Connect with us

Hi, what are you looking for?

News

လုပ်ငန်းရှင်များ၏ပို့ကုန်ရ​ငွေ​ဒေါ်လာများကို ပြည်တွင်းဘဏ်များသို့ ​လေးလအတွင်း​ရောင်းချရမည်ဟု ဗဟိုဘဏ်ထုတ်ပြန်

လုပ်ငန်းရှင်များသည် ပို့ကုန်ရငွေများအနက် အသုံးမပြုဘဲ ကျန်ရှိသည့် ပို့ကုန်ရငွေ ဒေါ်လာများကို ဘဏ်များကသတ်မှတ်ထားသည့် ပေါက်ဈေးအတိုင်းရောင်းချရမည်ဟု စစ်ကောင်စီခန့်အပ်ထားသည့် ဗဟိုဘဏ်ဥက္ကဌက ထုတ်ပြန်ခြင်းဖြစ်သည်။

လုပ်ငန်းရှင်များ၏ ပို့ကုန်ရငွေ ဒေါ်လာများကို ပြည်တွင်းဘဏ်များသို့ လေးလအတွင်းမဖြစ်မနေ ပြန်လည်ရောင်း ချရမည်ဟု စစ်ကောင်စီထိန်းချုပ်ထားသည့် ဗဟိုဘဏ်က စက်တင်ဘာ ၃ ရက်စွဲဖြင့် ထုတ်ပြန်လိုက်သည်။

လုပ်ငန်းရှင်များသည် ပို့ကုန်ရငွေများအနက် အသုံးမပြုဘဲ ကျန်ရှိသည့် ပို့ကုန်ရငွေ ဒေါ်လာများကို ဘဏ်များကသတ်မှတ်ထားသည့် ပေါက်ဈေးအတိုင်းရောင်းချရမည်ဟု စစ်ကောင်စီခန့်အပ်ထားသည့် ဗဟိုဘဏ်ဥက္ကဌက ထုတ်ပြန်ခြင်းဖြစ်သည်။

ထိုသို့ရောင်းချရန် အကျိုးသက်ရောက်သည့်နေသည် ယခုစာထုတ်ပြန့်သည့် စက်တင်ဘာ ၃ ရက်ဖြစ်သည်ဟု ဆိုထားသည်။

စက်တင်ဘာ၄ ရက် ပြင်ပပေါက်ဈေးတွင် တစ်ဒေါ်လာ ၁,၈၅၀ ဈေးပေါက်နေချိန်တွင် ဘဏ်များက ၁,၇၂၂ ကျပ်သာဈေးဖွင့်ထားသည်။ ထိုကြောင့် ဘဏ်ပေါက်ဈေးဖြင့် ရောင်းချပါ တစ်ဒေါ်လာကို ကျပ် ၁၃၀ခန့်နစ်နာမည်ဖြစ်သည်။

Public Service Announcement

Public Service Announcement

နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမူ ဥပဒေအရ ပို့ကုန်လုပ်ငန်းရှင်များသည် ပို့ကုန်ရငွေများကို နိုင်ငံတော်အတွင်း သတ်မှတ်ကာလအတွင်း မပျက်မကွက် ပြန်လည်ထည့်သွင်းရမည်ဟုသော ပြဌာန်းချက်ကြောင့်ဟု စစ်ကောင်စီဗဟိုဘဏ်က အကြောင်းပြထားသည်။

“ဒီဟာက ပို့ကုန်လုပ်ငန်းတွေကို ရိုက်သတ်လိုက်တဲ့သဘောပါပဲ။ ကျပ်ငွေတန်ဖိုး အာမခံမရှိလို ဈေးကျနေတယ်ရယ်၊ ဘဏ်တွေက ငွေထုတ်လို့မရတာရယ်ကြောင့် ဘယ်သူမှ ထုတ်မရောင်းချင်ကြဘူး”ဟု စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ပြောသည်။

