Connect with us

Hi, what are you looking for?

News

ကြာအင်းဆိပ်ကြီးမြို့နယ်ထဲ ဒီမနက် ပစ်ခတ်မှု​တွေဖြစ်​နေ

အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့တွေ ကေအဲန်ယူနယ်မြေထဲ ကျူးကျော်ဝင်ရောက်ပြီး စစ်ရေးလှုပ်ရှားမှုတွေလုပ်ဆောင်နေတာဖြစ်ပါတယ်။

ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ပိုင်ကလာဒုံကျေးရွာအနီးမှာ ဒီကနေ့မနက်ပိုင်းက ပစ်ခတ်မှုတွေဖြစ်ပွားနေပါတယ်။

အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့တွေ ကေအဲန်ယူနယ်မြေထဲ ကျူးကျော်ဝင်ရောက်ပြီး စစ်ရေးလှုပ်ရှားမှုတွေလုပ်ဆောင်နေတာဖြစ်ပါတယ်။

စစ်ကောင်စီတပ် တွေဟာ မနေ့ညပိုင်းက ကြိတ်ကျေးရွာကနေတစ်ဆင့် ပိုင်ကလာဒုံကျေးရွာဘက်ကို ဦးတည်ထွက်ခွာသွားခဲ့တာဖြစ်ပြီး ဒီကနေ့ မနက် ၇ နာရီအချိန်မှာတော့ ကြိတ်နဲ့ ပိုင်ကလာဒုံကြားက မိုက်ကလိန်ချောင်းမှာ နယ်မြေခံ KNLA တပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တာပါ။

“လက်နက်ကြီး လက်နက်ငယ်ပစ်ခတ်သံတွေရော ကြိတ်ကနေကြားရတယ်။ ကြိတ်နဲ့ ပိုင်ကလာဒုံဆို တစ်မိုင်လောက်ပဲဝေးတယ်” လို့ ဒေသခံတစ်ဦးကပြောပါတယ်။

Public Service Announcement

Public Service Announcement

ပိုင်ကလာဒုံမှာ သွားရောက်အခြေချနေထိုင်မယ့် အကြမ်းဖက်စစ်အုပ်စုတပ်ရဲ့ နယ်မြေကျူးကျော်ဝင်ရောက်လာမှုကို နယ်မြေခံ KNLA တပ်ကတော့ လုံးဝခွင့်ပြုသွားမှာ မဟုတ်ဘူးလို့ ​ပြောထားပါတယ်။

အကြမ်းဖက်စစ်အုပ်စုတွေ အခုလို ကေအဲန်ယူထိန်းချုပ်နယ်မြေထဲ ကျော်လွန်ရောက်ရှိလာတဲ့အတွက် နယ်မြေခံ KNLA တပ်နဲ့ နှစ်ဖက်ပစ်ခတ်မှုတွေ ပိုမိုဖြစ်ပွားလာနိုင်တာကြောင့် ဒေသခံတွေ ကြိုတင်တိမ်းရှောင်နေရပြီ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယား ပြည်နယ်မှာ အမုန်းတရားကို အခြေခံတယ်လို့ ယုံကြည်ရတဲ့ တိုက်ခိုက်မှုအတွင်း လူ ၃ ဦး သေဆုံးခဲ့ပါတယ်။

သတင်း

ချင်းပြည်နယ်၊ ဟားခါးမြို့နယ် အခြေစိုက် ချင်းဒေသကာကွယ်ရေးတပ်(CDF)-ဟားခါး တပ်ဖွဲ့တွင်း ဦးဆောင်သူအချင်းချင်း ပစ်ခတ်မှုမှာ အဖွဲ့ ဒုဥက္ကဋ္ဌဟောင်း ဆလိုင်းဆန်းလင်းကွယ်လွန်သွားခဲ့ပါတယ်။

နိုင်ငံတကာ

ပါကစ္စတန် နိုင်ငံမှာ အသေခံ ကားဗုံးခွဲမှုနဲ့ နောက်ဆက်တွဲ အကြမ်းဖက် တိုက်ခိုက်မှုတွေကြောင့် ရဲ ၁၅ ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။

သတင်း

ရှမ်းပြည်တောင်ပိုင်းနဲ့ ကရင်နီပြည်ဒေသအစပ် မိုးဗြဲဒေသမှာ တော်လှန်ရေးတပ်ဖွဲ့အချင်းချင်းပစ်ခတ်မှုဖြစ်ပွားခဲ့တဲ့ဖြစ်စဥ်ကို စုံစမ်းစစ် ဆေးရေးအဖွဲ့ ဖွဲ့စည်းလိုက်တယ်လို့ ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ(IEC) ကာကွယ်ရေးဝန်ကြီးဌာနနဲ့ ကရင်နီတပ်ပေါင်းစုံစစ်ဦးစီးအဖွဲ့က မေလ ၁ရက်မှာ ပူးတွဲထုတ်ပြန်ပါတယ်။