Connect with us

Hi, what are you looking for?

LuduNwayOo

News

မုံးကိုးဒေသတွင် KIAနှင့်စစ်ကောင်စီတပ်တိုက်ပွဲဖြစ်ပွား၊ ၀ိုင်းမော်တွင် စစ်ကောင်စီတပ်၏ လက်ချက် ကြောင့် အရပ်သားတစ်ဦးသေ

တိုက်ပွဲဖြစ်ပွားရာအနီးဝန်းကျင်သို့ အာဏာသိမ်းစစ်တပ်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့၍ နေအိမ်တစ်လုံး ပျက်စီးဆုံးရှုံးခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။

ရှမ်းပြည်နယ် မူဆယ်မြို့နယ် မုံးကိုးဒေသ၌ စစ်ကောင်စီတပ်နှင့် ယနေ့(ဩဂုတ် ၂၈ရက်)တွင် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ကချင်လက်နက်ကိုင်အဖွဲ့(KIA) သတင်းနှင့် ပြန်ကြားရေးဌာန Kachinnet Burmeseက သတင်းထုတ်ပြန်သည်။

အာဏာသိမ်းစစ်တပ် တပ်ရင်း (၉၉)က KIA တပ်မဟာ (၆)၊ တပ်ရင်း(၃၆)နယ်မြေ သို့ စစ်ရေးလှုပ်ရှားလာ၍ ခုခံတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

တိုက်ပွဲဖြစ်ပွားရာအနီးဝန်းကျင်သို့ အာဏာသိမ်းစစ်တပ်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့၍ နေအိမ်တစ်လုံး ပျက်စီးဆုံးရှုံးခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။

မုံးကိုးဒေသ၌ ကိုးကန့်လက်နက်ကိုင်အဖွဲ့နှင့် စစ်ကောင်စီတပ်အကြားတွင် ဇူလိုင်လ အစောပိုင်းကတည်းက တိုက်ပွဲများဆက်တိုက်ဖြစ်ပွားခဲ့ရာ ၂လခန့်ရှိပြီဖြစ် သည်။

Public Service Announcement

Public Service Announcement

ထို့ပြင် ၀ိုင်းမော်မြို့နယ်တွင် တပ်စွဲထားသည့် အာဏာ သိမ်းစစ်တပ် ခလရ(၅၈) တပ်ရင်းက ဩဂုတ် ၂၇ရက်တွင် မဒိန်ကျေးရွာရှိ အသက် ၅၀ခန့်ပြည်သူတစ်ဦးကို အကြောင်းမဲ့ ပစ်ခတ်ခဲ့ကြောင်း၊ ဩဂုတ် ၂၈ရက် တွင်လည်း အဆိုပါ တပ်ရင်းမှ လက်နက်ကြီးများပစ်ခတ်၍ ဒေသခံများ၏ နေအိမ်နှစ်လုံး ပျက်စီးခဲ့ ကြောင်း Kachinnet Burmeseက သတင်းဖော်ပြခဲ့သည်။

KIA အနေဖြင့် စစ်တပ်အာဏာသိမ်းပြီး မတ်လကတည်းက စ၍စစ်ကောင်စီတပ်ကိုခုခံတိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ရာ တိုက်ပွဲများ မကြာခဏ ဖြစ်ပွားလျက်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

မြန်မာနိုင်ငံမှာ နိုင်ငံသားတွေ၊ အာဆီယံ အဖွဲ့ဝင်တွေ အပါအဝင် နိုင်ငံခြားသားတွေ အားလုံးရဲ့ လုံခြုံဘေးကင်းရေးကို အလေးထား ဆောင်ရွက်ပေးဖို့ကလည်း အထူးအရေးပါတဲ့ တောင်းဆိုမှု တစ်ခုလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားခဲ့ပါတယ်။

သတင်း

Urban Freedom စစ်ဆင်ရေးအနေဖြင့် ပထမဆုံးလုပ်ဆောင်မှုကို ဧပြီ ၁၀ ရက်တွင် မင်္ဂလာဒုံမြို့မရဲစခန်းကို တိုက်ခိုက်ခြင်းဖြင့် စတင်ခဲ့ပြီး ယင်းစစ်ဆင်ရေးတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးသေဆုံးကာ သုံးဦးဒဏ်ရာရရှိခဲ့သည်။

သတင်း

တိုက်ခိုက်မှုအတွင်း လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အပြန်အလှန်ပစ်ခတ်မှု ပြင်းထန်စွာဖြစ်ပွားခဲ့ပြီး ရန်သူ့တပ်ဘက်မှ အနည်းဆုံး(မျက်မြင်)လေးဦးထက်မနည်း ထိခိုက်သေဆုံးခဲ့ မြေပြင်အခြေအနေတွင် ယခုထက်ပိုနိုင်ကြောင်း မြိတ်ခရိုင် တပ်ရင်း(၁)က အသိပေးသည်။

သတင်း

နှစ်ဘက်တိုက်ပွဲများကြောင့် ဆွာမြို့အနီးတစ်ဝိုက်ရှိ ကျေးရွာ(၅)ရွာမှ ပြည်သူအများအပြား နေအိမ်စွန့်ခွာ၍ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်း ရှောင်နေကြရကြောင်း စုံစမ်းသိရသည်။