စစ်ကောင်စီဗဟိုဘဏ်က ဒေါ်လာဈေးနှုန်းကို ပုံမှန်ပေါက်ဈေးထက် အဆမတန်လျော့ချပြီး ဈေးဖွင့်ထားခြင်းကြောင့် ပြည်တွင်းဘဏ်များတွင် ဒေါ်လာရောင်းချသူမရှိပေ။ စစ်ကောင်စီထိန်းချုပ်ထားသည့် ဗဟိုဘဏ်က ဒေါ်လာဈေးကို ဘဏ်များနှင့်ငွေလဲကောင်များတွင် ဗဟိုဘဏ်က ဖွင့်လှစ်သည့် ဈေးနှုန်းထက် ၀ ဒဿမ ၈ ရာခိုင်နှုန်းသာ ဈေးတင့်ရောင်းချခွင့်ပြုထားသည်။

စက်တင်ဘာ ၃ ရက်တွင် ဗဟိုဘဏ်က တစ်ဒေါ်လာကို ၁,၇၀၈ကျပ်ဈေးဖွင့်ခဲ့ပြီး ဘဏ်များနှင့်ငွေလဲကောင်တာများက အမြင့်ဆုံး ၁,၇၂၁ ကျပ်ထိဈေးဖွင့်ခွင့်ရခဲ့သည်။ထိုနေ့တွင် ပြင်ပပေါက်ဈေးတွင် တစ်ဒေါ်လာကို ၁,၈၃၀ ကျပ်ပေါက်ဈေးရှိခဲ့သည်။

“ဗဟိုဘဏ်မှာ ဒေါ်လာမရှိတော့လို့ အခုလို လုပ်ငန်းရှင်တွေကို တင်းကြပ်လိုက်တာပဲ။ ဒေါ်လာနဲ့ပတ်သတ်ပြီး ရှေ့ဆက် ပိုတင်းကြပ်လာတော့မယ်”ဟု ကမာရွတ်မြို့နယ်မှ ငွေလုပ်ငန်းရှင်တစ်ဦးက ပြောသည်။

စစ်ကောင်စီထိန်းချုပ်ထားသည့် ဗဟိုဘဏ်က စစ်တပ်အာဏာသိမ်းခဲ့သည့် ၇ လအတွင်း အမေရိကန်ဒေါ်လာ သန်း ၁၃၀ကို ထုတ်ရောင်းခဲ့သည်ဟု ထုတ်ပြန်ထား သည်။ သို့သော်လည်း ထိုငွေများသည် ဈေးကွက်အတွင်းရောက်မလာဟု ငွေလဲလုပ်ငန်းရှင်များကဆိုသည်။

စစ်တပ်အာဏာမသိမ်းခင်က ဇန်နဝါရီလကုန်ပိုင်းတွင် အမေရိကန်တစ်ဒေါ်လာကို ၁,၃၃၇ကျပ်ပေါက်ဈေးရှိခဲ့ပြီး စစ်တပ်အာဏာသိမ်းခဲ့သည့် ၇လအတွင်း တစ်ဒေါ်လာကို ကျပ် ၅၀၀ နီးပါးမြင့်တက်ခဲ့ခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

လွှတ်တော်ဆီက ခွင့်ပြုချက်ရရင် အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ပုံ ရိုက်နှိပ်ထားတဲ့ ဒေါ်လာ ၂၅၀ တန် ငွေစက္ကူ အသစ်တွေ ထုတ်ဝေလာနိုင်ကြောင်း ဘဏ္ဍာရေး ဝန်ကြီးဌာနက ပြောပါတယ်။

သတင်း

ခရိုနီ ဦးတေဇနဲ့ သားဖြစ်သူကို နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေပါ သတ်မှတ်ချက်တွေ မလိုက်နာဘဲ ပို့ကုန်ရငွေတွေ အပြည့်အဝပြန်မသွင်းတာကြောင့်ဆိုပြီး စစ်ကောင်စီရဲ့ ဗဟိုဘဏ်က အမည်ပျက်စာရင်း (Black List) သွင်းလိုက်ပါတယ်။

သတင်း

ပြည်တွင်းမှာ ဒေါ်လာစျေးနဲ့ အတူ နိုင်ငံခြားငွေလဲနှုန်းတွေပါ တပြိုင်တည်း ဈေးတက်နေတယ်လို့ ငွေကြေးစျေးကွက်ကတဆင့် သိရပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့မှာ လုပ်ငန်းရှင်တွေကို ရွှေဘိုပကဖအမည်သုံးပြီး ခြိမ်းခြောက်ငွေလိမ်တောင်းတာတွေ ဖြစ်ပွားနေကြောင်း သတင်းရရှိပါတယ်။