Connect with us

Hi, what are you looking for?

News

တောင်ကြီးမြို့တွင် စစ်ကောင်စီတပ်ကို SSFFကဗုံးခွဲတိုက်ခိုက်

ရှမ်းပြည်ဖက်ဒရယ် တပ်ဦး SSFF သည် ယခင်တွင် ပြုလုပ်ခဲ့သည့် လှုပ်ရှားမှုများအား ကြေညာခြင်းမပြုခဲ့သော်လည်း စစ်ကောင်စီတပ်များသည် ဗုံးခွဲတိုက်ခိုက်ခံရမှုကြောင့် မဆိုင်သည့် ပြည်သူများအား ဖမ်းဆီးခြင်းများပြုလုပ်သောကြောင့် ယခုကဲ့သို့ ကြေညာခြင်းဖြစ်သည်ဟုလည်းပါရှိသည်။

တောင်ကြီးမြို့ ဩဂုတ် ၂၉ ရက်ညက ဗုံးပေါက်ကွဲမှုသည် ရှမ်းပြည်ဖက်ဒရယ် တပ်ဦး -SSFFက အဏာသိမ်းစစ်ကောင်စီတပ်အား တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း SSFF က ယနေ့ သတင်းထုတ်ပြန်သည်။

သြဂုတ် ၂၉ ရက်ညတွင် တောင်ကြီးမြို့ တန်ဆောင်တိုင်ကွင်းအရှေ့ဘက်ရှိ စစ်ကောင်စီတပ်ကို လက်လုပ်ဗုံးနှစ်လုံးဖြင့် ၁၀မိနစ်ခြားကာ ခြိမ်းခြောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ၊ SSFF အနေဖြင့် ရှေ့ဆက်လျှောက်တွင်လည်း ပြည်သူများ၏ ဘုံရန်သူဖြစ်သော မင်းအောင်လှိုင်ဦး ဆောင်သည့် အကြမ်းဖက်သမား စစ်ကောင်စီလက်အောက်ခံတပ်များကို ရှမ်းပြည်အနှံ့တွင်အဓိကထားပြီး ဆက်လက်တိုက်ခိုက်သွားမည်ဖြစ်သည်ဟုဖော်ပြထားသည်။

ရှမ်းပြည်ဖက်ဒရယ် တပ်ဦး SSFF သည် ယခင်တွင် ပြုလုပ်ခဲ့သည့် လှုပ်ရှားမှုများအား ကြေညာခြင်းမပြုခဲ့သော်လည်း စစ်ကောင်စီတပ်များသည် ဗုံးခွဲတိုက်ခိုက်ခံရမှုကြောင့် မဆိုင်သည့် ပြည်သူများအား ဖမ်းဆီးခြင်းများပြုလုပ်သောကြောင့် ယခုကဲ့သို့ ကြေညာခြင်းဖြစ်သည်ဟုလည်းပါရှိသည်။

စစ်ကောင်စီတပ်ကို ဗုံးဖြင့် ၂ လုံးခွဲကာတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထိခိုက်မှုရှိနိုင်သော်လည်း အရေအတွက်ကို မသိရကြောင်း ဒေသခံတစ်ဦးကပြောသည်။ ဗုံးကွဲပြီးနောက် စစ်ကောင်စီတပ်က တွေ့ရာ မြို့ခံလူငယ်လေးဦးကိုဖမ်းဆီးသွားကြောင်းလည်း ဒေသခံအချို့က ပြောသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

ဆောင်းပါး

နောက်ကျိနေတဲ့မြစ်ရေတွေမြို့ထဲကို အရှိန်ပြင်းပြင်း စီးဝင်လာလို့ လူတွေက ဘေးလွတ်ရာထွက်ပြေးနေကြပါတယ်။ မြို့‌ကောင်းကင်ယံမှာက ရဟတ်ယာဉ်နဲ့ Y12လေယာဉ်၊ ဂျက်ဖိုက်တာတချို့ တဝီဝီပျံသန်းနေပါတယ်။

Facebook