပ်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့၍ နေအိမ်တစ်လုံး ပျက်စီးဆုံးရှုံးခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။

မုံးကိုးဒေသ၌ ကိုးကန့်လက်နက်ကိုင်အဖွဲ့နှင့် စစ်ကောင်စီတပ်အကြားတွင် ဇူလိုင်လ အစောပိုင်းကတည်းက တိုက်ပွဲများဆက်တိုက်ဖြစ်ပွားခဲ့ရာ ၂လခန့်ရှိပြီဖြစ် သည်။

Public Service Announcement

Public Service Announcement

ထို့ပြင် ၀ိုင်းမော်မြို့နယ်တွင် တပ်စွဲထားသည့် အာဏာ သိမ်းစစ်တပ် ခလရ(၅၈) တပ်ရင်းက ဩဂုတ် ၂၇ရက်တွင် မဒိန်ကျေးရွာရှိ အသက် ၅၀ခန့်ပြည်သူတစ်ဦးကို အကြောင်းမဲ့ ပစ်ခတ်ခဲ့ကြောင်း၊ ဩဂုတ် ၂၈ရက် တွင်လည်း အဆိုပါ တပ်ရင်းမှ လက်နက်ကြီးများပစ်ခတ်၍ ဒေသခံများ၏ နေအိမ်နှစ်လုံး ပျက်စီးခဲ့ ကြောင်း Kachinnet Burmeseက သတင်းဖော်ပြခဲ့သည်။

KIA အနေဖြင့် စစ်တပ်အာဏာသိမ်းပြီး မတ်လကတည်းက စ၍စစ်ကောင်စီတပ်ကိုခုခံတိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ရာ တိုက်ပွဲများ မကြာခဏ ဖြစ်ပွားလျက်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်တောင်ပိုင်းရဲ့ ရှေ့တန်းစာမျက်နှာမှာ တန်ပြန်ထိုးစစ်တွေ ပြင်းထန်စွာ ဆင်နွှဲနေတယ်လို့ ချင်းပြည်သူ့အစည်းအရုံး(CUP/CPA)ထောက်ပို့ဌာနက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ် ရွှေဘုန်းမြင့်ကျေးရွာက စစ်တပ်စခန်း ၁ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က သိမ်းပိုက်နိုင်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။